ခရီးသွားရာသီအမီ မန္တလေးရှိဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရေး ကြိုးစားရန် တိုက်တွန်း
Pearl ( NSS) - စက်တင်ဘာ ၇
ခရီးသွားရာသီအမီ မန္တလေးရှိဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရေး ကြိုးစားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး JengPhang နော်တောင်က တိုက်တွန်းပြောကြားထားသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေးခြင်းနှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များဖြင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာရှိသည့် အတွက် ပွင့်လင်းရာသီ ကာလ ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရန် ကြိုးစားရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့သို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်ကြရန်ဝိုင်းဝန်းပူးပေါင်း စီစဉ်ဆောင်ရွက်ရန် နှင့် ငလျင်ဒဏ်သင့်ဟိုတယ်အဆောက်အဦ၊ အခန်းများ၊ ခန်းမများအား ပြင်ဆင်ရာတွင် သတ်မှတ်ထားရှိသည့် စံသတ်မှတ်ချက်များအတိုင်းပြင်ဆင်ရန်ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဟိုတယ်သို့လာရောက်တည်းခိုသည့်ဧည့်သည်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များ ပြင်ဆင်ထားရှိရေး၊ ဟိုတယ်များအားမြို့တော် အင်္ဂါရပ်နှင့်ညီညွတ်မှုရှိသော မြေယာရှုခင်းသာယာလှပရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဆိုင်ရာသတင်းအချက် အလက်များနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ရေး၊ ငလျင်ကာလအလွန် ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း အမြန်ဆုံးလည်ပတ်လုပ်ကိုင်နိုင်ကြရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ဒဏ်ကြောင့်(၅)လကျော်အကြာ ပိတ်ထားခဲ့ရသော ရတနာပုံဈေးကို လာမည့်ရက်ပိုင်းအတွင်းပြန်လည်ဖွင့်လှစ်တော့မည်
RELATED POSTS
12 Aug 2026 | ခရီးသွား,ပြည်တွင်း
11 Aug 2026 | ခရီးသွား,ပြည်တွင်း
10 Aug 2026 | ခရီးသွား,ပြည်တွင်း
