တရုတ်(တိုင်ပေ)ကျွန်းကို အမေရိကန်ထိပ်တန်းအထက်လွှတ်တော်အမတ် သွားရောက်လည်ပတ်မယ်
Pika (NSS) - သြဂုတ် ၂
အမေရိကန်ထိပ်တန်း ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ လာမယ့်ဩဂုတ်လမှာ တရုတ်(တိုင်ပေ)ကျွန်းကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်တွေကို ကိုးကားပြီး Financial Times သတင်းစာက ရေးသားဖော်ပြခဲ့ပါ တယ်။

အဲဒီခရီးစဉ်အတွင်း တရုတ်(တိုင်ပေ)အတွက် အမေရိကန်ရဲ့ထောက်ခံမှုတွေကို ထပ်လောင်းအတည်ပြုဖို့ ထိပ်တန်းရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် ရော်ဂျာဝစ်ကာက မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေဟာ တရုတ်(တိုင်ပေ)ကျွန်းကို တစ်နှစ်မှာ အကြိမ်ပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိပြီး တရုတ်အစိုးရဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းကို ထောက်ခံမှုတွေလုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်က မကြာခဏတိုက်တွန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ F-35 တိုက်လေယာဉ်တစ်စင်း ပျက်ကျ
RELATED POSTS
05 Jun 2026 | နိုင်ငံရေး,ပြည်တွင်း
05 Jun 2026 | နိုင်ငံရေး,ပြည်တွင်း
