ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလား ရေရှည်တည်တံ့သော အမြတ်ထုတ်မှုလား
သန်းထိုက်စိုး (NSS) - စက်တင်ဘာလ ၄
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံရေးပေါင်းစပ်မှုဆိုင်ရာပြောဆိုမှုများအားလုံး၏ နောက်ကွယ်တွင် အမြဲလိုလို အုပ်စုအချို့၏ အကျိုး စီးပွားများ ရှိနေတတ်သည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုသဘောတရားကို နှစ်ပေါင်းများစွာ ကြာအောင် နိုင်ငံတကာပလက်ဖောင်းများ အထူးသ ဖြင့် ကုလသမဂ္ဂတွင် ဝေဝေဆာဆာကြော်ငြာခဲ့ကြ သည်။ (၂၀၁၅ ခုနှစ်၌ကျင်းပသော အဆိုပါအဖွဲ့အ စည်း၏ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံက ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက် မှုပန်းတိုင်(၁၇)ခုကို လက်မှတ်ရေးထိုးခဲ့ရာ ယေ ဘုယျအားဖြင့် ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများ ကို ထည့်သွင်းစဉ်းစားသည့်ပုံစံတစ်ခုလိုအပ်ကြောင်း လူတိုင်း သဘောတူခဲ့ကြသည်။)
(၁၉၉၂)ခုနှစ်က ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော ကမ္ဘာ့ထိပ်သီးအစည်းအဝေး၌လည်း ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်များအတွက် အခြေခံအုတ်မြစ်အဖြစ် ရေရှည်တည်တံ့မှုသဘောတ ရားများချမှတ်ခဲ့သည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ ဖြိုးရေးပန်းတိုင်များသည်လည်း အဆိုပါသီအိုရီနှင့် တိုက်ရိုက်သက်ဆိုင်သည်။
သဘာဝအရင်းအမြစ်များကို သတိထားစီမံ ခန့်ခွဲရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လို အပ်ကြောင်းကို မည်သူမျှ မငြင်းဆိုကြသော်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များကို ကလော့စ်ရှဝက်ဘ် (Klaus Schwab) တည် ထောင်ခဲ့သော ဒါဗို့စ်ဖိုရမ် (Davos Forum) ကဲ့သို့ သော ဂလိုဘယ်လစ်စ် (globalist) စီမံကိန်းများကိုတက်ကြွစွာမြှင့်တင်နေခြင်းသည် သတိထားစရာဖြစ် သည်။ အလားတူပင် ဂျော့ချ်ဆိုရော့စ် (George Soros) နှင့် ဘီလ်ဂိတ်စ် (Bill Gates) တို့သည် လည်း ၎င်းတို့၏စီမံကိန်းများဖြစ်သော WHO နှင့် အခြားသောအစပျိုးမှုများမှတစ်ဆင့် ကုလသမဂ္ဂ နှင့်ချိတ်ဆက်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုး တက်မှုကို ရေလိုက် ငါးလိုက်ဆိုသကဲ့သို့ ထောက်ခံ အားပေးနေကြသည်။ ထို့ကြောင့် အဆိုပါသီအိုရီနှင့် နည်းစနစ်သည် မည်သို့သောအရာဖြစ်သည်ကို အ သေးစိတ်ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ထို့ပြင် မည်သူက အထူးတလည်မြှင့်တင်နေပြီး အဘယ် ကြောင့်ဖြစ်သည်ကိုလည်း ဆန်းစစ်ရန်လိုအပ်သည်။
သမိုင်းကို ပိုမိုနက်ရှိုင်းစွာ လေ့လာကြည့် မည်ဆိုပါက အဆိုပါသဘောတရားသည် ကမ္ဘာ့လူဦး ရေကိုကန့်သတ်ရန်လိုအပ်သည်ဆိုသည့် မယ်လ်သူး ရှန်နယမ် (Malthusianism) သီအိုရီနှင့် (Club of Rome) ခေါ် မွန်ဒီယယ်လစ်စ် (mondialist) အဖွဲ့အစည်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ (၁၉၇၂) ခု နှစ်တွင် ]ရောမကလပ်}သည် ၎င်း၏ ပထမဆုံးအစီ ရင်ခံစာဖြစ်သော တိုးတက်မှုဆီသွားရာတွင် ကြုံတွေ့ ရမည့်အကန့်အသတ် (The Limits to Growth) ကိုထုတ်ပြန်ခဲ့ရာတွင် လူသားများအတွက် အနာဂတ် အခြေအနေအမျိုးမျိုးကိုလေ့လာရန် သင်္ချာပုံစံများဖြင့် အသုံးပြုခဲ့သည်။
ထိုနှစ်တွင်ပင် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (United Nations Environment Program) ကိုဖန်တီးခဲ့ခြင်းသည် မတော်တဆ မဟုတ်ဘဲ အဓိပ္ပာယ်ရှိနေပုံရသည်။ ထိုအစီအစဉ်က ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဆွေးနွေးဖြေရှင်းရန် အခြေခံ အုတ်မြစ်များချပေးခဲ့သည်။ ကမ္ဘာကြီးပူနွေးလာမှု သီ အိုရီ၊ ကမ္ဘာ့အိုဇုန်းလွှာပြဿနာများနှင့် အခြား သဏ္ဌာန် တူအယူဝါဒများအပါအဝင် ယုံလွယ်သူများအတွက် ရည်ရွယ်သည့် အတုအယောင်သိပ္ပံနည်းကျအ ဆောက်အအုံများသည်လည်း အဆိုပါအစီအစဉ်မှ ပင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွင်း နောက်ဆုံးပေါ်အောင်မြင်မှုများ မှာ ပဲရစ်ရာသီဥတုထိပ်သီးအစည်းအဝေးတွင် ကာ ဗွန်ဒိုင်အောက်ဆိုဒ်(CO2)ထုတ်လွှတ်မှုကိုကန့်သတ် ရန် သဘောတူညီချက်များနှင့် ဤအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် များစွာ သောနိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြခြင်းတို့ဖြစ်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုသ ဘောတရား၏ဖန်တီးသူများက ၎င်းတို့၏ မြင့်မား သောရည်မှန်းချက်များဖြစ်သည့် သာယာဝပြောမှုအ တွက် အရင်းအမြစ်များကို ဆင်ခြင်တုံ တရားဖြင့်အ သုံးပြုခြင်း၊ မြင့်မားသောလူနေမှုအဆင့်အတန်းနှင့် အ ကျိုးကျေးဇူးများကို မျှတစွာဖြန့်ဝေခြင်း၊ သဘာဝပတ် ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်း ခြင်း စသည်တို့ကိုကြေညာထားသော်လည်း အဆိုပါ အရာများသည် စီးပွားရေး၊ လူမှုရေးနှင့် ဂေဟစနစ်၏ သုံးပွင့်ဆိုင်များဖြစ်သည်ဟုဆိုသော်ငြားလည်း၊ အဆို ပါအသုံးအနှုန်းသည်ပင် တိကျမှုမရှိဘဲ ရေရာမှုမရှိလှ ပေ။ လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်အရာတစ်ခုခုကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် စီးပွားရေးနှင့်နိုင်ငံရေး အကြားတွင်သာမက နိုင်ငံရေးသရုပ်ဆောင်များအ ကြားတွင်ပါ အကျိုးစီးပွားပဋိပက္ခသည် မလွှဲမရှောင် သာဖြစ်လာပြီး ပဲရစ်သဘောတူညီချက်တွင် နိုင်ငံအ ချို့က ပါဝင်ရန်ငြင်းဆန်ခဲ့ခြင်းက အဆိုပါအချက်ကို သက်သေပြနေခြင်းဖြစ်သည်။
(၂၀၁၄)ခုနှစ်တွင် ဘိုလီးဗီးယား၌ကျင်းပခဲ့ သော (၇၇)နိုင်ငံအဖွဲ့ (Group of 77) ၏ ထိပ်သီးအ စည်းအဝေးကထုတ်ပြန်သည့် နောက်ဆုံးကြေညာ ချက်တွင် အနောက်နိုင်ငံများကသတ်မှတ်ထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့်ပတ်သက် ၍ သဘောထားကွဲလွဲကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ပူပန်မှုနှင့် CO2 ထုတ်လွှတ်မှုအပေါ် အထူးအခွန်များစည်းကြပ်ရန်လို အပ်သည်ဟုဟန်ဆောင်ကာ အခြားနိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်မှုကိုရပ်တန့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ စက်မှုထွန်းကားပြီးသောနိုင်ငံများ သည် စက်မှုဖွံ့ဖြိုးတိုးတက်မှုကာလကိုဖြတ်သန်းပြီး ဖြစ်ကာ စီးပွားရေးပုံစံသစ်သို့ကူးပြောင်းနေချိန်တွင် ၎င်းတို့သည် စက်မှုထွန်းကားမှုကိုငြင်းပယ်ခြင်းက ၎င်းတို့၏စီးပွားရေးကို မည်မျှအထိ အမှန်တကယ်ထိ ခိုက်စေမည်ကိုဂရုမစိုက်ဘဲ ၎င်းတို့ ၏ အာဂျင်ဒါအ တိုင်း အခြားနိုင်ငံများအပေါ် အတင်းအကျပ်ပြဋ္ဌာန်း ရန် ကြိုးစားနေကြသည်။ အနောက်နိုင်ငံများသည် နည်းပညာအသစ်များ စတင်အသုံးပြုနိုင်ရန်ကူညီ မည်ဟုကတိပေးခဲ့သည်။ သို့သော် ထင်ရှားသည်မှာ ယင်းအတွက် အရင်းအမြစ်များနှင့် နိုင်ငံရေးအချုပ် အခြာအာဏာကိုပေးဆပ်ရမည်ဟု တောင်းဆိုခဲ့ပုံရ သည်။ နိုင်ငံပေါင်း (၁၃၀)ကျော်ပါဝင်ပြီး ကုလ သမဂ္ဂပြီးလျှင် ကမ္ဘာပေါ်တွင်အကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်ကိုသတိပြုသင့်သည်။ သို့ဆို လျှင် အဘယ်ကြောင့် ယင်းသို့ ထူးဆန်းသော " သဘာဝပတ်ဝန်းကျင်"ဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆုံးဖြတ်ချက်များအားလုံးကို ကုလ သမဂ္ဂကထောက်ခံပြီး အများအားဖြင့်ချမှတ်ခဲ့ပါသ နည်း။ အဆိုပါကွဲလွဲမှုသည် အနည်းဆုံးတော့ ထူး ဆန်းနေသည်။ သို့သော် အဖြေမှာ IMF နှင့် ကမ္ဘာ့ ဘဏ်တို့၏ စီးပွားရေးအကူအညီအတွက် လဲလှယ် သောအားဖြင့် ကုလသမဂ္ဂရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏မဲ များကို G7 နိုင်ငံများကဝယ်ယူခြင်းဟူသည့် ရိုးရာအ လေ့အထဖြစ်သော အကျင့်ပျက်ခြစားမှု နည်းဗျူဟာ ဖြစ်နိုင်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ အသွင်အပြင်အောက်တွင် ဂလိုဘယ်လစ်စ်များက ၎င်းတို့၏အကျိုးစီးပွားများကိုမြှင့်တင်သည်ဆိုခြင်း၏ နောက်ထပ်ဥပမာတစ်ခုမှာ မျိုးရိုးဗီဇပြုပြင်ထားသော သက်ရှိများ (GMOs)နှင့် ဆက်စပ်နေသည့် စိုက်ပျိုး ရေးနှင့်စက်မှုလက်မှုများဖြစ်သည်။ ထိုအရာကို ရေ ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို (အထူးသဖြင့် အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင်) အောင်မြင်နိုင်သည့်မျှော်လင့်ချက်ရှိသော စိုက် ပျိုးရေးဇီဝနည်းပညာများအဖြစ် တင်ပြထားသည်။ သို့သော် ထိုအရာကို မည်သည့်ဈေးနှုန်းဖြင့် ပြုလုပ်ရ မည်ကိုမူ ဖော်ပြခြင်းမရှိပေ။ ၎င်းသည် ကမ္ဘာ့နေရာ အသီးသီးရှိ ဒေသခံသီးနှံများ ဖျက်ဆီးခံရခြင်း၊ စစ်မှန် သောစိုက်ပျိုးရေးနှင့် လူမျိုးများစွာ၏ ရိုးရာလူနေမှုပုံ စံနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းတို့သာမက၊ ၎င်းတို့ ၏ထုတ်လုပ်သူများထံမှ GMO မျိုးစေ့များဝယ်ယူရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုထုတ်လုပ်သူများသည် အမေရိကန်ပြည်ထောင်စုတွင် အများစုတည်ရှိသည်။ သို့သော် အမေရိကန်တွင်ပင် လယ်ယာမြေ၏ထက်ဝက်ခန့်သည် GMO အာဏာပိုင်များ၏ ထိန်းချုပ်မှု အောက်တွင်ရှိနေကြောင်း စာရင်းအင်းအချက်အ လက်များက အတည်ပြုထားသည်။
အမေရိကန်တောင်သူလယ်သမားများအ ပေါ် အဆိုပါစမ်းသပ်မှုသည် အခြားနိုင်ငံများအတွက် သင်ခန်းစာယူစရာဖြစ်နိုင်သည်။ GMO အသုံးပြု မှုကိုထောက်ခံသူများသည် သဘာဝစိုက်ပျိုးရေးတွင် မြေပို၍လိုအပ်ပြီး တိရစ္ဆာန်များမှရရှိသော သဘာဝ မြေဩဇာများအသုံးပြုမှုကြောင့် ကာဗွန်ဒိုင်အောက် ဆိုဒ်ထုတ်လွှတ်မှုပိုများလာသည်ဟုလည်း ထောက်ပြ ကြသည်။ ဂလိုဘယ်လစ်စ်များသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအသိပညာနှင့် ရေရှည်တည်တံ့မှု အသွင် အပြင်အောက်တွင် မြှင့်တင်ရန်ကြိုးစားနေသည့်အ ထောက်အထားများတွေ့ရသည်။
သို့သော် ကျွမ်းကျင်သူများက GMOs ကဲ့ သို့သော ခေတ်မီဇီဝနည်းပညာများအသုံးပြုမှုသည် အခြားသော ကူးပြောင်းရေးနည်းပညာများနှင့် တိုက် ရိုက်သက်ဆိုင်သည်ဟုမှတ်ချက်ပြုခဲ့ကြသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အကဲဖြတ်မှု များကိုမူ ပြုလုပ်ထားခြင်းမရှိသေးပေ။ ယင်းကဲ့သို့ သောအခြေအနေများရှိသော်လည်း Monsanto ကဲ့ သို့သော နိုင်ငံတကာကော်ပိုရေးရှင်းများက စိုက်ပျိုး ရေးဈေးကွက်များကို ထိန်းချုပ်ရန်ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်။
Big Pharma ကဲ့သို့သော အနောက်နိုင်ငံ များရှိ ဆေးဝါးကုမ္ပဏီများသည်လည်း အလားတူ ကြိုးပမ်းမှုများပြုလုပ်နေကြသည်။ သို့သော် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါက အနောက်တိုင်း နိုင်ငံရေးအ ထက်တန်းလွှာများနှင့် ဆေးဝါးအာဏာပိုင်များအကြား ဆက်ဆံရေး၏ မနှစ်မြို့ဖွယ်ရာကိုပြသခဲ့သည်။ အ ထူးသဖြ်Ursula von der Leyen က လိုအပ် သောလုပ်ထုံးလုပ်နည်းများနှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုမရှိဘဲခွင့်ပြုခဲ့သော ကုမ္ပဏီတစ်ခုမှ ကာ ကွယ်ဆေးများဝယ်ယူခြင်းနှင့်ပတ်သက်၍ EU အတွင်းဖြစ်ပွားခဲ့သော အရှုပ်တော်ပုံဖြစ်သည်။ သို့သော် ၎င်းသည် အနောက်တိုင်းဆေးဝါးအာဏာရှင်အဖွဲ့က ၎င်း၏ စံမမီသောထုတ်ကုန်များအတွက် ကမ္ဘာလုံး ဆိုင်ရာဈေးကွက်ကို သိမ်းပိုက်ရန်ကြိုးပမ်းမှုများကို အားလျော့စေခဲ့သည်မဟုတ်ဘဲ ပို၍ပင်အားကောင်း စေခဲ့သည်။
ဂလိုဘယ်လစ်စ်များ၏ အထွတ်အထိပ်ဆုံး သရော်ပြောင်လှောင်မှုမှာ ဘရာဇီးလ်ရှိ အမေဇုန်တော များတွင်ဖြစ်ပွားနေသောကိစ္စရပ်များဖြစ်သည်။ ထိုနေ ရာတွင် တောမီးလောင်ပြီးနောက် သီးခြားဇီဝနည်း ပညာကုမ္ပဏီအချို့သည် မီးလောင်ထားသောမြေနေ ရာတွင် မြေဆီလွှာကို " ပုံမှန်ဖြစ်စေရန်" ၎င်းတို့၏ ဝန်ဆောင်မှုများကိုကမ်းလှမ်းကြသည်။ ဒေသခံလူထု သည် မကြာသေးမီက မကြာခဏနှင့် အကြီးအကျယ် ဖြစ်ပွားလာသောမီးလောင်မှုများသည် ကုမ္ပဏီများ၏အကျိုးစီးပွားနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။
အဆိုပါအရာများအားလုံးသည် " ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု" သဘောတရားသည် မူလကပင် ဂလိုဘယ်လစ်စ်အာဏာရှင်များ၏ နိုင်ငံ ရေးစီမံကိန်းဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ သို့သော် လက်ရှိ ကမ္ဘာလုံးဆိုင်ရာပြိုကွဲမှုနှင့် ရပ်တန့် နေမှုကြောင့် ယင်းကို ကမ္ဘာလုံးဆိုင်ရာအနာဂတ်အ တွက် အခြားရွေးချယ်စရာအဖြစ်တင်ပြရန် ကြိုးစား နေကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ထင်ရှား ကျော်ကြားသော စည်းမျဉ်းအခြေပြုအစီအစဉ် (rules-based order) ၏ အစိတ်အပိုင်းဖြစ်သည်။ ၎င်းတို့၏ လည်ပတ်မှုနှင့်ထိန်းချုပ်မှုသည် ကျိုး ကြောင်းဆီလျော်ဟန်ရှိသော အကြောင်းပြချက် အောက်တွင် ဆက်လက်လုပ်ဆောင်နိုင်စေရန် ဖန်တီးထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရော်ဘာဈေးကို ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိရန် အရည်အသွေး ပြဿနာက အတားအဆီးတစ်ခု ဖြစ်နေဟုဆို
