ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံး
Pika(NSS) အောက်တိုဘာ ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ခုနဲ့ ကပ်လျက်မှာရှိတဲ့ ဓါတုပစ္စည်းတွေဂိုထောင်တစ်ခုတို့မှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။မီးလောင်ကျွမ်းမှု ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း မီးသတ်ဌာန ဒါရိုက်တာ Tajul Islam Chowdhury က ပြောကြားခဲ့ပါတယ်။ Tajul Islam Chowdhuryက”အထည်ချုပ်စက်ရုံရဲ့ ဒုတိယထပ်နဲ့ တတိယထပ်တို့ကနေ ရုပ်အလောင်း(၁၆)လောင်းကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေမှုနဲ့အတူ သေဆုံးသူအရေအတွက်က တိုးမြင့်လာနိုင်ဖွယ်ရှိနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါကာမြို့ Mirpurဧရိယာမှာရှိတဲ့ လေးထပ်အဆောက်အဦးရဲ့ တတိယထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အရောင်ချွတ်ဆေးမှုန့်၊ ပလပ်စတစ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တို့ သိုလှောင်ထားတဲ့ ဓါတုဂိုထောင်ရုံကို မီးကူးစက်သွားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။မီးသတ်သမားတွေဟာ အထည်ချုပ်စက်ရုံမှာ လောင်ကျွမ်းနေတဲ့မီးကို အချိန်(၃)နာရီကြာ ငြိမ်းသတ်ခဲ့ရပေမယ့်လည်း ဓါတုဂိုထောင်ရုံမှာတော့ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေးရာပါ နိုင်ငံသားဖြစ်ခွင့်မှ ဗီဇာအရောင်းအဝယ်ဈေးကွက်ဆီသို့..( ဘာသာပြန်ဆောင်းပါး )
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
