ဂျပန်နှင့်တင်းမာမှုရှိနေချိန်တွင် တရုတ်စစ်တပ်က ပစိဖိတ်သမုဒ္ဒရာသို့ စစ်သင်္ဘာများ စေလွှတ်
ဂျန်ဇက် (NSS) - ဧပြီ ၂ဝ
တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့်တင်းမာမှုများရှိနေချိန်တွင် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ရန် စစ်သင်္ဘာများ ဖြန့်ကြတ်ချထားလိုက်ကြောင်း သိရသည်။
ဂျပန်ရေတပ်၏ Murasame အတန်းအစား ဘက်စုံသုံး ဖျက်သင်္ဘောကြီး JS Ikazuchi (DD107) သည် တရုတ်တိုင်ပေ ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။
တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဂျပန်စစ်သဘော်သည် တရုတ်တိုင်ပေရေလက်ကြားကို (၁၄) နာရီနီးပါးကြာမြင့်သည့် ဖြတ်သန်းသွားလာခဲ့ပြီး တမင်ရည်ရွယ်ပြီး ရန်စသည့်လုပ်ရပ်" ဖြစ်သလို "တရုတ်ပြည်သူများ၏ ခံစားချက်ကို ထိခိုက်စေကြောင်း" ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ (၁၇) ရက်တွင် နံနက် (၄) နာရီ (၂) မိနစ်မှ ညနေ (၅) နာရီ (၅၀) မိနစ်အထိ ဂျပန်ဖျက်သင်္ဘော JS Ikazuchi သည် တရုတ်တိုင်ပေရေလက်ကြားကို မြောက်မှတောင်သို့ အချိန်ဆွဲကာ ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။
တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Zhang Xiaogang က ဂျပန်၏ လုပ်ရပ်သည် တရုတ်တိုင်ပေခွဲထွက်ရေး အင်အားစုများဆီသို့ မှားယွင်းသော သတင်းစကားပါးလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းဝေဖန်လိုက်သည်။
ဂျပန်နိုင်ငံ၏ ဖျက်သဘော်များ တရုတ်တိုင်ပေရေလက်ကြားကို ဖြတ်သန်းခဲ့ပြီးနောက် တရုတ်စစ်တပ်ကလည်း Type 052D အမျိုးအစား ဖျက်သဘော်ဦးဆောင်သည့် စစ်သဘော်များကို ပစိဖိသမုဒ္ဒရာ အနောက်ပိုင်းသို့ စေလွှတ်ကာ စစ်ရေးလေ့ကျင့်ရန် ပြင်ဆင်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှ ယူ-၁၇ အမျိုးသမီး ပြိုင်ပွဲအတွက်တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာယူ-၁၇ မျိုးသမီးအသင်း ဖိလစ်ပိုင်အသင်းနှင့် ခြေစမ်းပွဲ ကစားမည်
RELATED POSTS
14 Aug 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Aug 2026 | နိုင်ငံရေး,ပြည်တွင်း
