ဗင်နီဇွဲလားမြေပေါ်က မူးယစ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ဒေါ်နယ်ထရမ့်စဉ်းစားနေတယ်လို့ CNN ဖော်ပြ
Pika (NP News) - စက်တင်ဘာလ ၇
ဗင်နီဇွဲလားမြေပေါ်မှာရှိတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး CNNသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ကာရေဘီယံပင်လယ်အရှေ့ပိုင်းမှာ စစ်သင်္ဘော(၈)စီးနဲ့ ရေငုပ်သင်္ဘောတစ်စီးတို့ကို ဖြန့်ကျက်ချထားခဲ့မှုနဲ့အတူ အဲဒီအစီရင်ခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကနေ မူးယစ်ဆေးဝါးမှောင်ခိုကူးလာတယ်လို့ ယူဆရတဲ့ သင်္ဘောတစ်စီးကို ဒုံးကျည်နဲ့တိုက်ခိုက်မှုဟာ ဒေသတွင်းမှာမူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပျက်ပြားသွားစေဖို့ ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုတွေရဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ဖြုတ်ချဖို့ အလားအလားတွေရှိနေတယ်လို့ CNNကရေးသားဖော်ပြခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ပထမဆုံးသမ္မတသက်တမ်းအတွင်း ဗင်နီဇွဲလားရဲ့ရေနံကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးကဏ္ဍတို့ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဘယ်နေရာမှာမဆို ဆန့်ကျင်တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က စဉ်းစားနေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
