ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
သန့်ဇင်(NSS)-စက်တင်ဘာ ၇
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့( စက်တင်ဘာလ ၆ရက်) ညနေပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော် သို့ ပြန်လည် ရောက် ရှိစဉ် မီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်ချုပ် ဇော် င်းထွန်းက အထက်ပါကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေမှာကောင်းမွန်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်အား လွှမ်းမိုး ရန်လုပ်ကြံထားသည့် သတင်းတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ SCO အစည်းအဝေးပြီးသွားတဲ့အချိန်၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားပြီးသွားတဲ့အချိန်မှာ မီဒီယာတွေတော်တော်များများ မြန်မာခေါင်းဆောင်တက်ရောက်တဲ့ဟာတွေ၊ မြန်မာခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ တစ်ဖက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ သို့သော် သူတို့ပြောတဲ့ဟာတွေ မအောင်မြင်ပါဘူး။ ဒီသတင်းကို လွှမ်းမိုးဖို့ လုပ်ကြံတယ်ဆိုပေမယ့် ကျွန်တော်တို့လည်း အချိန်မီဖြေရှင်းခဲ့ပါတယ်။ အခုမီဒီယာတွေရှေ့မှာ အတိအလင်းပြောပါမယ်။ ဒီသတင်းသည် သတင်းတု သတင်းမှားဖြစ်ပါတယ်။ လုပ်ကြံတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံကို မလိုလားတဲ့၊ ကျွန်တော်တို့ တိုးတက်မှာကို မလိုလားတဲ့ လူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးပိုင်းဆိုင်ရာအခြေအနေဆိုးရွားလာနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃) နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်လျှပ်စစ်ကဏ္ဍတွင် ကျပ်သန်း ပေါင်း(၂)သိန်းကျော်ဆုံးရှုံးခဲ့
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
