တောင်ငူရှိ ကေတုမတီမြို့ဟောင်းတူးဖော်သုတေသနပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဟုဆို
စော(NSS)-ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံး တူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ် ၂ရက်)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် န်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ ထွက်ခွာခဲ့ရာ တောင်ငူမြို့သို့ရောက်ရှိကြပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာနှင့် မြို့ရိုးအပြင်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မင်းကြီးညို (အေဒီ ၁၄၈၅ - ၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
ထို့ပြင် မြို့ဟောင်းအဝင် တံတားနေရာများနှင့် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ်ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ ရနိုင်သည့်နေရာများတွင် တည်ဆောက်သွားရန်လိုကြောင်းနှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း ပြောကြားခဲ့သေးသည်။
အလားတူ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ငူဘူတာသို့ရောက်ရှိကြရာ ရထားလမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင် အစကောင်းမှ အနှောင်းသေချာဟူသည့်အတိုင်း ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီစေရန် တည်ဆောက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ထပ်မံပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် နေပြည်တော်မှ ထွက်ခွာလာသည့် နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများနှင့်အတူ တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပန်းတောင်းတွင်ရခိုင်သို့ပို့ဆောင်မည့်စိတ်ကြွရူးသွပ်ဆေးပြား(၂) သန်းဖမ်းဆီးရမိ
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
