ဂျပန်မှာ မိလ္လာပိုက်ကျင်းထဲပြုတ်ကျမှုကြောင့် အလုပ်သမား ၄ ဦး သေဆုံး
ရောင်နီ (NSS) - သြဂုတ် ၃
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မြောက်ဘက်၊ ဆိုင်တမာစီရင်စု၊ ကျိုဒိုမှာ သြဂုတ် ၂ ရက် (စနေနေ့) က မိလ္လာပိုက် အခြေအနေ စစ်ဆေးရင်း အလုပ်သမားလေးဦး မြေကျင်းထဲပြုတ်ကျကာ သေဆုံးသွားခဲ့ပါတယ်။
အရင်ဆုံး အလုပ်သမားတစ်ဦး မြေကျင်းထဲပြုတ်ကျခဲ့တာဖြစ်ပြီး သူ့ကိုကယ်ဆယ်ရင်းက ကျန်သုံးယောက် ပါ ပြုတ်ကျသွားကာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သြဂုတ် ၂ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့ပြီး အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေ ရခဲ့တယ်လို့ ကျိုဒို မီးသတ်ဌာန ဌာနချုပ်က ပြောကြားပါတယ်။ ဩဂုတ်လ ၂ ရက် ညနေ ၄ နာရီမှာပဲ အလုပ်သမားလေးဦးစလုံးကို နှလုံးရပ်သွားကာ နောက်ပိုင်းသေဆုံးကြောင်း အတည်ပြုခဲ့ ပါတယ်။ ကျိုဒိုသတင်းဌာနက ပြောကြားချက်အရ သေဆုံးသူ လေးဦးစလုံး အသက် ၅၀ ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး သူတို့ပြုတ်ကျသွားတဲ့ တွင်းပေါက်ဟာ ၁၂ မီတာမှ ၁၅ မီတာကြားထိ နက်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ဆိုင်တမာ၊ ရာရှီအို လမ်းဆုံမှာ လူအသေအပျောက်ရှိတဲ့ ကြီးမားတဲ့တွင်းကြီး ဖြစ်ပေါ် လာခဲ့ပြီးနောက်ပိုင်း မိလ္လာပိုက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ အခုလိုမတော်တဆမှုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမှာ ခွေးလေးပူနေမှာစိုးလို့ ရေခဲသေတ္တာထဲ ထည့်ထားမိတဲ့ စားသောက်ဆိုင်ပိုင်ရှင် အတိုင်ခံရ
RELATED POSTS
20 Apr 2026 | မှုခင်း,ပြည်တွင်း
16 Apr 2026 | မှုခင်း,ပြည်တွင်း
