ဂါဇာမြို့၏ (၄၀) ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ကြောင်း အစ္စရေးစစ်တပ် အတည်ပြု
ဂျန်ဇက်(NSS)
နိုင်ငံတကာ ဖိအားများရင်ဆိုင်နေရသော်လည်း အစ္စရေးသည် ဂါဇာမြို့ကိုအလုံးစုံ သိမ်းပိုက်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိနေရာ စက်တင်ဘာ (၅)ရက်တွင် ဂါဇာမြို့၏ (၄၀) ရာခိုင်နှုန်းကို ထိန်း ချုပ်ထားနိုင်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။
ဂါဇာမြို့ရှိ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက အစ္စရေးသည် ဂါဇာမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ (၄)ရက်တွင် အနည်းဆုံးလူပေါင်း (၃၀) ခန့်သေဆုံးခဲ့ကြောင်း ပြောသည်။ ဂါဇာဒေသတွင်တိုက်ပွဲ များဖြစ် လာခဲ့ပြီးနောက် (၂)နှစ်နီးပါးအတွင်း လူပေါင်း (၂) သန်းသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ် လျက်ရှိနေကြောင်း သိရသည်။
ဥရောပသမဂ္ဂ အဖွဲ့တာဝန်ရှိသူများ ကိုယ်တိုင်က အစ္စရေးသည် စစ်ရာဇဝတ်မှုများကျူးလွန် လျက်ရှိနေကြောင်း ပြောသည်။ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒီဖရင်က ‘ဂါဇာမြို့ရဲ့ ပိုင်နက် (၄၀) ရာခိုင်နှုန်းကို ထိန်းချုပ် ထားတယ်။ လာမယ့်ရက်ပိုင်းအတွင်းဂါဇာမြို့ကို ဆက်လက်ထိုးစစ် ဆင်သွားမယ်’ ဟုပြောသည်။ ပါလက်စတိုင်း လက် နက်ကိုင်အဖွဲ့ဖြစ်သော ဟားမတ်စ်အဖွဲ့သည် ပြီးခဲ့သော (၂၀၂၃) ခုနှစ်အောက်တိုဘာလတွင် အစ္စရေး နိုင်ငံကိုကြိုတင် သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးကြား စစ်ပွဲ ဖြစ်လာခဲ့ပြီး ဂါဇာဒေသတွင် စစ်ပွဲများ ဆက်တိုက်ဖြစ် လာခဲ့ကြောင်းသိရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ စည်းများက ဂါဇာဒေသကို ပြုလုပ်နေသော အစ္စရေး စစ်တပ်၏ ထိုးစစ် များကို ရပ်တန့်ရန် တိုက်တွန်း တောင်းဆိုနေသော်လည်းအစ္စရေးစစ်တပ်က ဟားမတ်စ်ခေါင်းဆောင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများဆက်လက်လုပ်ဆောင် လျက်ရှိနေကြောင်းသိရသည်။
အမေရိကန်အပါအဝင် အရှေ့အလယ် ပိုင်းဒေသအတွင်းရှိ နိုင်ငံများသည် အစ္စရေးနှင့်ဟား မတ်စ်လက် နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲအဆုံးသတ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိ အချိန်အထိ အပစ်ခတ်ရပ်စဲ နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
(Ref:bangkokpost)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၀၂၆)ခုနှစ် G20ထိပ်သီးအစည်းအဝေးကို ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော
RELATED POSTS
08 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
08 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
