ကမ္ဘာ့အကြီးဆုံးလို့ယူဆရတဲ့ ဧရာမတုတ်ချောင်း အင်းဆက် မျိုးစိတ်သစ် သြစတြေးလျမှာ တွေ့ရှိ
ရောင်နီ (NSS) - သြဂုတ် ၃
သြစတြေးလျနိုင်ငံရှိ ဝေးလံခေါင်သီတဲ့ ကွင်းစ်လန်း မိုးသစ်တောမှာ ကမ္ဘာ့အကြီးဆုံးနဲ့ အလေးဆုံးလို့ ယူဆ ရတဲ့ တုတ်ချောင်းအင်းဆက်မျိုးစိတ်သစ်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီတုတ်ချောင်းအင်းစက်ဟာ အလေးချိန် ၄၄ ဂရမ်ရှိပြီး ဂေါက်သီးတစ်လုံးအရွယ်အစားနဲ့ တူညီကာ အရှည် ၄ဝ စင်တီမီတာရှိတယ်လို့ သိရပါတယ်။ မျိုးစိတ်နာမည်ကို အက်ခရုဖေလာအက်တာ မျိုးစိတ်လို့ သတ်မှတ်ထားပြီး ဒါဟာ ဆင့်ကဲဖြစ်စဉ်တစ်ခုဖြစ်မယ်လို့ James Cook တက္ကသိုလ်မှ အန်းဂတ်စ် အမ်မို့ က ဆိုပါတယ်။
"သူတို့ရဲ့ခန္ဓာကိုယ် ထုထည်က သူတို့ကို ပိုအေးတဲ့အခြေအနေတွေမှာတောင် ရှင်သန်နိုင်ဖို့ ကူညီပေးနိုင်တယ်။ ဒါကြောင့် သူတို့ဟာ နှစ်သန်းပေါင်းများစွာကြာအောင် တည်တံ့နေတဲ့ အင်းဆက်မျိုးစိတ်ကြီး အဖြစ် ဖြစ်ပေါ်လာခဲ့တာပါ” လို့ အန်းဂတ်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
နောက်ထပ်သုတေသနတွေအတွက် အဆိုပါတုတ်ချောင်းကောင်မျိုးဥကို ကွင်းစလန်းပြတိုက်မှာ စုဆောင်းမှု နမူနာအဖြစ် ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့နိုင်ငံပေါင်း (၆၀) ကျော်ကို ကုန်သွယ်ခွန်ကောက်ခံမည့် ဥပဒေ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး
RELATED POSTS
04 Jun 2026 | အထွေထွေ,ပြည်တွင်း
03 Jun 2026 | အထွေထွေ,ပြည်တွင်း
