စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများတွင် တက်ရောက်ရန် မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားမှုမြင့်တက်နေ
Pearl (NSS) - သြဂုတ် ၂
စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများတွင် တက်ရောက်ရန် မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားမှုမြင့်တက်နေကြောင်း RVi Institute မှ တာဝန်ရှိသူ ဒေါ်ဝါဝါဝင်းက NP News ကို ပြောသည်။
ယနေ့ (သြဂုတ်လ ၂ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး Novotel Hotel တွင် STUDY OVERSEAS & CAREER FAIR 2025 ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲ၌ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ ၊ ထိုင်းနိုင်ငံ၊ UK ၊ NEW ZELAND နှင့် IRELAND တို့မှ ကျောင်းများမှ လာရောက်ပြသခဲ့ပြီး စိတ်ဝင်စားသူများပြားသည်ကိုလည်း တွေ့ရသည်။
“ဒီ Education Fair ကို လုပ်ပေးတဲ့အချိန်မှာ ဟိုဘက်က Officer တွေနဲ့ တိုက်ရိုက်တွေ့ပြီးတော့ သူတို့ကို မေးခွန်းတွေ မေးစေချင်တာ။ အချို့မိဘတွေ နားမလည်ရင် ဘာသာပြန်ပေးတယ်။ အခုလက်ရှိအနေအထားအရကိုပြောမယ်ဆိုရင်တော့ စင်္ကာပူရဲ့အစိုးရကျောင်း Polytechnic တွေကို စိတ်ဝင်စားနေတုန်းပဲ။ အစ်မတို့က ၁၉၉၆ ကတည်းက RVi ကစခဲ့တာ။ ၁၉၉၈ ကတည်းက မြန်မာကျောင်းသားတွေက Polytechnic ကို သွားတက်ကြတာ။ အဲဒီဟာရဲ့တောက်လျှောက်မှာ Polytechnic က Vocational Diploma ဖြစ်တဲ့အတွက်ကြောင့်မို့ ကလေးက ကျောင်းတက်နေတယ်။ ကျောင်းပြီးတဲ့အချိန်မှာ ကလေးက Part Time လုပ်လို့ရတယ်။ ပြီးရင် Diploma ပြီးတာနဲ့ Permanent Resident လျှောက်လို့ရတယ်။ ဒါတွေက ၂၀၀၅ ၊ ၂၀၀၆ အထိကို ပေးခဲ့တာပါ။ သူတို့ရဲ့ Economy အပြောင်းအလဲအရ အဲဒီနောက်ပိုင်းက PR ကို တန်းမပေးတော့ဘူး။ တန်းမပေးဘဲ Vocational Diploma အနေနဲ့ ပြီးသွားတဲ့အခါမှာ လုပ်ငန်းခွင်ကို တန်းဝင်လို့ရတယ်” ဟု ဒေါ်ဝါဝါဝင်းက ပြောသည်။
လက်ရှိတွင် မြန်မာကျောင်းသားများအနေဖြင့် စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများကို မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားလျက်ရှိပြီး အဆိုပါ Polytechnic ကျောင်းတက်ရောက်၍ Result ကောင်းသည့် ကျောင်းသူကျောင်းသားများ အနေဖြင့် အခွင့်အရေးအများအပြားရှိကြောင်းလည်း သိရသည်။
“ မြန်မာနိုင်ငံရဲ့ Education နဲ့ Compare လုပ်လိုက်မယ်ဆိုရင် ဟိုးအရင်တုန်းက ရှိသော GTI နဲ့ ပုံသွားတူတယ်။ ဒီမှာ GTI တက်လိုက်တယ်။ (၃) နှစ်တက်ပြီးရင် အငယ်တန်း အင်ဂျင်နီယာ တန်းဖြစ်တယ်။ များသောအားဖြင့် GTI ပြီးတဲ့လူဆို ဆောက်လုပ်ရေးမှာ ဝင်လုပ်တယ်။ ပြီးတဲ့အခါကျတော့ လျှပ်စစ်တို့ စွမ်းအင်တို့ စည်ပင်သာယာတို့ မှာ ဝင်လုပ်တယ်။ အဲဒီတော့ Diploma မှာတင် ရပ်မသွားဘူး။ မြန်မာကျောင်းသားကို သူတို့ရဲ့ Result က ကောင်းတယ်ဆိုရင် တက္ကသိုလ်ကို တန်းတက်လို့ရတယ်။ အဲဒီလို အခွင့်အရေးတွေ ရှိတဲ့အတွက်ကြောင့်မို့ မြန်မာကျောင်းသားတွေကတော့ Polytechnic ကို ရွေးချယ်ကြတုန်းပဲ” ဟု ဒေါ်ဝါဝါဝင်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ (၂)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
06 Sep 2026 | ပညာရေး,ပြည်တွင်း
06 Sep 2026 | ပညာရေး,ပြည်တွင်း
05 Sep 2026 | ပညာရေး,နိုင်ငံတကာ
