ခင်ပွန်း (၁၅) ဦးခန့်ကို အဆိပ်ခတ်သတ်ကာ စည်းစိမ်များကိုသိမ်းပိုက်ခဲ့သည့် အီရန်အမျိုးသမီး
Pika (NP News) - စက်တင်ဘာလ ၇
အီရန်နိုင်ငံမှ ကိုလ်ဆမ်အက်ဂ်ဘာရီအမည်ရှိ အသက်(၅၆)နှစ်အရွယ်အမျိုးသမီးသည် (၂၂)နှစ်ကျော်အတွင်း ခင်ပွန်း (၁၁)ဦးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည်ဟုစွပ်စွဲခံခဲ့ရကြောင်းသိရသည်။ သို့သော်လည်း ၎င်းအဆိပ်ခတ် သတ်ဖြတ်ခဲ့သည့် ခင်ပွန်းအရေအတွက်မှာ (၁၁)ဦးထက် ပိုများနိုင်ပြီး အရေအတွက်ကို အတိအကျမှတ်မိခြင်းမျိုး မရှိတော့ကြောင်း ကိုလ်ဆမ်အက်ဂ်ဘာရီက ထုတ်ဖော်ပြောဆိုခဲ့သည်။
ကိုလ်ဆမ်အက်ဂ်ဘာရီသည် နှစ်ပေါင်း (၂၀) ကျော်အတွင်း အသက်ကြီးသော အမျိုးသားများ ကိုသာ ရွေးချယ် ကာလက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ကို သွေးပေါင်ကျဆေး၊ ဆီးချိုဆေးများ၊ စိတ်ငြိမ်ဆေးများ၊ လမ်းဘေး အရက်များဖြင့် အဆိပ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့၏ပိုင်ဆိုင်မှုများနှင့် ခန်းဝင်ပစ္စည်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ၎င်းလက်ထပ်ခဲ့သောအမျိုးသားများမှာ အသက်အရွယ်ကြီးရင့်မှုနှင့် ကျန်းမာရေးအခြေ အနေများကြောင့် သဘာဝအလျောက် သေဆုံးသွားခဲ့ ပုံပေါ်သောကြောင့် ကိုလ်ဆမ်အက်ဂ်ဘာရီကို မည်သူ ကမှ သံသယမဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကိုလ်ဆမ်အက်ဂ်ဘာရီသည် လူအများ အာရုံစိုက်ခံရမှုမှရှောင်ကြဉ်ရန်အတွက် မြို့အများအပြားတွင် လှည့်ပတ်နေထိုင်ခဲ့ကြောင်းလည်းသိရသည်။ ကိုလ်ဆမ်အက်ဂ်ဘာရီ၏ သတ်ဖြတ်မှုသည် (၂၀ဝဝ)ခုနှစ် တွင်စတင်ခဲ့ ခြင်းဖြစ်ပြီး (၂၀၂၃) ခုနှစ် မတိုင်မီအချိန်အထိ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်း နောက်ဆုံးသတ်ဖြတ်ခဲ့သည့် အသက်(၈၂)နှစ်အရွယ် အမျိုးသား၏သားဖြစ်သူက ကိုလ်ဆမ်အက်ဂ်ဘာရီကို သံသယ ဝင်ခဲ့ကာ ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီး နောက် ဖြစ်ရပ်မှန်များပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။
ကိုလ်ဆမ်အက်ဂ်ဘာရီသည် ခင်ပွန်း(၁၁)ဦးကိုသတ်ဖြတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ သော်လည်း အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့်ခင်ပွန်းအရေအတွက်မှာ (၁၃)ဦးမှ (၁၅)ဦးကြားဖြစ်နိုင်ကြောင်း ၎င်းကိုယ်တိုင်က ပြော ကြားခဲ့သည်။ ကိုလ်ဆမ်အက်ဂ် ဘာရီက ‘ဘယ်နှယောက်အထိ သတ်ဖြတ်ခဲ့လဲဆိုတာ ကျွန်မကိုယ်တိုင် မမှတ်မိပါဘူး။ အရေအတွက်က (၁၃)ဦးကနေ (၁၅)ဦးကြားဖြစ်နိုင်ပါတယ်။ အရေအတွက်အတိအကျကိုတော့ ကျွန်မ မမှတ်မိတော့ ပါဘူး’ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
‘ မင်္ဂလာယူချိန်အဖျက်ဝင်မှု ’ (အနုပညာသတင်း အနှစ်ချုပ်)
RELATED POSTS
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
