ရွှေကူမြို့အတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား (၂)ဦး နှင့် အမျိုးသား (၁)ဦး သေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၃
ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်းသို့ KIA၊ PDFပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား(၂)ဦးနှင့် အမျိုးသား (၁)ဦး သေဆုံးသွားခဲ့ကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်က ရွှေကူမြို့နယ်၊ ရွှေကူမြို့အတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်း မဲ့ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ “သိန်းကမ္ဘာ” သံတို/သံစရောင်းဝယ်ရေးဆိုင်ရှေ့သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အမှတ်(၁)ရပ်ကွက်နေ အခြေခံ ပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားများဖြစ်သော အသက် (၁၂)နှစ်အရွယ် မောင်မျိုး သော်တာအောင်၊ အသက် (၈)နှစ် အရွယ် မောင်လင်းရဝေအောင်နှင့် အမှတ် (၁) ရပ်ကွက်နေ အသက် (၄၉) နှစ်အရွယ် ဦးအောင်ကျော်ဦးတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားဖြစ်သူ အသက် (၁၃) နှစ်အရွယ် မောင်ပိုင်ခန့်ကိုကိုအပါအဝင် အသက် (၄၁) နှစ်အရွယ် ဦးစိုးနိုင်ဦး၊ (၆၂) နှစ်အရွယ် ဒေါ်ခင်မာလွင်၊ (၂၆) နှစ်အရွယ် ဒေါ်ဝင်း သန္တာ၊ (၁၅) နှစ်အရွယ် မောင်ဝေယံမွန်၊ (၅၃) နှစ်အရွယ် ဒေါ်ခင်မြင့် (ခ) ခင်ဦးတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူနိုင်ရန် ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး မှ ရွှေနန်းသုခစိန်ရွှေရတနာဆိုင် ဓားပြတိုက်သူများအနက် ခေါင်းဆောင်နှင့် အခြားတစ်ဦးကို ရက်ပိုင်းအတွင်း ဖမ်းမိ
RELATED POSTS
20 Apr 2026 | မှုခင်း,ပြည်တွင်း
16 Apr 2026 | မှုခင်း,ပြည်တွင်း
