ငလျင်ဒဏ်ကြောင့်(၅)လကျော်အကြာ ပိတ်ထားခဲ့ရသော ရတနာပုံဈေးကို လာမည့်ရက်ပိုင်းအတွင်းပြန်လည်ဖွင့်လှစ်တော့မည်
သန့်ဇင်(NSS)-စက်တင်ဘာ ၇
ငလျင်ဒဏ်ကြောင့် (၅)လကျော်အကြာပိတ်ထားခဲ့ရသော ရတနာပုံဈေးမြေညီထပ်ကို လာမည့် စက်တင်ဘာ ၁၅ရက် တွင် ပြန်လည်ဖွင့် လှစ် တော့မည် ဖြစ်ကြောင်း ရတနာပုံဈေးအကျိုးတော်ဆောင်အဖွဲ့က ယနေ့(စက်တင်ဘာ ၇ရက်)တွင် အသိးပေးကြေငြာထားသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံး ရတနာပုံဈေးကြီးတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် (၅) လကျော်အကြာပိတ်ထားခဲ့ရကြောင်း သိရသည်။
ထို့နောက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအချို့ပြီးစီးပြီးဖြစ်၍ ရတနာပုံဈေးမြေညီထပ်ရှိ ဆိုင်ခန်းပေါင်း (၁၅၂၀)မှ ဈေးသူဈေးသား များအား ယနေ့(စက်တင်ဘာ ၇ရက်)တွင် ဆိုင်ခန်းသန့်ရှင်းရေးနှင့်ပြင်ဆင်မွမ်းမံမှုတို့ကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးထား သည်။
“မြေညီထပ်ဈေးဆိုင်ခန်းအကုန်လုံးပြန်ဖွင့်မှာပါ။ အပေါ်ထပ်တွေတော့မပါသေးဘူး။ မြေညီထပ်မှာ ဆိုင်ခန်းပေါင်း (၁၅၂၀) ရှိပါတယ်။ အကုန် ပြန်ဖွင့် မှာပါ။ အပေါ်ထပ်တွေကတော့ မကြေငြာသေးဘူးဗျ။ အပေါ်တွေကတော့ ကုမ္ပဏီပိုင်တွေဆိုတော့ သူတို့ဟာသူတို့ သီးခြား ပြင်ကြ မှာဆိုတော့ သူတို့ကတော့ နည်းနည်းနောက်ကျဦးမယ်။ ကျွန်တော်တို့ကတော့ စည်ပင်သာယာအောက်ကဆိုတော့ စည်ပင်သာယာ ရဲ့ ဦးဆောင်ပြီး ပြင်ပေးတဲ့အတွက်ကြောင့် နည်းနည်းလည်းမြန်သွားတယ်။ ကျွန်တော်တို့ကိုလည်း ဦးစားပေး ပြီးလုပ်ပေး တာပေါ့”ဟု ရတာနာပုံဈေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
လက်ရှိတွင် ငလျင်ဒဏ်ခံခဲ့ရသည့် ရတာနာပုံဈေးကြီး၏ မြေညီထပ်အားလုံးအား အကြမ်းထည်ပြန်လည်ပြုပြင်ပြီးဖြစ်ပြီး လိုအပ်သည့်ပြု ပြင်မှုအပိုင်းအား ဈေးဖွင့်စဉ်ပင်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းဆိုသည်။
“အောက်ထပ်မှာတော့ အရေးကြီးတဲ့အပိုင်းတွေတော့တော်တော်များများပြီးပါပြီ။ အကြမ်းထည်အနေနဲ့ကတော့ ပြီးပါပြီ ဖွင့်ရင်းနဲ့လို အပ်တဲ့ အပိုင်းတွေကို ဖြည်းဖြည်းနဲ့ပြင်သွားမှာပါ။ ကျွန်တော်တို့ နယ်ဖောက်သည်ဈေးဝယ်တွေလည်း ဈေးပြန်ဖွင့်ပြီဆိုတာ သိနိုင်ရင် ပိုကောင်းမယ်။ဈေးပြန်ဖွင့်လို့ ထူးခြားတာက ဝင်ပေါက်ထွက်ပေါက်တွေကို ပြုပြင်ပြောင်းလဲလိုက်တာတော့ ရှိတယ်။ ငလျင်နဲ့ဆိုတော့ ဒီဘက်မှာ ဈေးဝယ်တွေရော ဈေးသည်တွေရောရှိနေတယ်။ အခုနောက်ပိုင်းမှာလည်း ငလျင်က နည်းနည်းရှိနေသေးတော့ အဝင်အထွက် တွေကို အဆင်ပြေအောင်ပြုပြင်ထားတာတွေရှိတယ်။ အရေးရယ်အကြောင်းရယ်ဆိုရင် အဆင်ပြေအောင်ပြုပြင်ထား တာလေးတွေရှိ တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ရတနာပုံ ဈေးကြီးကို ယခင်အတိုင်းလပြည့် ၊ လကွယ်နှင့် ဥပုသ်ပိတ်ရက်တို့ပိတ်ကာ နေစဉ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်တရုတ်တို့ကိုဟန့်တားရန် ပင်တဂွန်စစ်ဌာနချုပ်ကို ဒေါ်နယ်ထရမ့်အမိန့်ပေးထား
RELATED POSTS
20 Apr 2026 | စီးပွားရေး,ပြည်တွင်း
19 Apr 2026 | စီးပွားရေး,နိုင်ငံတကာ
18 Apr 2026 | စီးပွားရေး,ပြည်တွင်း
13 Apr 2026 | စီးပွားရေး,နိုင်ငံတကာ
