မင်းလှမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ်တစ်စီး လုယက်
Pearl (NSS) - စက်တင်ဘာ ၇
မင်းလှမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ်တစ်စီး လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် နေ့လည်၊ ၃ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာစီကွကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် နေထိုင်သော ဒေါ်သန္တာချို(၃၆)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် သုံးဦး ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်သန္တာချိုတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အကြမ်ဖက်အဖွဲ့က နေအိမ်ရှိ LOUJIA 110 အနက်ရောင်ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကို တတ်နိုင်သမျှဝန်းရံပေးသွားမည်ဟု DKBA ပြော
RELATED POSTS
20 Apr 2026 | မှုခင်း,ပြည်တွင်း
16 Apr 2026 | မှုခင်း,ပြည်တွင်း
