စံချိန်အသစ်များချိုးဖျက်ရန် စိန်ခေါ်ခြင်းဖြင့် ဂင်းနစ်စံချိန်မှတ်တမ်း၏ နှစ်ပေါင်း (၇၀) ပြည့် နှစ်ပတ်လည် အခမ်းအနားကိုကျင်းပ
Pika(NSS)
ကမ္ဘာ့ဂင်းနစ်စံ ချိန်မှတ်တမ်းအဖွဲ့သည် အိတ်အတွင်းတွင် ခြေထောက်များကိုထည့်ထား ကာမီတာ(၄၀ဝ) အပြေး ပြိုင်ပွဲကို အမြန်ဆုံးပြေးနိုင် မှုစံချိန်အပါအဝင် ချိုးဖျက် ရခြင်းမျိုးမရှိသေးသော ဂင်းနစ်စံချိန်(၇၀)ခုကို ချိုး ဖျက်ရန်အတွက် ကြိုးပမ်းရန် ပရိသတ်များကို စိန်ခေါ်ခြင်းဖြင့် ၎င်း၏နှစ်ပေါင်း (၇၀) ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။ ပထမဆုံး ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်း စာအုပ်ကို လန်ဒန်မြို့ရှိ အားကစားခန်းမရုံတစ်ခု အတွင်းတွင်ပြုစုခဲ့ခြင်းဖြစ်ပြီး (၁၉၅၅)ခုနှစ် ဩဂုတ်လ (၂၇) ရက်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ချိုးဖျက်ရခြင်းမျိုးမရှိသေးသော ဂင်းနစ်စံချိန်မှတ်တမ်းဝင်သည့်စံချိန်(၇၀)ခုကို ကြိုးပမ်းရန် ပရိသတ်များ ကိုစိန်ခေါ်ခြင်းဖြင့် နှစ်ပေါင်း (၇၀)ပြည့် နှစ်ပတ်လည်အခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဂင်း နစ်စံချိန်မှတ်တမ်းများထဲတွင် အိတ်အတွင်းတွင် ခြေထောက်များကိုထည့်ထားကာ မီတာ(၄၀ဝ)အပြေးပြိုင်ပွဲကို အမြန် ဆုံးပြေးနိုင်မှု၊ ဒင်္ဂါးပြားကို ခွက်အတွင်းသို့ အဝေးဆုံးအကွာအဝေးမှ ပစ်ထည့်နိုင်မှု၊ အဝေးဆုံးအကွာအဝေးမှ ပုလင်းကို ထောင်အောင်ပစ်ပြမှု၊ အချိန်စက္ကန့်(၃၀)အတွင်း လက်ဖဝါးချင်းရိုက် မှုအကြိမ်ရေအများဆုံးစံချိန်၊ ငါးထပ်ဖဲချပ်ပိရမစ်ကို အမြန်ဆုံးတည်ဆောက်နိုင်မှု၊ ဘူရီတိုအစားအစာကို အမြန်ဆုံးပြုလုပ်နိုင်မှုတို့ပါဝင်ကြောင်း သိရသည်။ ကမ္ဘာ့ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့၏ အယ်ဒီတာချုပ် Craig Glenday က “ဂင်းနစ်စံချိန်များစွာနဲ့ အောင်မြင်မှုတွေကို နှစ်ပေါင်း (၇၀)ကြာအောင် ထိန်းသိမ်းခွင့်ရတဲ့အတွက် တကယ်ကိုဂုဏ်ယူမိပါတယ်။ ဒီနှစ်ပေါင်း(၇၀)အတွင်း ထူးခြားဆန်းပြားတဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး ဒါတွေက အချိန်အကြာကြီးဆက်လက်တည်ရှိသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ လက်ရှိနဲ့ နောက်မျိုးဆက်အသစ်တွေရဲ့ စံချိန်ချိုးဖျက်မှုအသစ်တွေကို ကျွန်တော်တို့စောင့်မျှော် နေပါတယ်”ဟု ပြော ဆိုခဲ့သည်။
(Ref;UPI)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာမြို့၏ (၄၀) ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ကြောင်း အစ္စရေးစစ်တပ် အတည်ပြု
RELATED POSTS
12 Feb 2026 | အနုပညာ,နိုင်ငံတကာ
12 Feb 2026 | အနုပညာ,နိုင်ငံတကာ
