ရုရှားနှင့်တရုတ်တို့ကိုဟန့်တားရန် ပင်တဂွန်စစ်ဌာနချုပ်ကို ဒေါ်နယ်ထရမ့်အမိန့်ပေးထား
Pika(NSS)
ရုရှားနှင့်တရုတ်နိုင်ငံတို့အပေါ် ဟန့်တားမှုများပြန်လည်လုပ်ဆောင်ရန် အမေရိကန်က ကြိုးပမ်းနေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် အကြီးအကဲ ပီတီဟတ်ဆတ်က ထုတ်ဖော်ပြောဆိုခဲ့ သည်။ တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့် ရုရှားသမ္မတ ပူတင်တို့တက်ရောက်ခဲ့သော ဘေဂျင်းမြို့တွင်ကျင်းပခဲ့သည့် စစ်ရေးပြပွဲအခမ်းအနားက ရုရှားနှင့် တရုတ်ကြား ပိုမိုနီးကပ်သောဆက်ဆံရေးများကို မီးမောင်း ထိုးပြခဲ့ကြောင်း ပီတီဟတ်ဆတ်က ထုတ်ပြန်ပြော ကြားခဲ့ သည်။
ပီတီဟတ်ဆတ်က ‘ကံမကောင်းစွာနဲ့ပဲ ယခင် အမေရိကန်အစိုးရရဲ့အားနည်းချက်တွေက ရုရှားနဲ့တရုတ်တို့ကို ပိုမိုနီးကပ်လာစေခဲ့ပါတယ်။ အဲဒါဟာ အမေရိကန်ခေါင်းဆောင်မှုနဲ့ အင်အားနည်းပါး ခြင်းတို့ရဲ့ ကြောက်မက် ဖွယ်ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက် မှုတစ်ခုပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပြင်ဆင်ထားဖို့၊ သမိုင်းဝင်နည်းလမ်းတွေနဲ့ စစ်တပ်ကိုပြန်လည် တည်ဆောက်ဖို့၊ စစ်သူရဲကောင်းကျင့်ဝတ်ကို ပြန် လည်ထူထောင်ဖို့နဲ့ အတားအဆီးတွေကိုပြန်လည် လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တာပါ’ဟု ထုတ်ပြန် ပြောဆိုခဲ့သည်။
အမေရိကန်သည် ရုရှား သို့မဟုတ် တရုတ်နိုင်ငံတို့နှင့် ပဋိပက္ခမဖြစ်ပွားလိုသော်လည်း မဟာဗျူ ဟာမြောက် အားသာချက်ကိုထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ပီတီဟတ်ဆတ်က ထပ်မံပြောကြားခဲ့သည်။ ထို့ပြင် ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ဆက်ဆံရေးကို အကန့်အသတ်မရှိသော မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခု အဖြစ် ဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။
(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖြစ်ပွားခဲ့သော ယူကရိန်းစစ်ပွဲကိုတုံ့ပြန်သည့်အနေဖြင့် အနောက်အုပ်စု က ရုရှားအပေါ် ပိတ်ဆို့အရေး ယူမှုများကိုချမှတ်ခဲ့ပြီးနောက် ရုရှားသည် ၎င်း၏ကုန် သွယ်မှုနှင့် ထောက်ပံ့ရေးကွင်း ဆက်များစွာကို တရုတ်နိုင်ငံသို့ လမ်းကြောင်းလွှဲပြောင်းခဲ့ကြောင်း သိရသည်။
(Ref : RT)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဓါးစာခံတွေထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
RELATED POSTS
05 Jun 2026 | နိုင်ငံရေး,ပြည်တွင်း
05 Jun 2026 | နိုင်ငံရေး,ပြည်တွင်း
