စစ်ကိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများထက်ဝက်ခန့်ဈေးကျနေ
ပြည့်ဖြိုး(NSS) အောက်တိုဘာ ၁၇
စစ်ကိုင်းမြို့၏လက်ရှိအိမ်ခြံမြေဈေးနှုန်းသည်၊ ၂ နှစ်အတွင်း အကျဘက်ရောက်သွားပြီး၊ လတ်တလော ပေါက်ဈေးအရ ဝယ်လက်များအတွက်ဈေးအတန်ဆုံးအနေအထားသို့ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ အကျဘက်ရောက်သွားခြင်းဖြစ်ပြီး၊ ၂ နှစ်အတွင်း ထက်၀က်နီးပါးဈေးကျသွားသည့် မြေကွက်များပင်ရှိကြောင်း ၎င်းတို့ကဆိုသည်။
“စစ်ကိုင်းကအိမ်တွေဝိုင်းတွေဝယ်ချင်ရင် ဒီအချိန်လာဝယ်၊ ဈေးအတန်ဆုံးပဲ၊ မြို့ထဲစိတ်ချရတဲ့ ရပ်ကွက်တွေမှာတောင် သိန်းငါးရာဝန်းကျင်လောက်နဲ့ဝယ်လို့ရတယ်၊ ပေအကျယ်လည်းများများရတယ်၊ မင်းကွန်းဘက်က အိမ်ဝိုင်းတွေဆိုရင် မနှစ်ကထက်ကိုတစ်ဝက်လောက်ဈေးကျသွားတာ” ဟု စစ်ကိုင်းဒေသခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
ယခင်နှစ်ကအထိ၊ ကျပ်သိန်းတစ်ထောင်ကျော်တန်ကြေးရှိသည့် အလျား ပေ ၂၀ အနံ ပေ ၆၀ ပေါ်ရှိ တစ်ထပ်တိုက်ခံအိမ်အပါအိမ်ခြံမြေဈေးနှုန်းသည်၊ လက်ရှိတွင် ကျပ်သိန်းငါးရာကျော်ဖြင့်သာအရောင်းအဝယ်ဖြစ်ကြောင်း၊ အထူးသဖြင့်၊ တိုက်ပွဲများနှင့်နီးကပ်သည့်ဒေသများတွင် ဈေးထက်ဝက်မကကျဆင်းနေကြောင်း သိရ သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲအပြီးနောက်ပိုင်း၊ မန္တလေးမြို့တစ်ဘက်ကမ်းရှိစစ်ကိုင်းမြို့တွင်၊ ဒေသတွင်းတိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုဖြစ်နေပြီး၊ ခရီးသွားဝင်ရောက်မှုထက်ဝက်မက လျော့ကျသွားကြောင်း ခရီးသွားသတင်းများအရသိရသည်။
လက်ရှိတွင်လည်း၊ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးဒဏ်ကြောင့်၊ မြို့ပေါ်နေရာအနှံ့အပြားက တိုက်တာနေအိမ်အဆောက်အဦ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးမှုတို့ဖြစ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါက်တာအောင်မျိုးပြောတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ မှတ်ပုံတင်ရခြင်း ရည်ရွယ်ချက်
RELATED POSTS
14 Aug 2026 | စီးပွားရေး,ပြည်တွင်း
13 Aug 2026 | စီးပွားရေး,ပြည်တွင်း
13 Aug 2026 | စီးပွားရေး,ပြည်တွင်း
