Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဗ္ဗသီရိမြို့နယ်တွင် လဝကအမျိုးသမီးအား ဓားထောက်လုယက်သူနှစ်ဦးကို ဖမ်းဆီးရမိ


စော(NSS)- အောက်တိုဘာ ၁၆

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ   ဒေါ်ဆုမွန်ကျော် (၄၀)နှစ်အား ဓားထောက်လုယက်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၅ နာရီအချိန်က ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနေ ဒေါ်ဆုမွန်ကျော်သည် ရုံးအမှတ်(၄၈)မှ နေအိမ်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီး  ရာဇသင်္ဂဟအိမ်ရာ(၁)အနောက်အရောက်၌ အမျိုးသားနှစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်မှ ၎င်းဆိုင်ကယ်အား အရှေ့မှပိတ်ရပ်တားဆီးကာ ဓားဖြင့်ထောက်ခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ဓားဖြင့်ထောက်၍  ၎င်းထံမှ  SAMSUNG Note 10 Plus အမျိုးအစား လက်ကိုင်ဖုန်း တစ် လုံး၊ ပလက်တီနမ်ဆွဲကြိုး တစ်ကုံး၊ ငွေကျပ် ၁ သိန်းခွဲခန့်၊ ဝန်ထမ်းကတ်များနှင့် ATM ကတ်များထည့်ထားသည့် လက်ကိုင်အိတ်တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်နေသူများဖြစ်ကြသည့် ကောင်းစံဌေး(ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံး တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့်  ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအား လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအနီးလမ်းမပေါ်၌ အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်ခဲ့သည့် SAMSUNG Note 10 Plus လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေစက္ကူ တစ်သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့၏ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ချင်းရွာဘက်မှ ရေပြာကျေးရွာဘက်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ၎င်းတို့အရှေ့မှ အမျိုးသမီးတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်နေသည်ကို  တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထို့နောက် အနောက်မှကပ်လိုက်ကာ    ရာဇသင်္ဂဟအိမ်ရာ အနောက်ဘက်အရောက်၌ အဆိုပါဆိုင်ကယ်အား ဝင်တိုက်ကာတားဆီးခဲ့ပြီး အဆိုပါအမျိုးသမီးထံမှ  လက်ကိုင်အိတ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆွဲကြိုးတစ်ကုံးတို့အား ဓားထောက်လုယက်ယူဆောင်ခဲ့ကြောင်း ထွက်ဆိုထားသည်။

ထို့ပြင် ဝေဘူလဘုန်းကြီးကျောင်းအနီးအရောက်   လုယူခဲ့သည့် လက်ကိုင်အိတ်အတွင်းမှ ငွေများအား ထုတ်ယူ၍ လက်ကိုင်အိတ်အား လွှင့်ပစ်ကာ ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးမှ ဆွဲကြိုးနှင့် ငွေ ၅၀၀၀၀ ကျပ်အား လည်းကောင်း၊ ကိုကိုထွန်း (ခ) မဲလုံးမှ လက်ကိုင်ဖုန်းနှင့် ငွေ ၅၀၀၀၀ ကျပ်အား လည်းကောင်း ခွဲဝေယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံးတို့အား ကွင်းဆက်ပြစ်မှုများရှိ၊မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန်သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

RECENT POSTS
သယံဇာတမရှိသည့်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များရပ်တည်ရန်ခက်ခဲသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော
16 Oct 2026
NCA (၁၁) နှစ်မြောက် အလုပ်ရုံဆွေးနွေပွဲ ဒုတိယနေ့တွင် ငြိမ်းချမ်းရေး၊စီးပွားရေး၊ အပြန်အလှန်ဆက်စပ်မှုနှင့် ဖွင့်ဖြိုးတိုးတက်မှုမှ လူမှုသဟဇာတ ပိုမိုဖြစ်ထွန်းလာပြီး ငြိမ်းချမ်းရေးအထိ မည်သို့ဆောက်သွားမလဲဆိုသည့်ဖြစ်စဉ်အား ဆွေးနွေး - စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦး
16 Oct 2026
အမေရိကန်-မြန်မာအစိုးရကိုယ်စားလှယ်တွေ ဂျပန်မှာ ချိန်းတွေ့၊ HA တွေ မြန်မာကိုပြန်ပေးမယ်လို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော၊ ငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့ထဲက စကားသံအချို့ (၁၆-၁ဝ-၂ဝ၂၆)
16 Oct 2026
ယနေ့ အောက်တိုဘာလ(၁၆)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
16 Oct 2026
အရေပြားယားယံခြင်း နှင့် ရောင်ရမ်းခြင်းများဖြစ်စေသည့် အလှကုန်(၁၄)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အသိပေး
16 Oct 2026
"ငြိမ်းချမ်းရေးကို ပြည့်ပြည့်ဝဝ လုပ်ချင်ရင် ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်ဖို့လိုတယ်" ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ပြော
16 Oct 2026
မန္တလေးတွင် တစ်ပတ်အတွင်း အပူဒါဏ်သင့် ဖျားနာလူနာ(၁၀၀)ထက်မနည်း ဆေးရုံပို့ပေးခဲ့ရဟုဆို
16 Oct 2026
လျှို့ဝှက်ချက်ပေါက်ကြားစေသူတွေအားလုံးကို သတ်ပစ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော
16 Oct 2026
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာ ကရင်ပြည်နယ်အတွက် စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဟု KNU/KNLA-PC အတွင်း​ရေးမှူ(၁)ဗိုလ်မှူးချုပ်​စော​​ကျော်ညွန့် ​ပြော
16 Oct 2026
ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းနေရာအချို့တွင် အရေးပေါ်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဓာတ်အားထုတ်လုပ်မှု (၂၁၁)မဂ္ဂါဝပ်လျော့နည်းနေမည်
16 Oct 2026
တစ်ဖက်မှ သွေးမြေကျတဲ့တော်လှန်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေးကိုသွားနေပြီး တစ်ဖက်တွင်လည်း လူထုအတွက်နိုင်ငံတော်ပြန်တည်ဆောက်နေသည်ဆိုသော အားပြိုင်မှု (၂) ခုအကြား လူထုရှိနေဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော
16 Oct 2026
အမေရိကန်ရှိ မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ်များ သေဆုံး
16 Oct 2026
လေပေါ်ပျံနိုင်သည့်ကားကို Tesla ကုမ္ပဏီ စတင်မိတ်ဆက်
16 Oct 2026
ဂျပန်မှာ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ လျိုဝှက်တွေ့ဆုံဟု ရိုက်တာသတင်းဌာနဆို
16 Oct 2026
တာချီလိတ်တွင် ငွေကျပ်(၈)ဘီလျံနီးပါး တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ
16 Oct 2026
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကျောင်းခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား (၂၇) ဦးနဲ့ ဆရာတစ်ဦး သေဆုံး
16 Oct 2026
မလေးရှားကျောင်းတွေမှာ (၆) လအတွင်း အနိုင်ကျင့်မှုဖြစ်စဉ် (၄,၀၀၀) ကျော် မှတ်တမ်းတင်ခဲ့
16 Oct 2026
မလေးရှားမှာ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၁၅.၇၂) သန်းအထိ ဆုံးရှုံးနိုင်ဖွယ်ရှိ
16 Oct 2026
Apple က AI စွမ်းရည်မြှင့် Siri ပါဝင်တဲ့ HomeView စမတ်အိမ်သုံးစနစ်ကို အမေရိကန်ဒေါ်လာ ၂၉၉ နဲ့ မိတ်ဆက်
16 Oct 2026
ပထမအိမ်ထောင်ကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ဂျက်လီ ငြင်းဆို
16 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved