ပန်းတောင်းတွင်ရခိုင်သို့ပို့ဆောင်မည့်စိတ်ကြွရူးသွပ်ဆေးပြား(၂) သန်းဖမ်းဆီးရမိ
သက်ပိုင်(NP News) - ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား (၂)သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ငွေကျပ် (၃) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ဇူလိုင် (၂၁) ရက် ည (၉) နာရီခွဲတွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်များအရအဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ဦးစွာ ပို့ဆောင်ခဲ့ပြီး ကြံခင်းမြို့မှ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့သို့ ပို့ဆောင်၍ ရခိုင်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သို့ ပို့ဆောင်ရန် တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းနှင့် ပူးပေါင်းပါဝင်သူ ခင်မောင်လွင်တို့က စီစဉ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်နှင့်ပူးပေါင်းပါဝင်သူ မြတ်မင်းတို့က မော်တော်ယာဉ်ဖြင့် သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကြံခင်းမြို့မှ ပန်းတောင်းမြို့နယ်သို့ လီဖန်း မော်တော်ယာဉ်ဖြင့် ကြံခင်းမြို့နယ် သဲဖြူကျေးရွာ နေ စိုးမင်းဆိုသူနှင့် ယာဉ်မောင်း တင့်ဆွေတို့က ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှ တစ်ဆင့် ရဲနိုင် နှင့် မိုးထိတို့က ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်မှ ရခိုင်သို့ သယ်ယူရောင်းဝယ်ရန် တင်အောင်မိုးဆိုသူ၏ အစီအမံဖြင့် မင်းစည်သူနှင့် ဖိုးအေးတို့က ရန်ကုန်မြို့၌ ပန်းတောင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းထံသို့ လွှဲအပ်ခဲ့ခြင်းကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
စစ်ဆးပေါ်ပေါက်ချက်များအရ လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌမှာကြား
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
