မရမ်းကုန်းတွင် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိ
Pearl (NSS) - သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ၂ ရက်)၊ နံနက် (၉) နာရီခွဲခန့်တွင် အလုပ်အတူ လုပ်သူ အမျိုးသမီးနှစ်ဦးက အလုပ်ရုံးခန်းရှိသော တောင်ကိုရီးယားနိုင်ငံသား Mr.Kim Young နေထိုင်ရာ ကမ္ဘာအေးကွန်ဒို ရှိ အခန်းသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုအခါ အခန်းတံခါးစေ့ထားကြောင်း တွေ့ရပြီး ဂျက်မချထားသဖြင့် တွန်းဖွင့်ပြီး အခန်းတွင်း ဝင်ရောက်စဉ် Mr.Kim Young Deuk ကို မှောက်လျက်အနေအထားဖြင့် ဓမ္မတာအတိုင်း မဟုတ်ဘဲ သေဆုံးနေသည်ကိုတွေ့ကြောင်း သိရသည်။
ထို့ကြောင့် ကျူးလွန်သူကို ဖမ်းမိရေးအတွက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူ-ရန်ကုန် ရထားစီးပြတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လှိုင်သာယာကျောင်းတစ်ကျောင်းမှာ သရဲဝင်ပူးတယ်ဆိုတဲ့ ဖြစ်ရပ်၊ အောင်စာရင်းအမှတ်ပြဿနာ၊ လိင်မှုနဲ့လူကုန်ကူးတဲ့ တရုတ်နဲ့မြန်မာတွေကို တသက်တစ်ကျွန်းထောင်ချ၊ မန္တလေး ရွှေဆိုင် ဓားပြအချို့ကို မိပြီ (၂-၈-၂၀၂၅)
RELATED POSTS
14 Feb 2026 | မှုခင်း,နိုင်ငံတကာ
13 Feb 2026 | မှုခင်း,ပြည်တွင်း
12 Feb 2026 | မှုခင်း,နိုင်ငံတကာ
12 Feb 2026 | မှုခင်း,နိုင်ငံတကာ
