Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊သံမဏိများ၏ အရည်အသွေးကို နည်းပညာဖြင့် စိစစ်ကြပ်မတ်သင့်

စော (NSS) - အောက်တိုဘာ ၁၇

ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုမည့် သံ၊သံမဏိများ၏ အရည်အသွေးကို နည်းပညာဖြင့် စိစစ်ကြပ်မတ်ရန် လိုအပ်နေကြောင်း ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။ 

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၂ ဒသမ ၅) သန်း မှ  (၃) သန်းခန့်ရှိပြီး ပြည်တွင်း၌ ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့်သာရှိ၍ လိုအပ်ချက်အများစုကို ပြည်ပမှ တင်သွင်းနေရကြောင်း သိရသည်။ 

“ပြည်ပက သွင်းတဲ့နေရာမှာလဲ ဒီနေ့အထိမှာ သံသွင်းတဲ့လူတွေက အမျိုးစုံလူလည်ကြပြီး သွင်းတာရှိတယ်။ HRB 400 တို့ပေါ့။ HRB 400ဆိုတာ ဘယ်လိုမှ စံချိန်မမီတဲ့ သံထဲမှာပါတယ်။ ဒါပေမဲ့ တစ်ထပ်အိမ်လောက်တော့ ဆောက်လို့ရတာပေါ့နော်။ တရုတ်ကသွင်းတဲ့သံ  HRB 400 ဆိုတိုင်းလဲ ယုံလို့ရတာ မဟုတ်ဘူးပေါ့နော်။ ရန်ကုန် မှာဆိုရင် တရုတ်ကသွင်းတဲ့ဟာနဲ့ ပုံစံတူကို မိုတွေနဲ့လောင်းနေတာရှိတယ်။ ရှိတော့ တစ်ချို့ဟာတွေက ရောရောင်းနေကြတာပေါ့။ တကယ်တော့ သံတွေကတကယ်  သေချာစိစစ်ဖို့လိုနေပြီ။ တကယ်တမ်း သုံးလို့ရတာ သည် HRB 500 သံက အထက်မြင့်ဆောက်တာတွေမှာလဲသုံးလို့ရသလို ဒါလဲ ဘယ်က ထုတ်လဲပေါ်မှာ မူတည်သေး တယ်။ ဝယ်လာတဲ့ပစ္စည်းကို HRB 500 ဆိုတိုင်းလဲ ယုံလို့မရပြန်ဘူး။ တရုတ်ဝင်တဲ့နေရာမှာ HRB 500 လို့တော့ဝင်ပေမဲ့ Quality မပြည့်တာတွေရှိတယ်။ အဲဒါကတော့ နိုင်ငံတော်က စနစ်တစ်ခုနဲ့ ဖြေရှင်းဖို့လိုပြီပေါ့” ဟု ၎င်းက ပြောသည်။


ပြည်တွင်း၌ သံမဏိများကို အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး အရည်အသွေးစစ်ဆေးရန် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းများ ထူထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း  သံမဏိမူဝါဒ ထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ၌ သြဂုတ်လ ၃ဝ ရက်က ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြည်တွင်းထုတ်သံများကလည်း ဆောက်လုပ်ရေးလုပ်ငန်းအတွက် အရည်အသွေးစံချိန်မမီသော်လည်း လမ်းတည်ဆောက်ရေးလုပ်ငန်းတွင်သာ အသုံးပြုနိုင်ကြောင်း ၎င်းက ပြော သည်။ 

H Beam တို့ ၊I Beamတို့ Seel Structure အတွက် ဆောက်တဲ့ဟာတွေ ဝင်တယ်အဲဒီဟာတွေလည်း အရည်အသွေး မမီတာတွေအများကြီးရှိတယ်။ အဲဒီဟာတွေဆို ဘာတွေလိုလဲဆိုရင် နိုင်ငံခြားမှာဆိုရင် သံချင်းတွဲတဲ့ Wearing စက်ရဲ့အရည်အသွေးတို့နောက်တစ်ခါကျတော့ မူလီတွေဆွဲမယ်။ Blot တွေ ဘာတွေဆွဲမယ်။ ဘယ်လောက် Pressure နဲ့ခံတဲ့ Bolt Net တွေနဲ့တွဲတာရှိတယ်။ ကျွန်တော်တို့ဆီမှာ အားလုံးက လက်တန်းလုပ်တာ  Seel Structure  ဆိုရင် ဒီရိုးရိုးတန်းတန်း ကန်ထရိုက်သမားကလည်း ရပါတယ်ဆိုပြီးတောင်မှ လုပ်တာပေါ့။ ဆိုတော့ တကယ်တမ်း တွက်ချက်မှုအပိုင်းမှာ နှစ်ထပ်အိမ်တို့ လေးထပ်လောက်ထိတော့ မြင်ဖူးတယ်။ Steel နဲ့ ဆောက်တာ အလွယ်လက်တန်းဆောက်တာ ဝရိန်တွေတို့တယ်။ မူလီဆိုလဲ တွေ့ကရာမူလီ၊ သူတို့ထင်တဲ့ မူလီ၊ ကောင်းတဲ့ မူလီတွေ တကယ်က အဲဒီလိုမူလီတွေ သုံးလို့မရဘူး။ တကယ်တမ်းသုံးမယ်ဆိုရင် ဒီအဆောက်အဦး ဝိတ် ဘယ်လောက်ခံလဲ မူလီရဲ့ PSI ကဘယ်လောက်ရှိရမလဲ။ Net ဆွဲတဲ့အချိန်မှာ ဘယ်လောက်ရှိတဲ့ Pressure Gun ကြပ်ရမယ်တို့ ရှိတယ်။ ကျွန်တော်တို့ဆီမှာ ဘာမှမလိုက်နာဘဲလုပ်ထားတဲ့အတွက် သံမဏိကလည်း စောစောက ပြောသလိုအရည်အသွေးမမီတဲ့ဟာတွေ ဝင်တာများတယ်။ ဒါတွေက အကုန်ကြီးကြပ်သင့်တဲ့အထဲမှာ ပါနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ သံနှင့် သံမဏိကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းနေရပြီး မလေးရှား၊ အီရန် တို့မှလည်း တင်သွင်းရကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယား သရုပ်ဆောင် A(အမည်လွှဲ) ဆေးမှုနဲ့ ဖမ်းဆီးခံရ

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved