အမေရိကန်မှာ F-35 တိုက်လေယာဉ်တစ်စင်း ပျက်ကျ
Pika (NSS) - သြဂုတ် ၂
အမေရိကန်ရေတပ်ရဲ့ F-35 တိုက်လေယာဉ်တစ်စင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းမှာ ပျက်ကျသွားခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း F-35 တိုက်လေယာဉ်ရဲ့လေယာဉ်မှူးဟာ ထိုင်ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပြီး ပျက်ကျရာနေရာအနီးက ကွင်းပြင်တစ်ခုထဲမှာ လေထီးတစ်ခုနဲ့အတူ တွေ့ရှိခဲ့တယ်လို့ ဖရက်စနိုကောင်တီရဲအရာရှိရုံးက ပြောကြားခဲ့ပါတယ်။
F-35 တိုက်လေယာဉ်ဟာ ဖရက်စနိုမြို့အနောက်တောင်ဘက် (၆၄)ကီလိုမီတာအကွာမှာရှိတဲ့ ရေတပ်ဆိုင်ရာ လေတပ်အခြေစိုက်စခန်း Lemoore အနီးမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ F-35 တိုက်လေယာဉ်ပျက်ကျရာနေရာကနေ မီးတောက်တွေနဲ့ မီးခိုးတွေ ထွက်ပေါ်နေပြီး အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ F-35 တိုက်လေယာဉ်ကို လေယာဉ်မှူးတွေကို ပြင်ဆင်ပေးတဲ့ လေ့ကျင့်ရေးယူနစ် တစ်ခုအဖြစ် ဆောင်ရွက်တဲ့ ‘Rough Raiders’ က ပိုင်ဆိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ပျက်ကျမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Tik Tok မှတစ်ဆင့် လိမ်လည်ကာ ၁၅ နှစ်အရွယ်အမျိုးသမီးကို တရုတ်မယားအဖြစ် ရောင်းစားသူ(၄)ဦးအား ထောင်ဒဏ်တစ်သက်ချ
RELATED POSTS
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
