ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဓါးစာခံတွေထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
Pika(NSS)
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ ထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေရှိနေတဲ့ကြားက အမေရိကန်နိုင်ငံဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်းစေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”မကြာသေးခင်က သေဆုံးသွားခဲ့တဲ့ ဓါးစာခံအချို့တွေ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော်ကြားသိခဲ့ရပါတယ်။ကျွန်တော်ကြားနေရတာတွေက မှားယွင်းဖို့မျှော်လင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဓါးစာခံ(၂၅၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိဂါဇာမှာ ဓါးစာခံ(၄၇)ဦးရှိနေဆဲဖြစ်တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ဒါ့ပြင် ကျန်ရှိနေတဲ့ဓါးစာခံတွေအနက် (၂၅)ဦးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပြီး ရုပ်အလောင်းတွေကိုပြန်လည်ရရှိဖို့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေရှိနေပေမယ့်လည်း ကျွန်တော်တို့ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်းစေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းလှမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ်တစ်စီး လုယက်
RELATED POSTS
08 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
08 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
