ကားနှင့် ဆိုင်ကယ်တိုက်မိပြီးနောက် ဆိုင်ကယ်မောင်းသူ ပျောက်နေ၍ လိုက်ရှာရာ လူပြတ်သော နေရာတွင် စွန့်ပစ်ခံထားရကြောင်း တွေ့ရှိ
သက်ပိုင် (NSS) - အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး မောင်းပြေးသော ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာတွင် ဆိုင်ကယ်မောင်းနှင်သူ မတွေ့သောကြောင့် လိုက်ရှာရာ ကားတွင် ညပ်ပါ သွားပြီးနောက် စွန့်ပစ်ခဲ့ထားရသည်ကိုတွေ့ရကြောင်း နန်းတော်ရှေ့ နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက NP News သို့ ပြောသည်။
အောက်တိုဘာလ (၁၆) ရက်၊ ညနေ(၆)နာရီ (၄၅)မိနစ်ခန့်က ပုသိမ်ကြီးမြို့နယ်၊ (၁၉)လမ်း၊ ပုသိမ်ကြီးဆိုင်းဘုတ် အနီးလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်နေသောဆိုင်ကယ်ကို အဖြူရောင်အိမ်စီးကားတစ်စီးက အနောက်မှ ဝင်တိုက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။
“မြင်လိုက်တဲ့သူတွေပြောတာကတော့ ကောင်မလေးကို တိုက်ပြီး ကားကမောင်းပြေးသွားတာ။ တစ်ပြလောက်ရောက်မှ ကားအောက်မှာ လူညပ်ပါလာမှန်းသိလို့ ဆင်းကြည့်ပြီး လူကိုထုတ်တယ်ပြောတယ်။ လူကို ကားနောက်ဖုံးထဲကိုထည့် ပြီး ကံကောက်အထည်ချုပ်စက်ရုံနားမှာ သွားပစ်ထားတာ။ အတိုက်ခံရတဲ့ အနားမှာ လူကိုမတွေ့တော့ ကျွန်တော်တို့ ဆလိုက်မီးတွေနဲ့ ထိုးပြီးလိုက်ရှာကြတာ။ကျန်နေတဲ့သွေးကွက်တွေကို ကြည့်ပြီးတော့မှ နောက်ဆုံးလူကိုရှာတွေ့တာ။ ကားအောက်မှာညပ်ပြီးပါသွားတော့ အိတ်ဇောလောင်ထား တဲ့ဒဏ်ရာတွေ၊လက်မှာဆိုလည်း တော်တော်စုတ်သွားတဲ့ဒဏ်ရာတွေ၊နဖူးလည်းတော်တော်ဆိုးဆိုး ကွဲနေတဲ့ ဒဏ်ရာတွေနဲ့ တွေ့ခဲ့တာပါ ” ဟု ၎င်းက ဆိုသည်။
အဆိုပါအမျိုးသမီးကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင်အနီရောင်အဆင့်ဦးခေါင်းဓါတ်မှန်ရိုက် ကာဆေးဝါးကုသမှု ပြုလုပ်ခဲ့သော်လည်း ယနေ့(အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းတွင် ဆုံးပါးသွားပြီဟု ကြားသိရကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူကဆိုပြီး လူနာ၏ အခြေအနေကို ထပ်မံ အတည်ပြုနေဆဲ ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးမြေများ တိုးချဲ့ခြင်းထက် ရှိပြီးသားမြေများပေါ်၌ သီးနှံအထွက်နှုန်း တိုးတက်စေရန် ဆောင်ရွက်သွားရန် တိုက်တွန်း
RELATED POSTS
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
