စက်ချို့ယွင်းမှု ပြုပြင်ပြီးသဖြင့် ပတ်စ်ပို့စာအုပ်များ ပုံမှန် ဆောင်ရွက်ပေးနေကြောင်း ဂျပန်ဆိုင်ရာ မြန်မာသံရုံးအသိပေး
Pearl (NSS) - ဧပြီ ၂၀
မြန်မာသံရုံး၊ တိုကျိုမြို့၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျက်ရှိသည့် စက် ချို့ယွင်းမှုအား ပြန်လည်ပြုပြင်ပြီးဖြစ်ပါသဖြင့် ပတ်စ်ပို့စာအုပ်ထုတ်ပေးသည့်လုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဂျပန်ဆိုင်ရာ မြန်မာသံရုံးအသိပေး က အသိပေးထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးလျှောက်ထားမှုများအတွက် ဆောင်ရွက်ပေးလျက်ရှိသော မြန်မာသံရုံး၏ နိုင်ငံကူး လက်မှတ်စာအုပ်ထုတ်ပေးသည့် စက်တွင် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်၍ ပြင်ဆင်ခဲ့ရာ ယခုအခါ အဆိုပါစက်မှာ ပြန်လည်ကောင်းမွန်ပြီး နိုင်ငံကူးလက်မှတ် စာအုပ်များ ထုတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
စက်ချို့ယွင်းစဉ်ကာလအတွင်း ထုတ်ပေးရန်ကျန်ရှိသည့် ပတ်စ်ပို့စာအုပ်များအား မြန်မာသံရုံးဝန်ထမ်းများအနေဖြင့် မြန်မာသင်္ကြန်ရုံးပိတ်ရက်များ အတွင်း နားရက်မယူဘဲ လုပ်ငန်းများဆောင်ရွက် မှုများကြောင့် ထုတ်ပေးရန်ကျန်ရှိသည့် ပတ်စ်ပို့ စာအုပ်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ မြန်မာသံရုံးသို့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးရန် လူကိုယ်တိုင်လာရောက် ဆောင်ရွက်ထားသူများ အနေဖြင့် ဧပြီလ ၂၁ ရက် (အင်္ဂါနေ့) နေ့လယ် (၁း၀၀)နာရီမှ (၂း၃၀)နာရီ အတွင်းလည်းကောင်း၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ထိ လာရောက်လျှောက်ထားခဲ့သူများ ၏ နိုင်ငံကူးလက်မှတ်များအား ၂၂-၄-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် (၁း၀၀) နာရီမှ (၂း၃၀)နာရီ အတွင်းလည်းကောင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဧပြီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့ထိ လာရောက်လျှောက်ထားခဲ့သူများ ၏ နိုင်ငံကူးလက်မှတ်များအား ဧပြီလ ၂၃ ရက် (ကြာသပတေးနေ့) နေ့လယ် (၁း၀၀)နာရီမှ (၂း၃၀)နာရီ အတွင်းလည်းကောင်းထုတ်ပေးမည်ဖြစ်ရာ သတ်မှတ်ရက်အလိုက် ပတ်စ်ပို့စာအုပ်များ လာရောက်ထုတ်ယူသည့်အခါ လက်ခံ ရရှိထားသည့်ပြေစာ (မူရင်း)နှင့်အတူ နိုင်ငံကူးလက်မှတ်များ လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂၇ ရက်နေ့မှစတင်၍ လာရောက်လျှောက်ထားသူများအား မူလသတ်မှတ်ထား သည့်အတိုင်း အလုပ်လုပ်ရက် (၃) ရက်ယူ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား (အပြန်လမ်း)ကို လာမည့် ဇွန်လတွင် အသုံးပြုနိုင်မည်
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
