(၂၀၂၆)ခုနှစ် G20ထိပ်သီးအစည်းအဝေးကို ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော
Pika(NSS)စက်တင်ဘာ ၇
(၂၀၂၆)ခုနှစ် G20ထိပ်သီးအစည်းအဝေးကို မိုင်ယာမီမြို့မှာရှိတဲ့ ၎င်းရဲ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Trump National Doral resort and spaအပန်းဖြေစခန်းဟာ လှပပြီး ဖလော်ရီဒါပြည်နယ်ရာသီဥတုက ကောင်းမွန်တာကြောင့် လာမယ့်နှစ်ဒီဇင်ဘာလမှာ အဲ့ဒီနေရာမှာစုဝေးဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”လာမယ့်နှစ် G20ထိပ်သီးအစည်းအဝေးကို မိုင်ယာမီမြို့မှာရှိတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမှာပါ။အဲ့ဒီနေရာက လေဆိပ်နဲ့အနီးဆုံးမလို့ လူတိုင်းက အဲ့ဒီမှာအစည်းအဝေးကျင်းပချင်ကြတာပါ။ပြီးတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဂေါက်ကွင်းဟာ အရမ်းကိုလှပတဲ့ အကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ၎င်းရဲ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ G20ထိပ်သီးအစည်းအဝေးကို ကျင်းပတာဟာ ကိုယ်ပိုင်အကျိုးအမြတ်အတွက်မဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော်တို့က အဲ့ဒီအတွက်ပိုက်ဆံရှာမှာမဟုတ်ပါဘူး။အဲ့ဒီပွဲဟာ ပိုက်ဆံကြောင့်လုပ်တာမဟုတ်ဘူးဆိုတဲ့ သဘောတူညီချက်ကို ကျွန်တော်ရအောင်လုပ်နေပါတယ်။ G20ထိပ်သီးအစည်းအဝေးကို ဒီအတိုင်းပဲ ကောင်းကောင်းမွန်မွန်ဖြစ်စေချင်တာပါ။”လို့ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆစ်ဒနီကမ်းခြေမှာ ငါးမန်းတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
