ကမ္ဘာ့နိုင်ငံပေါင်း (၆၀) ကျော်ကို ကုန်သွယ်ခွန်ကောက်ခံမည့် ဥပဒေ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး
ဂျန်ဇက် (NSS) - သြဂုတ် ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း (၆၀) ကျော်ကို ကုန်သွယ် ခွန်ကောက်ခံ မည့် ဥပဒေကို ဩဂုတ်(၁)ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်းသိရသည်။ အမေရိ ကန်အိမ်ဖြူတော်၏ထုတ်ပြန် ချက်ထဲတွင် အဆိုပါ ကုန်သွယ်ခွန်ကောက်ခံမှုသည် ဩဂုတ်လ (၇)ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
အမေရိကန်အစိုးရက ကုန်သွယ်ခွန် ကောက်ခံမှုအများဆုံးလုပ်ဆောင်မည့် နိုင်ငံများ စာရင်းထဲတွင် အီရတ်နိုင်ငံ ကို ကုန်သွယ်ခွန် (၃၅) ရာခိုင်နှုန်း၊ ဆားဘီးယားနိုင်ငံကို ကုန်သွယ်ခွန် (၃၅) ရာခိုင်နှုန်း၊ ဆွစ်ဇာလန်နိုင်ငံကို ကုန်သွယ်ခွန် (၃၉)ရာခိုင်နှုန်း၊ လာအိုနိုင်ငံကို ကုန်သွယ်ခွန် (၄၀)ရာခိုင်နှုန်း၊ မြန်မာနိုင်ငံကို ကုန်သွယ်ခွန် (၄၀) ရာခိုင်နှုန်း၊ ဆီးရီးယား နိုင်ငံကို ကုန်သွယ်ခွန် (၄၁) ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံပေါင်း (၆၀) ကျော်ထဲတွင် အမေရိကန်အစိုးရ၏ကုန်သွယ်ခွန်ကောက်ခံမည့် ရာခိုင်နှုန်းမှာ ကွဲပြားမှု များရှိနေပြီးအချို့နိုင်ငံများအပေါ် ကောက်ခံမည့်ရာခိုင်နှုန်းက မြင့်မားနေသော်လည်းအချို့နိုင်ငံများကို ကောက်ခံ မည့် ရာခိုင်နှုန်းက လျော့နည်းနေကြောင်း သိရသည်။
အမေရိကန်အစိုးရက ကုန်သွယ်ခွန်ကောက် ခံမည့်နိုင်ငံများစာရင်းထဲတွင် ဖောက်ကလန်ကျွန်းစု လည်း ပါဝင်နေပြီး အခွန် (၁၀) ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတက လက်မှတ်ရေး ထိုးလိုက်သော ကုန်သွယ်ခွန်ကောက်ခံ မည့် နိုင်ငံပေါင်း (၆၀) ကျော်စာရင်းထဲတွင် ပါဝင်နေသောနိုင်ငံများသည် ကုန်သွယ်ခွန် (၁၀)ရာ ခိုင်နှုန်းမှ (၄၁) ရာခိုင်နှုန်းအထိ ကောက်ခံ ခံရမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ကုန်သွယ်ခွန် (၃၄) ရာခိုင်နှုန်း ကောက်ခံမှုကိုရင်ဆိုင်ရမည်ဖြစ်သလို ဥရောပသမဂ္ဂအဖွဲ့ကလည်း ကုန်သွယ်ခွန် (၂၀) ရာခိုင်နှုန်းကောက်ခံ ခံရမည်ဖြစ် ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း မဟာမိတ်နိုင်ငံများအပါအ ဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများအပေါ် ကုန်သွယ်ခွန် ကောက်ခံရန် စီစဉ်ခဲ့ရာ အငြင်းပွားမှုများဖြစ်လာခဲ့ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူရှိ ကေတုမတီမြို့ဟောင်းတူးဖော်သုတေသနပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဟုဆို
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
