(၃) နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်လျှပ်စစ်ကဏ္ဍတွင် ကျပ်သန်း ပေါင်း(၂)သိန်းကျော်ဆုံးရှုံးခဲ့
Pearl (NSS) - စက်တင်ဘာ ၇
(၃) နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်လျှပ်စစ်ကဏ္ဍတွင် ကျပ်သန်းပေါင်း(၂)သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှု ကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ် သန်းပေါင်း ၃၆၀၀ ကျော်၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှငွေကျပ်သန်းပေါင်း ၄၀၀၀၀ ကျော် ကျခံဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃၀၀၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
RELATED POSTS
14 Aug 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Aug 2026 | နိုင်ငံရေး,ပြည်တွင်း
