Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံကို အုပ်ချုပ်နေသူအကြောင်း တစေ့တစောင်း (ဘာသာပြန်ဆောင်းပါး)


ဂျန်ဇက်  (NSS) - စက်တင်ဘာလ ၄ 

  ယီမင်နိုင်ငံဟာ အာရှတိုက်အနောက်ပိုင်း နိုင်ငံတွေထဲမှာပါဝင်နေတဲ့နိုင်ငံဖြစ်ပြီး ဆော်ဒီအာ ရေဗျနိုင်ငံ၊ အိုမန်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ် နေသလို ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့၊ အာရေဗျ ပင်လယ်တို့နဲ့လည်း ထိစပ်လျက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အာရေဗီယံကျွန်းစုမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ ယီမင်နိုင်ငံဟာ လူဦးရေ (၃၄)သန်းကျော်ရှိနေပြီး   ပြည်တွင်းစစ်ဒဏ်ကိုရင်ဆိုင်နေရတဲ့နိုင်ငံလည်း ဖြစ် ပါတယ်။ 

ယီမင်နိုင်ငံမှာ အကျင့်ပျက်လာဘ်စားမှု မြင့်တက်မှု၊ အလုပ်ကိုင်အခွင့်လမ်းဆုံးရှုံးမှု စတဲ့ ပြဿနာတွေကြောင့်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြရာကနေ နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီး  ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ယီမင်နိုင်ငံမှာ နိုင်ငံကိုအုပ်ချုပ်ဖို့ သမ္မတကောင်စီဖွဲ့ စည်းထားပြီး အဲဒီသမ္မတကောင်စီမှာ ရက်ဟတ် မူ ဟာမက် အယ်အလီမီ ဆိုသူက ဥက္ကဋ္ဌအဖြစ်တာဝန် ယူနေကာ နိုင်ငံကိုအုပ်ချုပ်နေတာဖြစ်ပါတယ်။ တစ် နည်းအားဖြင့် အယ်အလီမီဟာ ယီမင်နိုင်ငံရဲ့အမြင့်ဆုံး အာဏာရှိသူ သို့မဟုတ် သမ္မတတစ်ဦးအဖြစ် သတ် မှတ်လျက်ရှိနေပါတယ်။ ၎င်းဟာ ယီမင်နိုင်ငံရဲ့သမ္မတ အဖြစ် (၂၀၂၂)ခုနှစ်နောက်ပိုင်းတည်းက လက်ရှိအ ချိန်အထိတာဝန်ယူနေသူဖြစ်ပါတယ်။ ယီမင်သမ္မတ အလီမီကို (၁၉၅၄)ခုနှစ် ဇန်နဝါရီလတုန်းက ယီမင် နိုင်ငံ အယ်အလွန်ဒေသမှာမွေးဖွားခဲ့ပြီး တရားသူ ကြီးဖြစ်သူ မိုဟာမက်ဘင်အလီအယ်အလီမီရဲ့သား ဖြစ်ပါတယ်။ ၎င်းဟာ (၁၉၆၉) ခုနှစ်မှာ ဆာနာမြို့ရှိ Gamal Abdel Nasser အမည်ရှိ အထက်တန်း ကျောင်းကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ အလီမီဟာ အထက်တန်းအောင်မြင်ခဲ့ပြီးနောက် ရဲကောလိပ်ကိုတက်ရောက်ခဲ့ပြီး (၁၉၇၅)ခုနှစ်မှာ ရဲကောလိပ်ကနေ စစ်ဘက်သိပ္ပံဘွဲ့ကိုရရှိခဲ့သလို (၁၉၇၇)ခုနှစ်မှာ ဆာနာတက္ကသိုလ်ကနေ အနုပညာ ဘာသာရပ်ဆိုင်ရာဘွဲ့အပြင် မာစတာတွေလည်းရရှိ ခဲ့ပါတယ်။ အသက် (၇၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အလီမီဟာ (၁၉၈၄) ခုနှစ်ကနေ (၁၉၈၈)ခုနှစ်အထိ အီဂျစ်နိုင်ငံတက္ကသိုလ်ကနေ လူမူရေးဘာသာရပ်နဲ့ ဘွဲ့ထပ်မံရရှိခဲ့တယ်လို့လည်း အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ မီဒီယာတွေက ဖော်ပြထားပါတယ်။ အလီမီဟာ ယီမင်နိုင်ငံပြည်ထဲရေးဝန်ကြီးအဖြစ် (၂၀ဝ၁) ခုနှစ်ကနေ (၂၀ဝ၈) ခုနှစ်အထိ တာဝန်ယူခဲ့ ဖူးသလို (၂၀ဝ၈) ခုနှစ်မှာ ယီမင်နိုင်ငံ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ ပါတယ်။ အလီမီဟာ ယီမင်နိုင်ငံရဲ့ အမြင့်ဆုံးလုံခြုံရေး ကောင်စီကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသ လို (၂၀၁၄)ခုနှစ်မှာ ယီမင်နိုင်ငံသမ္မတ ဟာဒီရဲ့ အကြံပေးအဖြစ်တာဝန်ယူခဲ့ပါတယ်။ 

ယီမင်နိုင်ငံရဲ့အမျိုးသားတွေ့ဆုံဆွေးနွေး ရေး ကွန်ဖရင့် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့အလီ မီဟာ လုပ်ကြံခံရမှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် အသက် ရှင်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ယီမင်နိုင်ငံ သမ္မတ နန်းတော်ရှိ ဗလီမှာ (၂၀၁၁)ခုနှစ်က အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အလီမီဟာ ဒဏ်ရာရခဲ့ပြီး ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။ ゞင်းဟာ ရရှိ တဲ့ဒဏ်ရာတွေကို ဆော်ဒီအာရေဗျနိုင်ငံနဲ့ဂျာမနီ နိုင် ငံတို့မှာ သွားရောက်ကုသခဲ့ရပြီး (၂၀၁၂)ခုနှစ် ဇွန် လမှ မိခင်နိုင်ငံဖြစ်တဲ့ယီမင်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ယီမင်နိုင်ငံပြည်တွင်းစစ်ပွဲအတွင်း ဟူသီလက်နက် ကိုင်အဖွဲ့ဟာ နိုင်ငံရဲ့နေရာအများစုကို ထိန်းချုပ်နိုင် ခဲ့ပြီးနောက် အလီမီဟာ ပြည်ပထွက်ပြေးခဲ့ရပြီး ဆော် ဒီအာရေဗျနိုင်ငံမှာ (၂၀၁၅) ခုနှစ်အတွင်း နေထိုင်ခဲ့ရ သူလည်းဖြစ်ပါတယ်။ 

(၂၀၂၂) ခုနှစ် ဧပြီလ (၇) ရက်မှာ ယီမင် နိုင်ငံသမ္မတဖြစ်သူ ဟာဒီဟာ ゞင်းရဲ့သမ္မတလုပ်ပိုင်ခွင့် အာဏာကိုလွှဲအပ်ဖို့ သမ္မတကောင်စီကိုဖွဲ့စည်းခဲ့ပြီး အဲဒီသမ္မတကောင်စီရဲ့အကြီးအကဲအဖြစ် အလီမီက တာဝန်ယူနေသူလည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယီမင်သမ္မတ ဟာဒီဟာ ၎င်းရဲ့သမ္မတအာဏာနဲ့လုပ် ပိုင်ခွင့်တွေကို အလီမီကို လွှဲပြောင်းပေးလိုက်တာဖြစ် တယ်လို့ ယီမင်နဲ့ဆော်ဒီအာရေဗျနိုင်ငံရှိ မီဒီယာတွေ ကဖော်ပြထားပါတယ်။ ဟာဒီဟာ သမ္မတအာဏာကို လွှဲပြောင်းပေးခဲ့ပြီးနောက် ယီမင်နိုင်ငံမှာမနေတော့ဘဲ ဆော်ဒီအာရေဗျနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပါ တယ်။ အလီမီဟာ ယီမင်နိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ပြီး နောက် ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့မြို့ တွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ (၉)နှစ်ကျော်ကြာဖြစ် ပွားနေတဲ့ ယီမင်ပြည်တွင်းစစ် အဆုံးသတ်အောင်လုပ် ဆောင်မယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။ အလီမီ ဟာ ယီမင်နိုင်ငံရဲ့သမ္မတ ဖြစ်လာခဲ့ပြီးနောက် ပြည်သူ တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့မြို့တွေကို လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်အောင်လုပ်ဆောင် မယ်လို့ကတိပြုခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံရဲ့ ကူညီ ထောက်ပံ့မှုတွေနဲ့အတူ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ တည်ဆောက်ခဲ့ပါတယ်။ 

ဒါ့အပြင် အလီမီဟာ လမ်းတွေနဲ့ ပညာ ရေး ပိုမိုကောင်းမွန်အောင်ကြိုးပမ်းခဲ့ပြီး ゞင်းရဲ့လက် ထက်မှာ တက္ကသိုလ်အချို့ တည်ဆောက်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ အလီမီဟာ ယီမင်နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားတောင့်တင်းတဲ့ လက်နက် ကိုင်အဖွဲ့ဖြစ်တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ ဆက်ဆံ ရေးမကောင်းဘဲ ဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ် ရေးဆောင်ရွက်ချက်ကို အပြီးတိုင်ဖျက်ဆီးရမယ်လို့ သဘောထားရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ၎င်း က ပင်လယ်နီပြဿနာတွေအဆုံးသတ်ဖို့ ဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို အဆုံးသတ်အောင်လုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့ဖူး ပါတယ်။

(၂၀၂၃)ခုနှစ်မှာ ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီး နောက် ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနဲ့ တိုက်ခိုက်နေတဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တွေ ကို အားပေးထောက်ခံကြောင်းပြသမှုအဖြစ် ၎င်းတို့ ထိန်းချုပ်ထားရာ ပင်လယ်နီအတွင်း ဖြတ်သန်းလာတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ရာ တင်းမာမှု အရှိန်မြင့်တက်ခဲ့ပါတယ်။ 

ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်ဟာ ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အ ဖွဲ့အစည်းအဖြစ်ပြန်လည်သတ်မှတ်ခဲ့ခြင်းကို ယီမင် သမ္မတအလီမီက ချီးကျူးပြောဆိုခဲ့ဖူးပြီး ယီမင်နိုင်ငံ နဲ့ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဟူ သီလက်နက်ကိုင်အဖွဲ့တာဝန်ယူရမယ်လို့ တောင်းဆို ခဲ့ဖူးသူဖြစ်ပါတယ်။ အလီမီဟာ ယီမင်နိုင်ငံရဲ့သမ္မတ တာဝန်ကိုယူခဲ့ပြီးနောက်ပိုင်းမှာ အမေရိကန်၊ ဗြိတိန် နိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခဲ့ သလို ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အာရှနိုင်ငံတွေ နဲ့လည်း ယခင်ထက် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဦး ဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေက အလီမီဦး ဆောင်တဲ့ယီမင်အစိုးရအဖွဲ့ကို လိုအပ်တဲ့ ကူညီ ထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ 

ဆော်ဒီအာရေဗျဦးဆောင်တဲ့ အာရပ်ညွန့် ပေါင်းအဖွဲ့တွေဟာ အလီမီဦးဆောင်တဲ့ ယီမင် အစိုး ရအဖွဲ့ကို စီးပွားရေးအကူညီတွေအပြင် စစ်ရေးအကူ အညီတွေလည်းပေးလျက်ရှိနေပြီး ယီမင်ပြည်တွင်း စစ်မှာ အလာမီဦးဆောင်တဲ့အစိုးရအဖွဲ့ဘက်က ပါ ဝင်တိုက်ခိုက်ပေးလျက်ရှိနေပါတယ်။ ၎င်းဟာ  စမတ်ကျသူတစ်ဦးဖြစ်ပြီး အလုပ်လုပ်ရာမှာ တိကျ သေချာသူတစ်ဦးဖြစ်တယ်လို့လည်း ချီးကျူးရေးသား ခံနေရသူဖြစ်ပါတယ်။ အလီမီဟာ ဟူသီလက်နက် ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ သတင်းကြီးနေတဲ့ အီရန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာ မှုတွေရှိနေပါတယ်။

အလီမီဟာ ယီမင်နိုင်ငံရဲ့အမြင့်ဆုံးအာ ဏာပိုင်အဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူနေချိန်အ တွင်း ယီမင်ပြည်တွင်းစစ်ကို အဆုံးသတ်အောင် လုပ် ပြနိုင်ခြင်းတော့မရှိသေးပါဘူး၊ ယီမင်မှာ ပြည်တွင်းစစ် စတင်ခဲ့တဲ့ (၂၀၁၄) ခုနှစ်ကနေ လက်ရှိအချိန်အထိ နိုင်ငံကိုအုပ်ချုပ်သူ သို့မဟုတ် သမ္မတဦးရေ အနည်း ဆုံး (၉)ဦး အပြောင်းအလဲဖြစ်ခဲ့ပြီး စစ်ပွဲကြောင့်သေ ဆုံးသူလူဦးရေ စုစုပေါင်း အနည်းဆုံး (၄)သိန်းရှိသွား ခဲ့ပြီဖြစ်ပါတယ်။ ယီမင်ပြည်တွင်းစစ်ကိုအဆုံးသတ် အောင် ယီမင်သမ္မတ အလီမီအပြင် တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့က ဝိုင်းဝန်းကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုမရဘဲ ရှိနေပါတယ်။ 

ယီမင်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေထဲ မှာ ဟူသီလက်နက်ကိုင်အဖွဲ့က အင်အားအကောင်း ဆုံးဖြစ်ရာ ဟူသီလက်နက်ကိုင်အဖွဲ့ကလည်း ငြိမ်း ချမ်းရေးဆွေးနွေးမှုတွေကို လက်ခံလိုလားခြင်းမရှိ ဘူးလို့ဆိုကြပါတယ်။ ဒါကြောင့် ဟူသီလက်နက်ကိုင် အဖွဲ့တွေကိုကူညီပေးနေတဲ့ အီရန်နိုင်ငံရဲ့ အကူအညီ တွေရပ်ဆိုင်းအောင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတ ကာအဖွဲ့စည်းတွေက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိနေပြီး အီရန်နိုင်ငံရဲ့ကူညီထောက်ပံ့ပေးမှုတွေ ရပ်တန့်သွား မယ်ဆိုရင် ဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေက လျော့နည်းရပ်တန့်သွားဖွယ် ရှိတယ်လို့ ဆိုကြပါတယ်။ 

အီရန်နိုင်ငံကလည်း ဟူသီလက်နက်ကိုင် အဖွဲ့တွေကို ကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုထား တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိ အချိန်မှာတော့ ယီမင်သမ္မတ အလီမီဟာ ၎င်းရဲ့ကတိ အတိုင်း ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ မြို့တွေလွတ်မြောက်ဖို့နဲ့ ယီမင်ပြည်တွင်းစစ် အဆုံး သတ်ဖို့ကြိုးပမ်းမှုတွေဟာ မျှော်လင့်သလောက် ရလဒ်မကောင်းသေးဘဲ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပါ တယ်။ 

ယီမင်နိုင်ငံကို လက်ရှိတာဝန်ယူအုပ်ချုပ် နေတဲ့ အလီမီဟာ ၎င်းရဲ့ကတိတွေကို လက်တွေ့အကောင်ထည်ဖော်နိုင်စွမ်းရှိမရှိဆိုတဲ့အချက်ကတော့ ဆက်လက်စောင့်ကြည့်ရဖွယ်ရှိနေပြီး ဟူသီလက်နက် ကိုင်အဖွဲ့ကို အလုံးစုံထိန်းချုပ်နိုင်အောင် ကြိုးပမ်း ပြနိုင်မယ်ဆိုရင် အလီမီဟာ ယီမင်နိုင်ငံရဲ့သူရဲကောင်း အဖြစ် သတ်မှတ်ခံရဖွယ်ရှိနေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းရွှေဈေး ရက်ပိုင်းအတွင်းပြန်တက်လာ

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved