Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိုင်နက်နယ်မြေ ကျူးကျော်မှု ( အတွေးအမြင်ဆောင်းပါး )


မောင်ကျော်ဖိုး (လေးတောင်)  (NSS) - အောက်တိုဘာလ ၁၆ 

တံခါးဆိုသည်နှင့်အညီ ခိုင်လုံအောင် ကာကွယ်စောင့်ရှောက်ဖို့လိုမည်။ တံခါးလုံပါမှ နိုင်ငံ အချုပ်အခြာတည်မြဲမည်။ အချုပ်အခြာတည်မြဲပါမှ နိုင်ငံတိုးတက်မည်။ နိုင်ငံတိုးတက်ပါမှ ပြည်သူများ သာယာဝပြောမည်သာ။

ဒီအနောက်တံခါးမလုံသမျှ နိုင်ငံတော် ပုံရိပ်ကျနေမည်။ စိန်ခေါ်မှုများနေမည်။ ဤအနောက် တံခါးကို အစဉ်တစိုက် စောင့်ကြည့်ဖို့တာဝန်မှာ ပြည် သူတစ်ရပ်လုံး၏ တာဝန်ဆိုသည်ကို အထူးအလေး ထားရန်လိုပါမည်။ ဒီအနောက်တံခါးပဋိပက္ခ ဖြစ်ရ သည့် အကြောင်းရင်းကိုမသိသူ၊ တစ်လွဲသိနေသူများ သည်ကြောင့်လည်း ဤတံခါးလုံခြုံရေး၊ ပဋိပက္ခဖြေ ရှင်းရေးတို့မှာ အဟန့်အတား ဖြစ်နေရပါ၏ ။

ဤအနောက်တံခါး နောက်ခံအကြောင်း အရင်းကို ပြည်သူများ ဂဃနဏ သိထားရန်လိုပါမည်။ အခိုင်အမာသိထားလျှင် မည်သည့်စိန်ခေါ်မှုမျိုးကိုမှ ဂရုစိုက်စရာမလိုပါ။ နတ်မြစ်မှာ နယ်စပ်မျဉ်းဖြစ် သည်။ အနောက်ဘက်ကမ်းသည် ဘဂ်လားဒေ့ရှ်ပိုင် နက်၊ အရှေ့ဘက်ကမ်းမှာ မြန်မာပိုင်နက်ဖြစ်ပါ၏။ ရခိုင်ဘုရင်များလက်ထက် စစ်တကောင်းသား ဘဂါလီတို့ ရခိုင်ဒေသကို စပါးရိတ်သိမ်းချိန်၌သာ လာ၍ ရိတ်သိမ်းပြီးလျှင် ပြန်ကြသည်။

စစ်တကောင်းသား ဘဂ်လီတို့နတ်မြစ်ကို ဖြတ်၍ မြေကွက်ငယ်အချို့တို့ကို မြန်မာဘုရင်ထံမှ ရယူ ခဲ့ကြသည်။ လယ်လုပ်ရာ၌ အသုံးပြုမည်ဆိုပြီး ဟန်ဆောင်ကာ နွားထီး (၈၀ဝ)၊ ကျွဲ(၉၅)ကောင် တို့ကို  ဝယ်ယူခဲ့ကြသည်။ သို့သော် နှစ်ကုန်သောအခါ ထိုကျွဲ၊ နွားတို့ကို မောင်းယူ၍ စစ်တကောင်းသို့ ဖြစ်ခဲ့ လေသည်။ မြန်မာဘုရင်က စစ်တကောင်းတရားသူ ကြီးထံတိုင်ကြားသည်။ တရားသူကြီးက ရာဇဝတ်သား တို့ထံမှ လျော်ကြေးငွေ ရူပီတစ်ထောင်ကို တောင်း ခံပြီး မြန်မာဘုရင်ထံသို့ ပေးဆက်လေသည်။

(ဘနာဂျီ စာ-၁၀၁)

ဤသည်မှာ မောင်တောနယ်သို ဘဂါလီ များဝင်ရောက်မှု သမိုင်းအစဖြစ်သည်။ ဗြိတိသျှ အစိုး ရလက်ထက်ရောက်မှ ဘဂါလီများကို ရခိုင်ပြည်နယ်ရှိ လယ်ယာလုပ်ငန်းများတွင် ခိုင်းစေ ရန်ခေါ်ဆောင်ရာမှ အလုံးအရင်းဖြင့်ဝင်ရောက်လာကြသည်။

ဘဂ်လားဒေ့ရှ် မှာဆန်စပါးရှားပါး၍ ဈေးနှုန်းကြီးခြင်းကြောင့်လည်း ဆန်စပါးပေါများပြီး ဈေးနှုန်းသက်သာသော ရခိုင်ဒေသသို့ အုပ်အုပ်ကျက် ကျက် ဝင်လာကြသည်။ ဘူးသီးတောင်၊ မောင်တော တွင် တာဝန်ထမ်းဆောင်သော အချို့သော ကိုယ်ကျိုး ရှာအာဏာ ပိုင်များနှင့်လူဝင်ကြီးကြပ်ရေးဌာနမှ တာ ဝန်မဲ့သော ဝန်ထမ်းများကြောင့်လည်း ရွှေ့ပြောင်းမှု ခရီးတွင် ခဲ့ရသည်။

နိုင်ငံတော်အနေနှင့်လည်းပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြန် လည် ရင်ကြားစေ့ရေးတို့ကို ဦးစားပေးလုပ်ဆောက်နေ ရ၍ နိုင်ငံတော်အရေးနှင့် ဘဂါလီအရေးတို့တွင် တွေး ခေါ်မှုလွဲချောကာ ဘဂါလီများ ရခိုင်ဒေသသို့ အလုံးအရင်းဖြင့်ဝင်ရောက်ခွင့်ရသွားသည်။

ဘဂါလီများ အကျိုးကို လိုလားသူဗြိတိသျှ အစိုးရတောင် စစ်တကောင်းဘဂ်လီများကြောက်ခ မန်းလိလိတိုးပွားလာမှုကို စိုးရိမ်လာ၍ (၁၉၃၉) ခု တွင် မင်းကြီး မစ္စတာဂျိမ်းဘတ်စ်တာ (နောင်တွင် ဘုရင်ခံ အတိုင်ပင်ခံအရာရှိ)က ဥက္ကဋ္ဌဖြစ်ဆောင် ရွက်ပြီး၊ ဦးတင်ထွတ် (ှုဃှ)၊ မစ္စတာ အာရ်ဒီဆိုင်း (ရန်ကုန် တက္ကသိုလ် ပါမောက္ခ) တို့က အဖွဲ့ဝင်များ အဖြစ်ပါဝင်ကြသည်။

ကော်မရှင်၏ အစီရင်ခံစာအခန်း (၇)၊ စာမျက်နှာ (၄၉) တွင် (၁၉၃၀) ခုနှစ်ကောက်ယူသော သန်းခေါင်စာရင်းအရ ရခိုင်သို့ ဝင်လာသည့် အိန္ဒိယ တိုင်းရင်းသားစာရင်းကို အောက်ပါအတိုင်းတွေ့ရ သည်။

ရခိုင်တိုင်ရင်းသာဦးရေ - (၁၀ဝ၈၅၃၈)ယောက် အိန္ဒိယတိုင်းရင်းသားဘဂ်လီဦးရေ (၂၁၇၈၀၁) ယောက် (၁၉၁၁) သန်းခေါင်စာရင်းအရ မောင် တောမြို့နယ်တွင် ဘဂ်လီ (၇၇%) ရှိသည်။စစ်တွေ ခရိုင်တွင် (၆၃၇၅၈၀)ယောက်ရှိသည့်အနက် (၂၁၀၉၉၀)မှာ အိန္ဒိယတိုင်းရင်းသားဘဂါလီများ ဖြစ်ကြသည်။

စစ်တွေခရိုင်တွင်နေထိုင်သော အိန္ဒိယ တိုင်းရင်းသားများ ဘဂါလီများသည် ရခိုင်တစ်တိုင်း လုံးရှိ အိန္ဒိယ တိုင်းရင်းသားများ၏ (၉၇%)ဖြစ်သည်။ စစ်တွေခရိုင်တွင် နေထိုင်သော အိန္ဒိယတိုင်းရင်းသား များအနက်(၈၈%)မှာ စစ်တကောင်းသား ဘဂါလီ များဖြစ်ကြသည်။

(၁၉၃၀)ခုနှစ် သန်းခေါင်စာရင်းအရနှစ်စဉ် ဘဂ်လီကူလီ (၄၀ဝဝဝ) ရောက်ရှိလာသည်။ (၁၉၃၁) ခုနှစ် အိန္ဒိယလူမျိုးပေါင်းစုံကြား (၂၅၁၉၄၅) ရှိလာ သည်။ (၁၉၃၄)ခုနှစ် ရခိုင်သို့ဝင်ရောက်လာသော စစ်တကောင်း ဘဂါလီကူလီ (၂၀ဝဝဝ) ယောက်  တိုသို့ဝင်လာခြင်းကို ရခိုင်တိုင်းရင်းသားသာမက အခြေစိုက်နေထိုင်သူ ဘဂါလီးများကမနှစ်သက်ကြ။ စစ်တကောင်းသား ဘဂါလီများ အဆက်မပြတ် ဝင်လာ မည်ကိုမတားဆီးနိုင်လျှင် နောင်တွင်လူမျိုးရေး အဓိကရုဏ်းများရှိလာမည်ကို စိုးရိမ်ပါသည်ဟု အဆို တင်သွင်းကြသည်။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာ၏လိုရင်း ကို တင်ပြရလျှင် (၁၉၂၅)ခု၌ မူဆလင်(ဘဂါလီ)ဦး ရေ (၃၀ဝဝဝ) ရှိခဲ့ရာမှ (၁၉၃၁)တွင်မူဆလင်ဦးရေ (၂၀၇၄၉၁)တည်ရှိလာခြင်းမှာ အလွန်စိုးရိမ်ရသော အဆင့်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သက်သေအားလုံး က ရခိုင်သို့ ဝင်လာသော စစ်တကောင်းသား ဘဂါလီ များကိုကန့်သတ်တားမြစ်သင့်ပြီဟု တညီတညွတ် တည်း တင်ပြကြသည်။ ဗြိတိသျှတို့ စိုးရိမ်၍ စုံစမ်း ရေးအဖွဲ့ဖွဲစည်းခဲ့ သော်လည်း ဒုတိယကမ္ဘာစစ်ကြီး ကြောင့် မည်သို့မျှ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်သွားရသည်။

(၁၉၄၀-၄၁)ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံတစ်ဝန်းလုံးကို တုန်လှုပ်ခြောက်ခြားသွားရ သည်။ ဗြိတိသျှတို့ အိန္ဒိယသို့ အောင်မြင်စွာဆုတ်ခွာနိုင်ရေးကအရေးကြီးနေသည်။ ဗြိတိသျှတို့က ရခိုင် များကို မယုံကြ။ ဘဂါလီကုလားနှင့် ရခိုင်တို့ ခိုက်ရန် ဖြစ်ပွားရန်ဆန္ဒဖြင့် ဂျပန်ကို တော်လှန်ရန်ဟုအ ကြောင်းပြကာ ဘဂါလီကုလားများကို လက်နက်တပ် ဆင်ပေးခြင်းက ကုလားရခိုင် အဓိကရုဏ်းဖြစ်လာ ရသည်။

ဘဂါလီ(ကုလား)တို့ လက်နက်အားကို ဖြင့်အနိုင်ကျင့်မှုကို ရခိုင်တို့က မခံမရနိုင်ဖြစ်ကာ ရရာ လက်နက်ဖြင့်ခု ခံတော်လှန်ကြသော်လည်း လက်နက် အင်အားချင်းမမျှ၍ ရခိုင်များ အသေအကြေ၊ အကျ အဆုံးများကြသည်။ ကုလားရခိုင် အဓိကရုဏ်းများ ကြောင့် မောင်တောနယ်မှ ရခိုင်များအားလုံးလိုလို ထွက်ပြေးသွား ကြသည်။ ရခိုင်ရွာတွင် ဘဂါလီ (ကုလား)များဝင်နေကြ၍ ရခိုင်ရွာများမှာ ကုလားရွာ များဖြစ်သွားကြသည်။ ဂျပန်များပြေး၍ ဗြိတိသျှများ ပြန်ဝင်လာသောအခါ ရွာပေါင်းများစွာသော စစ်တ ကောင်းသား ဘဂ်လီများကို ရခိုင်ပြည်တွင်းသွင်းပြီး မြေယာများပေးခဲ့သည်။ ကုလားမြေရှင်စနစ်ကို ထူ ထောင်ပေးခဲ့ သည်။ ဘဂ်လီ(ကုလား) မြေရှင်များက အတိုးကြီးစနစ်ဖြင့် ရခိုင်အမျိုးသားများ၏ လယ်မြေ ကို သိမ်းယူကြသည်။ ၎င်းဘဂ်ါလီမြေပိုင်ရှင်များသည် ဘဂါလီများကို လူမိုက်မွေပြီး ရခိုင်တို့၏ကျွဲ၊ နွားများ ကို သိမ်းယူခြင်း၊ ရခိုင်အမျိုးသမီးများကို ဖျက်စီးခြင်း၊ ညဘက်တွင်ကျန်ရှိနေသေးသော ရခိုင်ရွာများကို အ ကြမ်းဖက်ခြင်းများလုပ်ဆောင်ကြခြင်းတို့ကြောင့် ရခိုင်ရွာများ ပျောက်ဆုံးသွားရပြီး ဘဂါလီကုလားရွာ များပြားလာရသည်။

(၁၉၆၅)ခုနှစ် တော်လှန်ရေးကောင်စီအစိုးရဦးနေ ဝင်း ပါကစ္စတန်သို့ သွားရောက်လည်ပတ်ရာ အရှေ့ ပါကစ္စတန်မှ မြန်မာ(ရခိုင်) ပြည်တွင်းသို့ခိုးဝင် ဘဂါလီများ (၂)သိန်းခွဲ ကိစ္စကို ဆွေးနွေးခဲ့သည်။ (၁၉၇၁)ခု အရှေ့ပါကစ္စတန်လွတ်လပ်ရေးတိုက်ပွဲ တွင် ဘဂါလီစစ်ပွဲရှောင်များ အိန္ဒိယနိုင်ငံသို့ (၁၀)သန်း မြန်မာသို့ (၁.၅) သန်းခန့်ဝင်လာသည်ဟု ဏြဃ သတင်းဌာနကဖော်ပြခဲ့သည်။ ထိုဘဂါလီများ မြန် မာပြည်ကပြန်သွားသည်ဟု ဖော်ပြသည့်သတင်း မတွေ့ရှိရပါ။ ယခု ဘဂ်လားဒေ့ရှ်ရှိ မြန်မာဒုက္ခသည် အမည်ခံ ဘဂါလီ (၁)သန်းကျော်အား အထူးအလေး ပေးစဉ်းစားစရာမလိုသလိုဖြစ်နေသည်။

ဘဂါလီများခိုးဝင်ကြသူများဖြစ်ကြောင်း ကို (၁၉၇၅)ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဂ်လား သံအမတ် KN ကိန်ဆာ ဆိုသူက မြန်မာတစ်နိုင် ငံလုံးဆိုင်ရာ ဗြိတိသျှသံအမတ် MTGO ဘိန်းအား (၁၉၇၅)ခုမတိုင်မီက မြန်မာနိုင်ငံသို့ တရားမဝင် ဝင် ရောက်သူ ‌အရေအတွက် (၅)သိန်းခန့်ရှိကြောင်း ပြောကြားမှုအား ဗြိတိသျှသံအမတ်မှတ်တမ်းတင် ထားခဲ့ပါသည်။ ထိုမှတ်တမ်းကို ယနေ့တိုင် လန်ဒန် မြို့ရှိ မော်ကွန်းတိုက်တွင်လေ့ လာနိုင်ပါသည်။

(၁၉၇၈)ခု တော်လှန်ရေးကောင်စီ အစိုးရ က ဘဂ်လားဒေ့ရှ်နယ်စပ်တွင် နဂါးမင်း စစ်ဆင်ရေး အမည်ဖြင့် လူဝင်မှုကို တင်းကြပ်စွာကြီးကြပ်ခဲ့သည်။ ရိုဟင်ဂျာ အမည်ခံဘဂါလီများ ဘဂ်လားဒေ့ရှ်ထဲ ထွက်ပြေးသွားကြသည်။ ထိုအထဲတွင် မြန်မာနယ်စပ် က ဝန်ထမ်းများအဂတိလိုက်စား၍ ထုတ်ပေးသော မြန်မာမှတ်ပုံတင်ကိုင်ဆောင်သူများပါဝင်သည်။ အများစုက ဘဂ်လားဒေ့ရှ်တွင်ပြုလုပ်သော အတုများ သာဖြစ်ကျသည်။ အမေရိကန်နှင့်တရုတ်တို့ ကမြန်မာ အစိုးရကို ဖိအားပေး၍ ဟသာ်စီမံကိန်းဖြင့် (၁၉၇၈) ခု၊ ဩဂုတ်လ(၁)ရက်မှ (၁၉၇၉)ဇန်နဝါရီလ (၅) ရက်အထိ ဘဂါလီများကို လက်ခံခဲ့ရသည်။ ထွက် ပြေးသွားသော အရေအတွက် ထက် နှစ်ဆများသော ဘဂါလီများကို လက်ခံခဲ့ရသည်။

ကမ္ဘာတွင် ဒုက္ခသည် (၈၅%)သည် မူဆလင်ဒုက္ခသည်များဖြစ်ကြသော်လည်း မူဆလင် များ OIC 57  " နိုင်ငံသို့ခိုလှုံခွင့်မတောင်းကြ။ အခြား နိုင်ငံသို့သာ ခိုလှုံခွင့်တောင်းကြသည်မှာ သူတို့တစ် ဘာသာတည်း ကမ္ဘာကြီးကို ကြီးစိုးမည်ဆိုသော မူဝါဒ ကြောင့်ဖြစ်မည်။

ဖဆပလ မဲအနိုင်ရရေးအတွက် ဦးနုက ဘဂ်လီများမဲကို ကိုယ်ကျိုးအတွက် ကြံဖန်ဆောင် ရွက်ခဲ့သည်။ ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးအေး မောင် (ခ)အဒူလာ၏ ထောက်ခံမှုဖြင့် တစ်ဖက်နိုင်ငံ က မူဆလင်ဘဂါလီများကို ခေါ်သွင်းလာရာ ရွာ ပေါင်း(၄၀)ခန့် ဘဂါလီများတစ်မဟုတ်ချင်း ရောက် ရှိလာကြသည်။ ဤအချက်သည် နိုင်ငံတော်အနာ ဂတ်တွင် ဖြေရှင်း၍မရနိုင်သော ပဋိပက္ခကြီးဖြစ်သွား ရသည်။

ဘဂါလီအများစုက စစ်တကောင်း တွင်နေသော ရခိုင်များကို ရိုဟင်ဂျာဟုခေါ်ကြသည်။ စာတွင်လည်း ရိုဟင်ဂျာဟုရေးကြသည်။ ယခုရခိုင် တွင်ရှိသော ဘဂါလီများက သူတို့ကိုသူတို့ ရိုဟင်ဂျာ ဟုပြော နေ သည်။ ဗြိတိသျှတို့မတရားသွင်းခဲ့လို့ ဤသို့ဖြစ်လာရသည်။ ကျွန်တော်တို့က အိမ်ရှင် ဘဂါလီများက ဧည့်သည်ပါ။ ရိုဟင်ဂျာခေါ် ဘဂါလီ စကားနှင့် စစ်တကောင်းအောက်ပိုင်း စကားလုံးဝ တူနေသည်။ ဘဂ်လီများစစ်တကောင်းကလာကြသူ ဖြစ်သည်။ ဘဂ်လားဒေ့ရှ်အစိုးရကလဲ သူတို့ကိုလက် မခံတော့။ ဘဂ်လားဒေ့ရှ်ရှိ အစိုးရကို လုံးဝအပြစ်တင် သင့်သည်။ ဘဂါလီများကို နှစ်ပေါင်း (၁၀ဝ)နီးပါး လက်ခံထားရသည်။ ကျွန်တော်တို့ကို ကျေးဇူးတင် သင့်သည်။ ဤသည်မှာ မူရင်းအထောက်အထားဖြစ် သည်ဟု သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ကပြောသည်။

ဗြိတိသျှအစိုးရကလဲ (၁၈၇၂)ခု (၁၈၈၁) ခု၊ (၁၈၉၁)ခု (၁၉၀၁)ခု၊ (၁၉၁၁)ခု (၁၉၂၁)ခု၊ (၁၉၃၁)ခုနှင့် (၁၉၄၁)ခုနှစ်များတွင် မောင်တော ခရိုင်တွင် သန်ခေါင်စာရင်းကို အကြိမ်ပေါင်းများစွာ ကောက်ယူခဲ့သည်။ ထိုစာရင်ထဲတွင် ရိုဟင်ဂျာလူမျိုး လုံးဝမတွေ့ရ။ ဘဂါလီ စစ်တကောင်းသားဟုသာ သန်းခေါင်စာရင်းတွင် သုံးနှုန်းဖော်ပြထားသည်ကို တွေ့ရသည်။ လက်ရှိ ဘဂ်လားဒေ့ရှ်၏ လူဦးရေ ပေါက်ကွဲလျှံကျမှုက မြန်မာ၊ အိန္ဒိယတွင်သာမက တောင်အာရှ၊ အရှေ့တောင်အာရှနှင့် ဥရောပနိုင်ငံ များသို့ပါ ပြန့်နှံ့နေပြီး မြန်မာတွင် စတုရန်း တစ်မိုင် တွင် (၂၀၆)ယောက်၊ ဘဂ်လားဒေ့ရှ်တွင် စတုရန်း တစ်မိုင်တွင်(၂၉၈၀)ယောက်နှုန်းရှိနေသည်။ (၂၀၂၅)ခု လူဦးရေ (၁၇၁)သန်းရှိသည်။ ဤပေါက်ဖွားနှုန်းဖြင့်နောင်နှစ်သုံးဆယ်မှ လူဦးရေ(၂၂၀) ဖြစ် လာနိုင်သည်။ အိန္ဒိယက ကျော်တက်လျှင် ပစ်မိန့် ထုတ်ထားသည်။ မြန်မာတွင် မည်သည့် ပစ်မိန့်မှ မထုတ်။ ခြံစည်းရိုးလည်းမရှိ။ အထူးစိုးရိမ်ရသည့် အနေအထားဖြစ်နေသည်။

အထက်ဖော်ပြပါ အချက်များကို ဘာသာ ရေး၊ လူမျိုးရေး၊ ပဋိပက္ခဟု ဆိုမည်လား။ Century  ဟု ကောပြောနိုင်မလား၊ ပိုင်နက်နယ်မြေကျူးကျော်မှု ပဋိပက္ခဟုဆိုသင့်သလား စဉ်းစားကြည့်ကြပါ။ စာရေးသူတို့ကတော့ ပိုင်နက်နယ်မြေကျူးကျော်မှု ဟုမြင်ပါသည်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လုံးဝ မဟုတ်ပါ။ Century  ဟုပြောရလောက်အောင်လဲ မကြာသေးပါ။ ကုလားရခိုင် အဓိကရုဏ်း ဖြစ်ရသည့် ကလည်းဗြိတိသျှတို့ သွေးထိုး၍လက်နက်ပေးအပ် ခြင်းကြောင့်သာဖြစ်သည်။ ဘဂါလီများ လက်နက်အား ကိုးဖြင့် ရခိုင်များမနေနိုင်အောင်လုပ်ပြီး နယ်မြေလု ခြင်းမှာ ထင်ရှားသည်။ အမှန်တိုင်းနားမလည်ဘဲ လူမျိုးရေး၊ ဘာသာရေး၊ ဃနညအကမပ ဟုဖြေရှင်းလျှင် UN နှင့် OIC တို့ လိုချင်သော အဖြေရသွားမည်။ ကိုယ့်ချူးကိုယ်ပတ် ဖြစ်သွားမည်။ အမှားပြောပြီး အရှုံးမခံပါနှင့်၊ ဘဂါလီများ ပိုင်နက်နယ်မြေကျူး ကျော်မှုကြောင့် ဖြစ်ရသည့် ပဋိပက္ခဟုပြောပြီး အမှန် အတိုင်းအနိုင်ယူကြပါ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယ၊ ထိုင်းနှင့် အင်ဒိုနီးရှား ပြည်ပညာရှင်များနှင့်ဆွေးနွေးခြင်းမှ ဒေါ်သက်သက်ခိုင်၏ မှတ်ချက်

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved