ဆစ်ဒနီကမ်းခြေမှာ ငါးမန်းတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
Pika(NSS)
ဆစ်ဒနီကမ်းခြေတစ်ခုမှာ ငါးမန်းကြီးတစ်ကောင်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ တိုက်ခိုက်ခံရမှုအတွင်း ရရှိခဲ့တဲ့ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ဟာ ငါးမန်းတိုက်ခိုက်ခံရမှုကြောင့် ကမ်းခြေအများအပြားကိုပိတ်ပစ်ခဲ့ရတဲ့ အချိန်(၃)နှစ်ကျော်အတွင်း ပထမဆုံးငါးမန်းတိုက်ခိုက်ခံရမှုဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။အဲ့ဒီဖြစ်ရပ်ဟာ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မြောက်ဘက်မှာရှိတဲ့ Long Reef ကမ်းခြေမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့က”ငါးမန်းတိုက်ခိုက်ခံရတဲ့အမျိုးသားကို ရေလှိုင်းတွေကြားကနေဆွဲထုတ်ပြီး ကမ်းခြေကိုခေါ်ဆောင်လာခဲ့ပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားဟာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရေလွှာလျှောစီးဘုတ်ရဲ့ အပိုင်းနှစ်ပိုင်းကိုပြန်ယူပြီး စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပြီးတော့ ဘယ်ငါးမန်းအမျိုးအစားက တိုက်ခိုက်မှုလုပ်ခဲ့တာလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသွားရာသီအမီ မန္တလေးရှိဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရေး ကြိုးစားရန် တိုက်တွန်း
RELATED POSTS
16 Oct 2026 | မှုခင်း,ပြည်တွင်း
16 Oct 2026 | မှုခင်း,နိုင်ငံတကာ
16 Oct 2026 | မှုခင်း,နိုင်ငံတကာ
