Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
SCO ထိပ်သီးအစည်းအဝေးအပြီး ရုရှား-အိန္ဒိယ-တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေး အလေးထားစရာဖြစ်လာ

(NP News) - စက်တင်ဘာလ ၇ 


   ပူတင်-ထရမ့် အလက်စကာ ထိပ်သီး အစည်းအဝေးအပြီးမှာ ရုရှားဟာ နိုင်ငံတကာ သံတမန်ရေးရာမှာ မရှိမဖြစ် တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသေးတယ်ဆိုတာ ထပ်လောင်းပြသလိုက်ပါတယ်။ နိုင်ငံတကာလုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးတဲ့အခါ ဝါရှင်တန်နဲ့ မော်စကိုတို့ကို လုံးဝချန်လှပ်ထားလို့ မရနိုင်ဘူးဆိုတာကို သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံ ဆွေးနွေးခဲ့တာက သက်သေပြနေပါတယ်။ ရက်အနည်းငယ်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နယူးဒေလီ ကိုသွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူဟာ အမျိုးသား လုံခြုံရေးအကြံ ပေးပုဂ္ဂိုလ် အာဂျစ်ဒိုဗယ်နဲ့အတူ နယ်နိမိတ်အရေး ဆွေးနွေးပွဲတွေကို ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာနဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ပြင် ဝန်ကြီးချုပ်မိုဒီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေဟာ အိန္ဒိယအနေနဲ့ ပဋိပက္ခဖြစ်စရာ ကိစ္စရပ်တွေကို လက်ရှိတည်ဆဲ ဆွေးနွေးရေး လမ်းကြောင်းတွေကနေတစ်ဆင့် ဆက်လက်ကိုင်တွယ်ဖြေရှင်းဖို့ ပွင့်လင်းကြောင်း မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒါ့ပြင် ကမ္ဘာ့ကုန်သွယ်ရေး မရေရာမသေချာမှုတွေ မြင့်တက်နေချိန်မှာ ဩဂုတ်လ (၃၁) ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်း မြို့မှာကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်း အဝေးကို အိန္ဒိယနိုင်ငံ တက်ရောက် လာတဲ့အတွက် အိန္ဒိယ-တရုတ် ဆက်ဆံရေးကို ပြန်လည် ချိန်ခွင်လျှာညှိနှိုင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ် လာခဲ့ပါတယ်။ 


  အချိန်အတော်ကြာ ရပ်ဆိုင်းနေခဲ့တဲ့ ရုရှား -အိန္ဒိယ-တရုတ် သုံးပွင့်ဆိုင်ဆက်ဆံရေးဟာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့  SCO ထိပ်သီးအစည်းအဝေးမှာ အာရုံစိုက်ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်နဲ့ တရုတ် သမ္မတ ရှီတို့ဟာ မှတ်တမ်း ဗီဒီယိုထဲမှာ ပြုံးရယ်နေကြပြီး နွေးထွေးတဲ့ အမူအရာတွေ ဖလှယ်နေကြတာကို တွေ့မြင်ရပါတယ်။ ‘တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ  SCO ထိပ်သီးအစည်း အဝေးအတွင်း သမ္မတပူတင်၊ သမ္မတရှီတို့နဲ့ အမြင်ချင်းဖလှယ်ခဲ့ကြတယ်’လို့ ဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့ X မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီက ကမ္ဘာ့ ခေါင်းဆောင်နှစ်ဦးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း မျှဝေခဲ့ပါတယ်။ ထိပ်သီးအစည်း အဝေးရဲ့ ဒုတိယနေ့မှာ သမ္မတရှီကျင့်ဖျင်က ဒေသတွင်း ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားခဲ့ပြီး ကမ္ဘာ့အခင်းအကျင်းမှာ ဖြစ်ပေါ်နေတဲ့ ‘အနိုင် ကျင့်ဗိုလ်ကျတဲ့ အပြုအမူတွေ’ ကို ပစ်မှတ်ထား ပြောဆိုခဲ့ပါ တယ်။ ဒါ့ပြင် ရှီက ပူတင်နဲ့ ဝန်ကြီးချုပ် မိုဒီအပါအဝင် ခေါင်းဆောင်တွေကို ‘တရားမျှတမှုကို လိုက်နာကြဖို့၊ စစ်အေးခေတ်စိတ်ဓာတ်၊ အနိုင်ကျင့် ဗိုလ်ကျတဲ့ အပြုအမူတွေကို ဆန့်ကျင်ကြဖို့’ တောင်းဆိုခဲ့ပါတယ်။


တစ်ချိန်တည်းမှာပဲ အစဉ်အလာအရ မိတ်ဖက်တွေဖြစ်ခဲ့ကြတဲ့ အမေရိကန်နဲ့ အိန္ဒိယကြား ဆက်ဆံရေးဟာ တဖြည်းဖြည်းအေးစက်လို့ လာခဲ့ပါတယ်။ ထရမ့်အစိုးရက အိန္ဒိယနိုင်ငံက ရုရှားရေနံ ဝယ်ယူတာဟာ အမေရိကန်နဲ့ ဆက်ဆံရေးပြို ကွဲရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။ ထရမ့်ရဲ့ ကုန်သွယ်ရေးအကြံပေး ပီတာ နာဗာရိုက အိန္ဒိယရဲ့ ရုရှားရေနံဝယ်ယူမှုကို ‘အခွင့် အရေးယူတယ်’ လို့ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ထရမ့်က အိန္ဒိယ နိုင်ငံက ရုရှားရေနံကို ဆက်လက် ဝယ်ယူနေတဲ့အတွက် အိန္ဒိယပစ္စည်းတွေအပေါ် (၅၀) ရာခိုင်နှုန်း အခွန်တွေတိုးမြှင့် ကောက်ခံခဲ့ပါတယ်။ ဒီလို အခွန်တွေ စတင်ကောက်ခံပြီး နောက်ပိုင်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီး ပီယွစ်ရှ် ဂိုယယ်က ‘အိန္ဒိယဟာ ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်သလို ဘယ်တော့မှလည်း အားနည်းပုံပေါ် နေမှာမဟုတ်ဘူး’ လို့ ပြောကြား ခဲ့ပါတယ်။ ဒါ့ပြင် မကြာသေးခင်က နယူးယောက်တိုင်းမ်သတင်းစာရဲ့ ဖော်ပြချက်အရ မိုဒီက အိန္ဒိယနဲ့ ပါကစ္စတန်တို့ ကြား မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ထရမ့်က ပြေလည်အောင် ကြားဝင်စေ့စပ်ပေးခဲ့တယ်ဆိုတဲ့ အဆိုကို လက်ခံဖို့ ငြင်းဆိုခဲ့တာရယ်၊ အမေရိကန် သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းဖို့ ငြင်းဆို ခဲ့တာ တွေဟာ ဆက်ဆံရေး ပြိုကွဲရခြင်းရဲ့ အကြောင်းရင်းတချို့ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။


မိုဒီရဲ့ တရုတ်နိုင်ငံဘက်ကိုလှည့်လာတဲ့ ခြေလှမ်းဟာ အမေရိကန်အတွက် ဗျူဟာမြောက် ထိုးနှက်ချက်တစ်ခုလို့ ရှုမြင်နိုင်ပေမယ့် ဒီထိပ်သီး အစည်းအဝေးဟာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေနဲ့ ရှီရဲ့ရပ်တည်ချက်ကို မြှင့်တင်ပေးဖို့နဲ့ ကမ္ဘာ့ရေးရာတွေမှာ အနောက်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ပုံရပါတယ်။ အမေရိကန်က မဟာ မိတ်နိုင်ငံတွေရော ပြိုင်ဘက်နိုင်ငံတွေပါမကျန် ကုန်သွယ်ရေးစစ်ပွဲတွေလုပ်နေချိန်မှာ တရုတ်က တူကီယဲ၊ မလေးရှားနဲ့ ပါကစ္စတန်လို ဖွံ့ဖြိုးဆဲစီးပွား ရေးနိုင်ငံတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေပါတယ်။ 


ဒီနှစ် ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဓိကထားပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီအတော အတွင်းမှာပဲ ပူတင်ကလည်း ယူကရိန်းမှာ ဆက်လက် ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ‘ထရမ့်ဟာ မိုဒီကို ဘယ်လိုများ စိတ် အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်လို့ အခုလို ရှီကျင့်ဖျင်၊  ပူတင်တို့နဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေရတာ လဲ’ လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ Hoover Senior Fellow နဲ့ ရုရှားဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မိုက်ကယ် မက်ဖောလ်က X မှာ ရေးသားခဲ့ပါတယ်။ ‘ပြီးခဲ့တဲ့နှစ်ကတောင် တရုတ်နဲ့ အိန္ဒိယတို့ စစ်ဖြစ်ခဲ့ကြတာ’ လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ရှီနဲ့ မိုဒီ နှစ်ဦးစလုံးဟာ အချိန်ကြာမြင့်စွာကတည်းက သံသယတွေနဲ့ မဖြေရှင်း နိုင်သေးတဲ့ နယ်စပ် အငြင်းပွားမှုတွေကြောင့် တင်းမာနေတဲ့ဆက်ဆံရေးကို ပြန်လည်စတင်ဖို့ ကြိုးစားနေပုံရပါတယ်။ ‘အိန္ဒိယဟာ အနောက်နိုင်ငံတွေ (အထူးသဖြင့် အမေရိကန်) က ထင်ထားသလို တရုတ်ကို ကာကွယ်ပေးမယ့် မြေကတုတ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မိုဒီရဲ့ တရုတ်ခရီးစဉ်ဟာ အလှည့်အပြောင်းတစ်ခု တော့ ဖြစ်နိုင်ပါတယ်’ လို့လည်း တချို့က သုံးသပ် ရေးသားခဲ့ပါတယ်။ 


ပူတင်ကတော့ သူရဲ့ ခရီးစဉ်မတိုင်ခင်မှာ ဒီထိပ်သီးအစည်းအဝေးဟာ တက်ရောက်လာတဲ့ နိုင်ငံတွေကြား “စည်းလုံးညီညွတ်မှုကို ခိုင်မာစေမယ်၊ ပြီးတော့ ပိုမိုမျှတတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ ကမ္ဘာ့စနစ် သစ်တစ်ခုကို ပုံဖော်ဖို့ အထောက်အကူဖြစ်စေမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပူတင်က တရုတ် နိုင်ငံကို မထွက်ခွာမီမှာ ကမ္ဘာ့ကုန် သွယ်ရေးအပေါ်  ‘ခွဲခြားဆက်ဆံတဲ့ ပိတ်ဆို့အရေးယူမှုတွေ’ ကို မော်စကိုနဲ့ ပေကျင်းတို့ အတူတကွ ရပ်တည်ဆန့်ကျင် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီထိပ်သီး အစည်းအဝေးကို မြောက်ကိုရီးယား၊ အီရန်၊ မြန်မာနဲ့ ဘီလာရုစ်တို့လို ကမ္ဘာမှာ ပိတ်ဆို့အရေးယူမှု အပြင်း ထန်ဆုံး ခံနေရတဲ့ နိုင်ငံအချို့ပါ တက်ရောက်ခဲ့ကြ ပါတယ်။


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးအတွင်းမှာ စာချုပ် (၂၀) ကျော်ကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင် ရှီက SCO  ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို အရှိန်မြှင့်တင်ပြီး ဖန်တီးသွားမယ် လို့လည်း ကြေညာခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကို သုံးနှစ်အတွင်း ဒေါ်လာ (၁ ဒသမ ၄) ဘီလျံ ချေးငွေပေးမယ်လို့ လည်း ကတိပြုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ လုံခြုံရေးကိုသာ အဓိကထားတဲ့ SCO အဖွဲ့ရဲ့ ဩဇာ လွှမ်းမိုးမှုကို ကျယ်ပြန့် အောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ “လက်ရှိမှာ ကမ္ဘာ့အခြေအနေက ပိုပြီး ရှုပ်ထွေး၊ မတည်မငြိမ်ဖြစ်လာတာနဲ့အမျှ အဖွဲ့ဝင် နိုင်ငံတွေဟာ ပိုပြီး ခက်ခဲတဲ့ ဘေးကင်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတာဝန်တွေကို ရင်ဆိုင်နေရတယ်” လို့ ရှီက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။


ဒီ  SCO ထိပ်သီးအစည်းအဝေးက တင်းမာမှုတွေကိုလျော့ပါးစေဖို့အတွက် ထူးခြားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ် လာစေမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယနဲ့ ဆက်ဆံရေး တိုးတက်လာမှုက ပေကျင်းရဲ့ ဩဇာလွှမ်းမိုးမှုကို အားကောင်းလာစေနိုင်တယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။ “အိန္ဒိယနဲ့ ဆက်ဆံရေး တိုးတက်လာတာဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါဟာ အိန္ဒိယကို စက်မှုလုပ်ငန်းတွေနဲ့ ကုန်ထုတ် လုပ်ငန်းတွေ မြှင့်တင်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ ဉာဏ ပစ္စည်းပိုင်ဆိုင်မှုတွေကို ရရှိစေနိုင်ပါတယ်” လို့  GeoMacro Strategy BCA Access ရဲ့ မဟာဗျူဟာမှူးချုပ် မာကိုပါပစ်ခ်က ပြောပါတယ်။ ‘ဒါပေမဲ့ ရေရှည်မှာတော့ အမေရိကန်ဟာ တရုတ်ကို အဓိက ပြဿနာရှာတဲ့သူအဖြစ် ပုံဖော်ဖို့ ကြိုးစားတဲ့ ဝါဒဖြန့်တိုက်ပွဲမှာ ရှုံးနိမ့်နေပါတယ်။ ဒါကပဲ ဘက်ပေါင်းစုံ ပါဝင်တဲ့ ကမ္ဘာ့အခင်းအကျင်းကို ပိုပြီး ခိုင်မာစေပါတယ်’ လို့ သူက ထပ်လောင်းပြော ကြားခဲ့ပါတယ်။


ရှီက SCO အစည်းအဝေးပွဲရဲ့ ဒုတိယနေ့ (နေ့လယ်ပိုင်း) မှာတော့ အသေးစိတ်အချက်အလက် တွေကို ထပ်မံ ထုတ်ဖော်ခြင်းမရှိဘဲ “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ်”အတွက် အဆိုပြုချက်တစ်ခုကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှီ ကြေညာခဲ့တဲ့      ‘ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အစီအစဉ်’ နဲ့ ‘ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ အစီအစဉ်’ လိုမျိုး အလားတူအစီအစဉ်တွေနောက် မှာ ထပ် လိုက်လာတာဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံတကာဥပဒေတွေကို အညီအမျှအသုံးပြုဖို့ တောင်းဆိုတဲ့အထဲမှာ တရုတ် သမ္မတက “နိုင်ငံတချို့ရဲ့ ပြည်တွင်းစည်းမျဉ်းတွေကို တခြားနိုင်ငံတွေအပေါ်မှာ ချမှတ်တာမျိုး မလုပ်သင့်ပါဘူး” လို့ သတိပေးခဲ့ပါ တယ်။ 


အချုပ်အားဖြင့်ဆိုရလျှင် SCO အစည်းအဝေးပြီးနောက် ရုရှား- အိန္ဒိယ- တရုတ် သုံးနိုင်ငံ ဆက်ဆံရေးမှာ ထင်ထင်ပေါ်ပေါ်ဖြစ်လာခဲ့ပြီး ၎င်း အင်အားကြီး သုံးနိုင်ငံရဲ့ ပေါင်းစည်းမှုဟာ အနောက်အုပ်စုအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သော်လည်း Multipolar ပုံစံအသွင် ကူးပြောင်းလာသော ကမ္ဘာ့အခင်းအကျင်းအတွက် ကောင်းမွန်သော အလားအလာတစ်ခုဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါသည်။

ကိုးကား

https://www.cnbc.com/2025/09/01/sco-summit-xi-ai-cooperation-reject-cold-war-mentality-putin-modi-china-india-russia.html

https://edition.cnn.com/2025/09/01/china/china-sco-summit-xi-address-intl-hnk

https://www.politico.eu/article/chinas-xi-welcomes-putin-modi-trump-roils-global-relations/


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခင်ပွန်း (၁၅) ဦးခန့်ကို အဆိပ်ခတ်သတ်ကာ စည်းစိမ်များကိုသိမ်းပိုက်ခဲ့သည့် အီရန်အမျိုးသမီး

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved