Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟွိုင်အန်းမြို့အကြောင်း

Pika (NSS) - ဖေဖော်ဝါရီ ၁၄ 

ဟွိုင်အန်းမြို့သည် ဗီယက်နမ်ပြည်နယ် အလယ်ပိုင်းရှိ ကွမ်နန်ပြည်နယ်၏ မြို့ဟောင်း တစ်ခု ဖြစ်ပြီး မီးပုံးထွန်းထားသောလမ်းများ၊ အဝါရောင်အဆောက်အအုံများနှင့် အပ်ချုပ်ဆိုင်များကြောင့် ထင်ရှားကျော်ကြားသော ဟွိုင်အန်းရှေး ဟောင်းမြို့ကို (၁၉၉၉)ခုနှစ်မှစတင်ကာ ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြောင်းသိရသည်။ ဟွိုင်အန်းမြို့သည် (၁၅)ရာစုမှ (၁၉)ရာစု အထိ အရှေ့တောင်အာရှတွင်ထွန်းကားခဲ့သော ကုန်သွယ်ရေးဆိပ်ကမ်းနေ ရာတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဗီယက်နမ်၏  (၂၀၂၅)ခုနှစ် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများမတိုင်မီအချိန်အထိ ဟွိုင်အန်း မြို့သည် ကွမ်နန်ပြည်နယ်၏ အဆင့်(၃) ပြည်နယ်မြို့တော်ဖြစ်ခဲ့ကာ ဗီယက်နမ်၏ တိုက်ရိုက်ထိန်းချုပ် ထားသော မြူနီစီပယ်ဖြစ်သည့် ဒါနန်မြို့နှင့်ပေါင်းစည်းခဲ့ကြောင်း သိရသည်။ ထို့ပြင် (၂၀၂၃)ခုနှစ်တွင် ဟွိုင်အန်းမြို့ကို ယူနက်စကို၏ဖန်တီးမှုမြို့များကွန်ရက်ထဲတွင် ထည့်သွင်းခဲ့ကြောင်းသိရသည်။ ဟွိုင် အန်းမြို့၏ အဆောက်အအုံများနှင့်လမ်းပုံစံသည် ဌာနေ ဗီယက်နမ်နှင့် နိုင်ငံခြားလွှမ်းမိုးမှုများ ရောနှော နေသည်ကိုထင်ဟပ်စေပြီး မြို့အတွင်းရှိ ထင်ရှားသောနေရာတစ်ခုမှာ (၁၆)ရာစုနှင့် (၁၇)ရာစုအတွင်း တည်ဆောက်ခဲ့သော ဂျပန်တံတားဖြစ်ကြောင်းလည်းသိရသည်။


အမွေအနှစ်နှင့် ခရီးသွားလုပ်ငန်း

ဟွိုင်အန်းမြို့သည် (၁၅)ရာစုမှ(၁၉) ရာစုအတွင်း အရှေ့တောင်အာရှတွင်ထွန်းကားခဲ့သော ကောင်းမွန်စွာထိန်းသိမ်းထားသည့် ကုန် သွယ်ရေးဆိပ်ကမ်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒေသတွင်း နှင့်ပြည်ပလွှမ်းမိုးမှုများ ရောနှောပါဝင်သည့် အဆောက်အအုံများရှိကြောင်းလည်းသိရသည်။ (၂၀ဝ၈) ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ယူနက်စကို၏ ဟွိုင်အန်းမြို့အပေါ်သက်ရောက်မှု အစီရင်ခံစာအရ ခရီးသွား လုပ်ငန်းမှအမွေအနှစ်များကို ကာကွယ်ရန် အာဏာပိုင်များအတွက် စိန်ခေါ်မှုများ ရှိလာခဲ့ကြောင်းသိရ သည်။

ဟွိုင်အန်းမြို့သို့လာရောက်လည်ပတ်သော ခရီးသွားအရေအတွက်များပြားလာမှုနှင့် အတူ ခရီး သွားဧည့်သည်များသည် ရှေးဟောင်းရပ်ကွက်များကို လည်ပတ်ခြင်းတင်မဟုတ်ဘဲ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ကနူးလှေ သို့မဟုတ် မော်တော်ဘုတ်များဖြင့် စူးစမ်းလေ့လာခြင်းတို့ကဲ့သို့သောလှုပ်ရှားမှုများ လည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ သူဘွန်မြစ်သည် စတင်ရှာဖွေတွေ့ရှိပြီးနောက် နှစ်ပေါင်း (၅၀ဝ) ကျော်အကြာအထိ ဟွိုင်အန်းမြို့၏ အစားအစာထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်နေသည့်ပုံစံ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်းသိရသည်။

(၁၅)ရာစုနှောင်းပိုင်း သို့မဟုတ် (၁၆)ရာစုအစောပိုင်းက သင်္ဘောပျက်တစ်ခုဖြစ်သော ဟွိုင်အန်း သင်္ဘောပျက်ကို (၁၉၉၀)ပြည့်နှစ်တွင် မြို့၏ကမ်းလွန် ချန်းကျွန်းစုများအနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (၁၉၉၆)ခုနှစ်မှာ (၁၉၉၉)ခုနှစ်ကြားတွင် ဗီယက်နမ် အမျိုးသား ဆယ်ယူရေးကော်ပိုရေးရှင်း နှင့် အောက်စဖို့ဒ်တက္ကသိုလ်၏ ရေကြောင်း ရှေးဟောင်းသုတေသနဌာနခွဲအပါအဝင် တူးဖော်ရေး အဖွဲ့ များက ရှေးဟောင်းပစ္စည်းသုံးသိန်းနီးပါးကို အဆိုပါသင်္ဘောပျက်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရ သည်။

ဟွိုင်အန်းမြို့၏ နောက်ထပ်ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုမှာ လပြည့်နေ့တိုင်းကျင်းပသည့် ဟွိုင်အန်းမီးအိမ်လပြည့်နေ့ပွဲတော်ဖြစ်ပြီး ဘိုးဘွားများကို ဂုဏ်ပြုသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ အဆိုပါ ပွဲတော်တွင် လူများက ကြွယ်ဝချမ်းသာမှုနှင့် ကံကောင်းခြင်းတို့အတွက် ပန်းများ၊ မီးအိမ်များ၊ ဖယောင်းတိုင်များနှင့် သစ်သီးများကို လဲလှယ်ခြင်းများပြုလုပ်ကြကြောင်းသိရသည်။

ထို့ပြင် ဟွိုင်အန်းမြို့၏ Impression Theme ပန်းခြံတွင်ကျင်းပသည့် ဟွိုင်အန်းမြို့အမှတ်တရ ပြပွဲသည် မြို့၏နှစ်ပေါင်း(၄၀ဝ)ကျော်သမိုင်းကြောင်းကိုပြသသည့် ကြီးမားသောပြဇာတ်ဖျော်ဖြေမှု တစ် ခုလည်းဖြစ်သည်။ အဆိုပါပွဲတော်အတွင်း လူပေါင်း(၅၀ဝ)ကျော်သည် စတုရန်းမီတာ (၂၅၀ဝဝ) ကျယ် ဝန်းသောစင်မြင့်ပေါ်တွင် ကျေးလက်ရွာလေးတစ်ရွာမှ အရှေ့တောင်အာရှ၏ အဓိက ကုန်သွယ်ရေး ဆိပ် ကမ်းတစ်ခုအဖြစ် ဟွိုင်အန်းမြို့က အသွင်ပြောင်းလဲလာပုံကို သရုပ်ဖော်ကပြကြကြောင်းသိရသည်။

(၂၀၁၉)ခုနှစ်တွင် ဟွိုင်အန်းမြို့သည် ဗီယက်နမ်၏ အဓိကယဉ်ကျေးမှုအခြေခံခရီးသွားဒေသများ ထဲမှတစ်ခုအဖြစ် စာရင်းသွင်းခံခဲ့ရပြီး ခရီးသွားလုပ်ငန်းကြီးထွားလာမှုသည် မြို့၏ ရေရှည်တည်တံ့ခိုင် မြဲမှုကို ခြိမ်းခြောက်နေကြောင်းသိရသည်။ အတိတ်ကာလများအတွင်း ကြီးထွားလာခဲ့သော ခရီးသွား လုပ်ငန်းကြောင့် ချန်ကျွန်းစု-ဟွိုင်အန်း ရေကြောင်းဆိုင်ရာကာကွယ်ထားသောဧရိယာ၏ ဂေဟ စနစ်ကို ထိခိုက်ပျက်စီးစေခဲ့ကြောင်းလည်းသိရသည်။


ဗိသုကာလက်ရာ အထင်ကရနေရာများ

ဟွိုင်အန်းမြို့တွင် ကိုလိုနီခေတ်အတွင်းရှိ အဆောက်အအုံများစွာရှိသော်လည်း မြို့သည် ၎င်း၏ သမိုင်းဝင် တိုးတက်မှုနှင့်ကျဆင်းမှုကို ထင်ဟပ်စေသည့်အထင်ကရနေရာများကိုထိန်းသိမ်းထားကြောင်း သိရသည်။ (၁၆)ရာစုမှ(၁၈)ရာစုအစောပိုင်းအထိ ဟွိုင်အန်းမြို့တွင်းရှိ အဆောက်အအုံအများစုကို ဆိပ် ကမ်းများ၊ ရေတွင်းများ၊ တံတားများ၊ ဂူဗိမာန်များ၊ ဘုရားကျောင်းများနှင့် ဈေးဆိုင်တို့ကဲ့သို့သော လက် တွေ့ကျသည့်ရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့သည်။ (၁၈)ရာစုမှစတင်ကာ ဆိပ်ကမ်းလုပ်ငန်းများ ကျဆင်းလာသည်နှင့်အမျှ ကွန်ဖြူးရှပ်ဘုရားကျောင်းများ၊ ယဉ်ကျေးမှုနေရာများ၊ ရိုးရာနေအိမ်များနှင့် ဘုရားကျောင်းများသည် ပိုမိုထင်ရှားလာခဲ့ကြောင်းလည်းသိရသည်။ (၂၀ဝဝ)ပြည့်နှစ် ဒီဇင်ဘာလအထိ ဟွိုင်အန်းမြို့၏ ကမ္ဘာအမွေအနှစ်နေရာတွင် ရှေးဟောင်းပစ္စည်းစုစုပေါင်း(၁၃၆၀)ခုပါဝင်ခဲ့ပြီး ရှေး ဟောင်းရိုးရာအိမ်(၁၀၆၈)လုံး၊ ရေတွင်း(၁၁)လုံး၊ ဝတ်ပြုရာနေရာ(၃၈)ခု၊ စေတီ(၁၉)ခု၊ ဘုရားကျောင်း (၄၃)ခု၊ အထူးဂူဗိမာန်(၄၄)ခုနှင့် တံတား တစ်စင်းတို့ဖြစ်ကာ အများစုမှာ ဟွိုင်အန်း ရှေး ဟောင်းမြို့တွင်း တွင် တည်ရှိကြောင်းသိရသည်။


ဟွိုင်အန်းရှေးဟောင်းမြို့ 

ဟွိုင်အန်းမြို့ မင်အန်းရပ်ကွက်တွင်တည်ရှိသော ရှေးဟောင်းမြို့သည် စစ်တုရင်ခုံပုံစံကဲ့သို့ တိုတို နှင့်ကွေ့ကောက်သောလမ်းများဖြင့် ဖွဲ့စည်းထားကာ (၂)စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းကြောင်း သိရ သည်။ ရှေးဟောင်းမြို့၏ မြစ်ကမ်းနံဘေးတွင် Bạch Đằng လမ်းရှိပြီး Ngu­yễn Thái Học နှင့် Trần Phú လမ်းများသည် ဂျပန်တံတားမှတစ်ဆင့် Nguyễn Thị Minh Khai  လမ်းနှင့်ဆက်သွယ်ထားသည်။ ရှေး ဟောင်းမြို့၏ မြေမျက်နှာသွင်ပြင်သည် မြောက်မှတောင်သို့ အနည်းငယ်တိမ်းစောင်းနေပြီး Nguyễn Huệ? Lê Lợi?  Hoàng Văn Thụ နှင့်  Trần Quý Cáp ကဲ့သို့သောလမ်းများသည် ကုန်းတွင်းပိုင်းသို့ အနည်းငယ်စောင်းနေကြောင်းသိရသည်။ 

Trần Phú လမ်းတွင် တရုတ်လူထုခန်းမ (၅)ခုအပါအဝင် ဗိသုကာလက်ရာများစွာရှိကြောင်း သိရသည်။  Trần Phú နှင့် Nguyễn Huệ လမ်းထောင့်တွင် Minh Hương ဗိသုကာလက်ရာ၏ ထင်ရှား သော အမှတ်အသားတစ်ခုဖြစ်သည့် Quan Công ဘုရားကျောင်းလည်းရှိသည်။အနီး အနားတွင် ဟွိုင် အန်းသမိုင်းနှင့်ယဉ်ကျေးမှုပြတိုက်လည်းရှိပြီး  Sa Huỳnh ယဉ်ကျေးမှုပြတိုက်၊ ကုန်သွယ်ရေး ကြွေထည် ပြတိုက်တို့နှင့် ချိတ်ဆက်မှုများလုပ်ဆောင်ထားကြောင်းသိရသည်။ ဂျပန်တံတား အလွန်ရှိ Nguyễn Thị Minh Khai လမ်းတွင် အနီရောင်အုတ်ဘေးလမ်းများပါရှိသော ရိုးရာနေအိမ်များရှိပြီး Nguyễn Thái Học လမ်း၏အနောက်ဘက်ခြမ်းတွင် ပြင်သစ်ပုံစံမျက်နှာစာများ ရှိကာ အရှေ့ဘက်ခြမ်းတွင် နှစ်ထပ်အိမ်ကြီး များပါရှိသော စည်းကားသည့်ဈေးဝယ်စင်တာတစ်ခုပါရှိကြောင်းသိရသည်။ ဟွိုင်အန်းရှေးဟောင်းမြို့ အ ရှေ့ဘက်ရှိ ပြင်သစ်ရပ်ကွက်တွင် Phan Bội Châu လမ်းရှိ တစ်ထပ်တိုက်ဥရောပပုံစံနေအိမ်များ ပါဝင် ပြီး တစ်ချိန်က ကိုလိုနီအစိုးရဝန်ထမ်းများ နေထိုင်ရာ အဆောင်များအဖြစ်အသုံးပြုခဲ့ကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခု ရွေးကောက်ပွဲသည် ယခင် ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိ

RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved