ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည်ထိန်းချုပ်
သုတကျော် (NP News) - စက်တင်ဘာ ၆
ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ အာရှလမ်းမကြီးနှင့် သင်္ကန်းညီနောင်မြို့ကို KNU၊ KNLA ၊PDF အကြမ်းဖက်သမားများက ပြီးခဲ့သည့် နှစ်က စတင်ဖြတ်တောက်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ထိန်းချုပ်ပြီးနောက် ပြည်သူများမှာ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲများ ဖြစ်ခဲ့ကြရသည်။
ယင်းနောက် တပ်မတော်က နယ်မြေရှင်းလင်းကာ ထိုးစစ်ကို အရှိန်မြှင့်၍ အာရှလမ်းမကြီး ၏ ဘယ်၊ ညာ မှ လည်းကောင်း၊ အာရှလမ်းမကြီးပေါ်မှ လည်းကောင်း၊ ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်းလည်းကောင်း တပ်ရင်းများဖြင့် ချီတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆင့်ဆင့် ချီတက်သိန်းပိုက်ခဲ့ရာ ယနေ့ (စက်တင်ဘာလ ၆ ရက်) တွင် အာရှလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင်အွန်လိုင်းလောင်းကစား နှင့် အေးဂျင့် များကို အရှိန်အဟုန်မြင့် တားဆီးရန်လိုအပ်နေ
RELATED POSTS
14 Aug 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Aug 2026 | နိုင်ငံရေး,ပြည်တွင်း
