Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်


ပြည့်ဖြိုး  (NSS)   

ပြည်တွင်းဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်လာနိုင်သော စက်တင်ဘာလဆန်းသို့ ရောက်ရှိလာပြီ ဖြစ်ရာ ယခုရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ မိုးရာသီကာလ နှောင်းပိုင်းသို့‌ ရောက်ရှိလာပြီ ဖြစ်ပြီး မုတ်သုံလေ ဆုတ်ခွာမှုနှင့်အတူ ပွင့်လင်းရာသီဥတုသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဆန်စပါး လုပ်ငန်းအချို့ မှာရိတ်သိမ်းချိန်ရောက်ရှိလာပြီး ပြည်တွင်းဆန်ဈေး ကွက်အတွင်း ဆန်ဈေးကျဆင်းခြင်းများ ကြုံတွေ့ နေရကြောင်း တောင်သူအချို့မှ ပြောကြားသည်။ ပွင့်လင်းရာသီရောက်ရှိလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း အများစုမှာရပ်နား ထားရဆဲဖြစ်ပြီး အဓိကအခက်အခဲဖြစ်သော ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များကို သက်ဆိုင်ရာမှတင်သွင်းခွင့် ရပ်ဆိုင်းထားခြင်းကြောင့်ဖြစ်သည်။ 

ဆောက်လုပ်ရေးလုပ်ငန်းတွင် အများစုမှာဘိလပ်မြေနှင့် သံကိုသာအဓိကဟု ထင်မြင်ကြသော်လည်း အခြားလို အပ်သောကုန်စည်အများစုမှာ သက်ဆိုင်ရာမှ ပြည်ပမှတင်သွင်း ခွင့်ပါမစ်များ ပိတ်ပင်ထားဆဲဖြစ်ရာ လိုအပ်ချက်ကြီး မားနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေ အနေမှာ ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများòန်ကြားမှု ဦးစီဌာနမှ တရားဝင်ထုတ်ပြန် သောစာရင်းများအရ ဒေါ်လာ (၁၁၈)သန်းဝင်းကျင်သာပြည်တွင်းသို့ဝင်ရောက်ကြောင်း သိရသည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကျဆင်းခြင်းသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကို ပိုမိုဖြစ်ပေါ်စေရုံသာမက ဘဲစီးပွားရေးတိုးတက်မှုကို လည်း အဟန့်အတားဖြစ် စေနိုင်သည်။ 

ပြည်တွင်းစက်သုံးဆီဈေး ကွက်အတွင်း စက်သုံးဆီဈေးများတည်ငြိမ်သော အခြေအနေတွင်ဆက်လက်ရပ် တည်နေသော်လည်း စားသုံးဆီဈေးကွက်အတွင်းစားအုန်းဆီဈေးများ ပြန်လည်မြင့် တက်လာနေသည်။ စားအုန်းဆီကို ခွဲတမ်းဖြင့်ရောင်းချနေ ခြင်းကြောင့်သာ အခြေခံပြည်သူများအထိုက် အလျောက် အဆင်ပြေနေခြင်းဖြစ်ပြီး ပြင်ပ စားအုန်း ဆီမှောင်ခိုဈေးကွက်အတွင်းတွင် ဈေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက် အတွင်း ရွှေဈေးများပြန်လည်မြင့်တက်လာပြီး လတ်တလောတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၇)သိန်းခုနှစ်သောင်းအထိ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး နှုန်းအပေါ်မှုတည် ကာအပြောင်း အလဲဖြစ်ပေါ်နေ ဆဲဖြစ်ပြီး ပွင်းလင်းရာသီရောက်ချိန်တွင် ပိုမိုသိသာ လာနိုင်သည်။ လက်ရှိ ကမ္ဘာ့ရွှေဈေးသည် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ (၃၅၀ဝ)ဝန်းကျင်သို့ ရောက်ရှိနေရာ ပြည်တွင်းရွှေဈေးမှာအထိုက်အ လျောက်မြင့်တက်လာခြင်းဖြစ်သည်။ ရွှေဈေးမြင့် တက်နေသော်လည်း ပြည်တွင်းငွေလဲနှုန်းမှာ အကျ ပိုင်းသို့ရောက် ရှိနေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၃၃၀) ဝန်းကျင်ဖြင့် ပြင်ပဈေးကွက်တွင်အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။ လာမည့် ရက်ပိုင်းအတွင်း ဈေးကွက်အပြောင်းအလဲများ မြင်တွေ့ နိုင်မည်ဖြစ်ပြီး စက်တင်ဘာလသည် စောင့်ကြည့်ရ မည့်လတစ်လဖြစ်သည်။

(ပြည်တွင်းရွှေဈေးကွက်နှင့်ငွေလဲဈေးနှုန်း)

ပြည်တွင်းရွှေဈေးကွက်အတွင်း ဩဂုတ်လကုန်ပိုင်းက ရွှေဈေးများဆက်တိုက်ကျဆင်းခဲ့ရာမှ လက်ရှိ တွင် ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြန်လည်မြင့် တက်လာပြီဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် ဩဂုတ်လကုန်ပိုင်က တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ (၃၃၂၀)ခန့်အထိကျဆင်းခဲ့ရာမှ လက်ရှိ စက်တင်လာ (၂)ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၃၄၉) အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းရွှေ ဈေးသည်လည်း အထိုက်အလျှောက်ပြန်လည်မြင့် တက်လာရာ အခေါက်ရွှေတစ်ကျပ်သားလျှင်  ဩဂုတ်လ (၂၇)ရက်နှင့် ဩဂုတ် (၂၈)တွင် (၇၆)သိန်းသုံး သောင်း၊ ဩဂုတ်လ (၂၉)ရက်တွင် (၇၆)သိန်း ရှစ်သောင်း ၊ ဩဂုတ်လ (၃၀)နှင့် (၃၁)ရက်တွင် (၇၇)သိန်းတစ်သောင်း၊ စက်တင် ဘာ(၁)ရက်တွင် (၇၇)သိန်းငါးသောင်းမှ လက်ရှိစက်တင်လာ(၂)ရက်တွင် (၇၇)သိန်းခုနှစ်သောင်းအထိ ရောက်ရှိလာ ပြီဖြစ်သည်။ ပြည်တွင်းအခေါက် ရွှေဈေးသည်ကမ္ဘာ့ရွှေ ဈေး၊ ပြည်တွင်းဒေါ်လာဈေးများနှင့်အတူ အပြောင်းအလဲ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ပြင်ပရွှေဈေးကွက်ဈေး နှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ အခေါက် ရွှေကို မှောင်ခိုစနစ်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြပြီး (၁၅)ပဲရည် ရွှေထည်ဈေးကွက်တွင်လည်း အရောင်း အဝယ်အေးနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှသိရသည်။ ရွှေအထည် (၁၅)ပဲရည်ဈေးမှာလည်း တစ်ကျပ်သားလျှင် (၇၃)သိန်း တစ်သောင်းခွဲအထိ ဈေးတန်းရှိနေပြီး အလျှော့ တွက်လက်ခပေါ်မူတည်ကာ အပြောင်းအလဲရှိနိုင် သည်။ လက်ရှိရွှေဈေးကွက်သည် ပွင်လင်းရာသီ စပါးပေါ်ချိန်ပဲပေါ်ချိန်တွင် ဈေးနှုန်းမြင့်တက်လေ့ရှိ သောကြောင့်လာ မည့်ရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ ရွှေဈေးများ ပြန်လည်မြင့်တက်သော်လည်း ပြည်တွင်း ဒေါ်လာဈေးမှာ အနိမ့်ပိုင်းဖြင့်ဆက်လက်ရပ်တည်နေသည်။ ယခင် ဇွန်၊ ဇူလိုင်လများက အမေရိကန်ဒေါ်လာဈေးများမှာ တစ်‌ဒေါ်လာလျှင် (၄၅၀ဝ)ကျပ် ဝန်းကျင်ရှိနေရာမှ လက်ရှိတွင် တစ်ဒေါ်လာလျင် (၄၃၃၀)ကျပ်အထိ ကျဆင်းလာရာ အထွေထွေဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်ဖွယ်ရှိနေသည်။ ဒေါ်လာဈေးကျ ဆင်းရခြင်းမှာ ပို့ကုန်/သွင်းကုန် လုပ်ငန်းများအတွင်း ဒေါ်လာဝယ်ယူမှုကျဆင်းခြင်း နှင့်သက်ဆိုင်သည့်အပြင် ဗဟိုဘဏ်မှလည်းနိုင်ငံခြား ငွေများ ဆက်တိုက် ထုတ်ရောင်းနေခြင်းကြောင့် သက်ရောက်မှုများဖြစ် ပေါ်နေသည်။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေများကို အွန်လိုင်း ဈေးကွက်မှထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး သက်ဆိုင်ရာသွင်းကုန်လုပ်ငန်းများအနေဖြင့် ဗဟို ဘဏ်၏ ဈေးကွက်အတွင်း ဝင်ရောက်ဝယ်ယူနေရ ခြင်းဖြစ်သည်။ စက်တင်ဘာ(၁)ရက်တွင် ဗဟိုဘဏ်က CMP လုပ်ငန်း များမှဝယ်ယူထားသောအမေရိ ကန်ဒေါ်လာ ၁.၆၀၄ သန်းကို စက်သုံးဆီ ကုမ္ပဏီများအား‌ ရောင်းချပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင်နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိအချိန်တွင် ကော့သောင်း-ရနောင်း လမ်း ကြောင်းတစ်ခုသာ ကျန်ရှိနေသဖြင့် ပြည်တွင်းဈေးကွက်အတွင်းဒေါ်လာလိုအပ်ချက်ကျဆင်းလာကြောင်း ကုန်သည် များက သုံးသပ်နေကြသည်။ လာမည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေးဆက်လက် ကျဆင်းနေနိုင်ကြောင်းသိရသည်။ 

(နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့်မြန်မာ့စီးပွား‌ရေး)

နိုင်ငံရေးအပြောင်းအလဲများမဖြစ်ပွားမီ (၂၀၂၀-၂၁) ဘဏ္ဍာနှစ်များဖြင့်နှိုင်းယှဉ်မည်ဆိုပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်ဝင် ရောက်ခြင်းသည် ဆိုးရွားစွာ ကျဆင်းနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းသည် စီးပွားရေးတိုးတက်မှုကို ထိခိုက် စေရုံသာမက အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကိုလည်းဖြစ်ပေါ်စေနိုင်သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏများကို လေ့လာကြည့်ပါက (၂၀၂၀-၂၁)ဘဏ္ဍာနှစ်တွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၇၉၁)သန်း အထိရှိနေရာမှ လက်ရှိ  (၂၀၂၃-၂၀၂၄-၂၀၂၅) ခုနှစ်များတွင်တစ်နှစ်ပါ တ်လုံးဒေါ်လာ သန်း(၆၆၀)ဝန်းကျင်အထိ ကျဆင်းလာသည်။ မြန်မာနိုင်ငံသည် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းနေရသည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းကြောင့် လည်း စီးပွားရေးကိုထိခိုက်နေရသည်။  (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံ (FDI) ပမာဏ အမေရိကန်ဒေါ်လာ (၁၁၈.၆၉၉) သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများòန်ကြားမှုဦးစီးဌာန DICA ၏ အချက်အလက်များအရသိရသည်။ လက်ရှိ(၄)လတာအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၂၆)ခု ဝင် ရောက်ထားပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၁၀၆.၂၉၁) သန်း တန်ဖိုးရှိကြောင်း သိရသည်။ ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတွေရဲ့မတည်ငွေရင်း တိုးမြှင့်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၂.၄၀၈) သန်းဖိုး ရှိခဲ့ကြောင်း သိရသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍကို ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် (၂၄)ခုအထိ အများဆုံးဝင်ရောက်ထားပြီး ရေနံနှင့် သဘာဝဓာတ် ငွေကဏ္ဍမှာ လုပ်ငန်းသစ်(၁)ခုနှင့် ဝန်ဆောင်မှု ကဏ္ဍကို လုပ်ငန်းသစ် (၁)ခု ဝင်ရောက်ထားသည်။ မွေးမြူရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းသစ်များ ဝင်ရောက်လာခြင်းမရှိဘဲ ရှိရင်းစွဲ လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းသာ ရှိခဲ့ကြောင်း DICA ၏ အချက်အလက်များအရသိရသည်။ ယခုဘဏ္ဍာနှစ် (၄)လတာအတွင်း မြန်မာနိုင်ငံမှာ တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း DICA မှ သိရသည်။ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံသူ နိုင်ငံ၊ ဒေသပေါင်း (၅၃)ခုကသာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြခြင်းဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပြည်တွင်းစီးပွားရေးကဏ္ဍ (၁၂) ခု ရှိသည့်အနက် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံထား ခြင်းဖြစ်သည်။ အထက်ပါ အချက် အလက်များအရ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆက်လက် ကျဆင်းနေနိုင်ပြီးနိုင်ငံခြားငွေ လိုအပ်ချက်သည် လည်း ဆက်လက်ဖြစ်ပေါ်နေနိုင်သည်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကျဆင်းရခြင်းမှာ လျှပ်စစ်မီးရရှိမှု အပေါ် တွင်လည်းမှု တည်နေရာ လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ 


(ပွင့်လင်းရာသီနှင့်ဆောက်လုပ်ရေး လုပ်ငန်းများ၏အနာဂတ်)

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းအများစုသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည် မရှိသောကြောင့် လုပ်ငန်းများ ရပ်တန့်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။ 

ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်ဟုဆိုပါက အများစုက သံနှင့်ဘိလပ်မြေကိုသာ အထင်‌ရောက်ပြီး ကျန်ကုန်စည်များကို လျစ်လျူရှုထားကြ ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးကြွေပြားများ၊ ပိုက်များ၊ လျှပ်စစ် ဝါယာကြိုးများ၊ အိမ်သုတ်ဆေး များအပါအဝင် ကုန်စည်အများစုမှာသက်ဆိုင်ရာမှ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်း လည်ပါတ်မှုရပ်ဆိုင်းသွား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးသည်ဆောက်လုပ်ရေးလုပ်ငန်းအများစု လုပ်ကိုင်နေရာ ပြည်တွင်းလုပ်သားဈေးကွက်အတွင်း အလုပ်အကိုင် အများစုကိုဖန်တီးပေးနိုင်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ငလျင်မတိုင်မီကာလ ကတည်းက ရပ်တန့်နေပြီး ငလျင်ပြီးနောက် ငလျင်ဒဏ်ခံနိုင်ရည် သတ်မှတ်ချက်များထွက်ပေါ်လာရာ အထပ်မြင့်အဆောက်အအုံလုပ်ငန်းများ လုံးဝနီးပါးရပ်ဆိုင်းသွား ကြောင်းသိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်စည်များဈေးမြင့်တက်နေသည့်အပြင် ဆောက်လုပ် ရေးလုပ်ငန်းသုံးကုန်ကို သွင်းကုန်ပါမစ် ထုတ်မပေးခြင်းကြောင့် လုပ်ငန်းရှင်များအခက်အခဲ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ ထပ်မြင့်အဆောက် အအုံများတွင် ဓာတ်လှေကားတပ်ဆင်လေ့ရှိရာဓာတ် လှေကားပါမစ်ကိုပါ ပိတ်ပင်ထားခြင်းကြောင့် လုပ်ငန်းများလည်ပတ်ရန်ခက်ခဲလာကြောင်းသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းသုံးရေပိုက် သည် ပြည်တွင်းမှ အတန်အသင့်ထုတ်လုပ်နိုင်ခြင်းကြောင့်အ ခက်အခဲမရှိသော်လည်း ကျန်ကုန်စည်များမှာ ပြည်ပ မှ တင်သွင်းနေရခြင်းဖြစ်သည်။ ယခင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဆောက်လုပ်ရေးလုပ် ငန်းသုံးကုန်စည် များ တင်သွင်းနေသော်လည်း လက်ရှိတွင် တင်သွင်းမှုလုံးဝရပ်နားထားရကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ဆောက်လုပ် ရေးလုပ်ငန်းရပ်ဆိုင်းပါက ပြည်တွင်းစီးပွား‌ရေး ကိုထိခိုက်သည့် သာဓကများရှိနေခြင်းကြောင့် သက်ဆိုင် ရာအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကို ပြန်လည် လေ့လာသုံးသပ် သင့်သည်။ လက်ရှိတွင် အထပ်မြင့်အဆောက်အအုံ များနှင့်ဆောက်လုပ်‌ရေးလုပ်ငန်းခွင်အချို့မှာ အကြမ်းထည်သာဆောက်လုပ်ပြီး အချောထည်မကိုင်ဘဲရပ် နားထား ကြောင်း သိရသည်။ လာမည့်ပွင့်လင်းရာသီ ဘာလေးဘာကာလ(စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သည် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် အချိန်ဖြစ်သော်လည်း လက်ရှိအချိန်အထိ ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များ သွင်းကုန်လိုင်စင်ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်ရရှိမှု နှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်သော ဆောက်လုပ်ရေးကဏ္ဍ၏ အလားအလာကို လာမည့် ရက်များအတွင်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။       

                                     


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သရုပ်ဆောင်ဦးပေါ်လေး၏ အရေးပေါ်ကျန်းမာရေးအခြေအနေ (၂)ရက် စောင့်ကြည့်ရမည်

RECENT POSTS
သယံဇာတမရှိသည့်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များရပ်တည်ရန်ခက်ခဲသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော
16 Oct 2026
NCA (၁၁) နှစ်မြောက် အလုပ်ရုံဆွေးနွေပွဲ ဒုတိယနေ့တွင် ငြိမ်းချမ်းရေး၊စီးပွားရေး၊ အပြန်အလှန်ဆက်စပ်မှုနှင့် ဖွင့်ဖြိုးတိုးတက်မှုမှ လူမှုသဟဇာတ ပိုမိုဖြစ်ထွန်းလာပြီး ငြိမ်းချမ်းရေးအထိ မည်သို့ဆောက်သွားမလဲဆိုသည့်ဖြစ်စဉ်အား ဆွေးနွေး - စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦး
16 Oct 2026
အမေရိကန်-မြန်မာအစိုးရကိုယ်စားလှယ်တွေ ဂျပန်မှာ ချိန်းတွေ့၊ HA တွေ မြန်မာကိုပြန်ပေးမယ်လို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော၊ ငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့ထဲက စကားသံအချို့ (၁၆-၁ဝ-၂ဝ၂၆)
16 Oct 2026
ယနေ့ အောက်တိုဘာလ(၁၆)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
16 Oct 2026
အရေပြားယားယံခြင်း နှင့် ရောင်ရမ်းခြင်းများဖြစ်စေသည့် အလှကုန်(၁၄)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အသိပေး
16 Oct 2026
"ငြိမ်းချမ်းရေးကို ပြည့်ပြည့်ဝဝ လုပ်ချင်ရင် ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်ဖို့လိုတယ်" ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ပြော
16 Oct 2026
မန္တလေးတွင် တစ်ပတ်အတွင်း အပူဒါဏ်သင့် ဖျားနာလူနာ(၁၀၀)ထက်မနည်း ဆေးရုံပို့ပေးခဲ့ရဟုဆို
16 Oct 2026
လျှို့ဝှက်ချက်ပေါက်ကြားစေသူတွေအားလုံးကို သတ်ပစ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော
16 Oct 2026
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာ ကရင်ပြည်နယ်အတွက် စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဟု KNU/KNLA-PC အတွင်း​ရေးမှူ(၁)ဗိုလ်မှူးချုပ်​စော​​ကျော်ညွန့် ​ပြော
16 Oct 2026
ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းနေရာအချို့တွင် အရေးပေါ်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဓာတ်အားထုတ်လုပ်မှု (၂၁၁)မဂ္ဂါဝပ်လျော့နည်းနေမည်
16 Oct 2026
တစ်ဖက်မှ သွေးမြေကျတဲ့တော်လှန်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေးကိုသွားနေပြီး တစ်ဖက်တွင်လည်း လူထုအတွက်နိုင်ငံတော်ပြန်တည်ဆောက်နေသည်ဆိုသော အားပြိုင်မှု (၂) ခုအကြား လူထုရှိနေဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော
16 Oct 2026
အမေရိကန်ရှိ မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ်များ သေဆုံး
16 Oct 2026
လေပေါ်ပျံနိုင်သည့်ကားကို Tesla ကုမ္ပဏီ စတင်မိတ်ဆက်
16 Oct 2026
ဂျပန်မှာ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ လျိုဝှက်တွေ့ဆုံဟု ရိုက်တာသတင်းဌာနဆို
16 Oct 2026
တာချီလိတ်တွင် ငွေကျပ်(၈)ဘီလျံနီးပါး တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ
16 Oct 2026
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကျောင်းခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား (၂၇) ဦးနဲ့ ဆရာတစ်ဦး သေဆုံး
16 Oct 2026
မလေးရှားကျောင်းတွေမှာ (၆) လအတွင်း အနိုင်ကျင့်မှုဖြစ်စဉ် (၄,၀၀၀) ကျော် မှတ်တမ်းတင်ခဲ့
16 Oct 2026
မလေးရှားမှာ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၁၅.၇၂) သန်းအထိ ဆုံးရှုံးနိုင်ဖွယ်ရှိ
16 Oct 2026
Apple က AI စွမ်းရည်မြှင့် Siri ပါဝင်တဲ့ HomeView စမတ်အိမ်သုံးစနစ်ကို အမေရိကန်ဒေါ်လာ ၂၉၉ နဲ့ မိတ်ဆက်
16 Oct 2026
ပထမအိမ်ထောင်ကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ဂျက်လီ ငြင်းဆို
16 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved