တောင်ကိုရီးယား သရုပ်ဆောင် A(အမည်လွှဲ) ဆေးမှုနဲ့ ဖမ်းဆီးခံရ
ရောင်နီ (NSS) - အောက်တိုဘာ ၁၇
မူးယစ်ဆေးသုံးစွဲမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ တောင်ကိုရီးယား သရုပ်ဆောင် A (အမည်လွှဲ) ဟာ ထောင်မှ လွတ်လာပြီးနောက်မှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရဲတပ်ဖွဲ့ဝင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထပ်မံ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အင်ချွန်းခရိုင် မှုခင်းဌာနခွဲ ၇ မှ တရားသူကြီး မွန်းဂျုံချုလ်က အသက် ၃၂ နှစ်အရွယ် သူမဟာ ပထမအကြိမ် ထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်လာချိန်မှာလည်း မူးယစ်ဆေးဝါး ဆက်လက်ဝယ်ယူသုံးစွဲနေခဲ့ပြီး မတ်လ ၂ ရက်မှ မေလ ၂၂ ရက်အတွင်း ကီတာမင် ၂၀ ဂရမ် ခြောက်ကြိမ် (အမေရိကန်ဒေါ်လာ ၇၀၀၀ ခန့်) သုံးစွဲမှုနဲ့ တရားစွဲဆိုခဲ့ တယ်လို့ ဆိုပါတယ်။ ယခင်က မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့လက်ဝယ်တွေ့ရှိမှုအတွက် ဒဏ်ငွေ ကျပ် ၅ သန်း (အမေရိကန်ဒေါ်လာ ၃၅၃၀ ခန့်) ပေးဆောင်ခဲ့ဖူးပေမယ့် ယခုလည်း အလားတူပြစ်မှု ထပ်မံကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် A ဟာ ဧပြီလ ၂၂ ရက်ကလည်း ရဲအရာရှိ B(အမည်လွှဲ) ကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ စွဲချက်တင် ခံခဲ့ရပြီး ဖမ်းဝရမ်းထုတ်ခဲ့ရဖူးပါတယ်။ အဆိုပါ သရုပ်ဆောင်မင်းသမီးရဲ့နာမည်ကိုတော့ လျို့ဝှက်ထား တာကြောင့် ဘယ်သူဘယ်ဝါမှန်း မသိရသေးပါဘူး။ အင်ချွန်းခရိုင် တရားရုံးက အဆိုပါ သရုပ်ဆောင် မင်းသမီး A ကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေ ဖောက်ဖျက်မှု၊ ရုံးတာဝန်တွေကို နှောင့်ယှက်မှုနဲ့ အောက်တိုဘာလ ၁၆ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
T-ara အဖွဲ့ဝင် ဟန်အွန်းဂျွန်နဲ့ ရုပ်ရှင်ဒါရိုက်တာ ကင်ဗြောင်ဝူး လက်ထပ်တော့မှာဖြစ်ကြောင်း ကြေညာ
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
