Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ကိုင်း - မင်းကွန်း နာရီဝက်ခရီး သို့သော် အလှမ်းမနီး


သုတကျော်(NSS)

ဧရာဝတီမြစ်ကိုမေးတင်ထားသော မင်းကွန်းမြို့သည် စစ်ကိုင်းမြို့မှ အရှေ့မြောက်ဘက် (၁၆)မိုင်ခန့် အကွာ တွင်တည်ရှိပြီး မန္တလေးမြို့မှ ရေကြောင်းခရီးဖြင့်ဆန်တက်လျှင်လည်း များစွာမဝေးလှပေ။ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏ နယ်စပ်မြို့တစ်မြို့လည်းဖြစ်သည်။

ကမ္ဘာပေါ်တွင် လက်ရှိ တတိယအကြီးဆုံး ခေါင်းလောင်းဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီး၊ မြသိန်း တန်စေတီ၊ ဒေါ်ဦးဇွန်း၏ လူအိုရုံနှင့် ဘိုးတော်ဘုရားတည်ထားခဲ့သော မင်းကွန်းပုထိုးတော် ကြီးတို့မှာ မင်းကွန်းမြို့၏ အထင်ကရနေရာများဖြစ်ပြီး မင်းကွန်း၏သမိုင်းသည် တိုက်ပွဲများ၊ သွေးညှီနံ့များ ထက်ဆည်းလည်းသံများနှင့် တရား သံများ၊ သာဓုခေါ် သံများသာနေရာယူထားခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့သည်။ 

မင်းကွန်းသည် မြန်မာတို့၏ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းပုံ၊ သနားညှာတာတတ်ပုံအကြောင်းနှင့် မြန်မာတို့၏အလှူ အတန်းကို မီးမောင်းထိုးပြရာနေရာလည်း ဖြစ်သည်။ ဘိုးတော်ဘုရားခေါ် ဗဒုံမင်းတည်ထားသည့် မင်းကွန်းပုထိုး တော်ကြီးသာမက ပုထိုးတော်ကြီးနှင့်ဆက်စပ်နေသော စေတီတော်များကလည်း သမိုင်းတို့ကို ပြောပြနေကြသည်။ 

ယင်းသို့ဆက်စပ်နေသည့် စေတီတော်များအနက် တစ်ဆူဖြစ်သည့် တာဝတိံသာနတ်ပြည်ရှိ စုဠာမဏိစေတီ တော်ကိုရည်မှန်း၍ လှူဒါန်းတည် ဆောက်သော ဘကြီးတော်မင်းခေါ် စစ်ကိုင်းမင်း မင်းသားဘဝကတည်ထားခဲ့သည့် မြသိန်းတန်စေတီသည် လည်း ခရီးသွားများနှင့်ဘုရားဖူးသူများအကြား ကျော် ကြားလှသည်။ 

“ဘိုးတော်ဘုရားရဲ့ မင်းကွန်းပုထိုးတော် ကြီးပတ်ဝန်းကျင်မှာ သူချစ်ရတဲ့ မင်းသားကြီးတွေကို စေတီလေးဆူ တည်ခိုင်းတယ်ပြောတယ်။ ပုထိုးတော် ကြီးကိုဗဟိုပြုပြီးတော့ နဂါးဗိုလ်မင်းသားကြီးက နဂါးပတ်စေတီတည်တယ်။ အိမ်ရှေ့စံ ရွှေတောင်မင်းက ပါဒစက်တော်ရာစေတီပေါ့နော်။ နောက်ပြီးတော့ မိုး မိတ်မင်းသားကြီးကကျ မိုးမိတ်စေတီ တော်ပေါ့နော်။ မင်းကွန်းဆရာတော်ကြီး သီတင်းသုံးတဲ့ကုန်းမြေမှာ မိုးမိတ်စေတီကြီးရှိတယ်။ မြသိန်းတန်ဘုရားကျ တော့ မြေးတော် စစ်ကိုင်းမင်းပေါ့။ သူအချစ်ဆုံးမင်းသားကြီး တွေက သူ့ကိုပတ်လည်ရံပြီးတော့ စေတီတွေတည်ကြ တာပေါ့”ဟု မင်းကွန်း၏ သမိုင်းတစ်စိတ်တစ်ပိုင်းနှင့်ပတ်သက်၍ အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ် တင်စည်သူဟိန်း ကရှင်းပြသည်။ 

ထို့အတူ အခြား မင်းသွေး၊ မင်းမျိုးများ၏ အလှူအတန်းများနှင့် တိုင်းသူပြည်သားများ၏အလှူ တို့ကလည်း မင်းကွန်းကို ပို၍ နာမည်ကျော်စေသည်။ 

အလားတူ စစ်ကိုင်းမြို့သည်ကား မြန်မာ့သမိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာမြို့လည်းဖြစ်ဖူးသည့် အပြင် သာသနာ နှင့်ဆက်စပ်သော အဆောက်အအုံ၊ စေတီ၊ ပုထိုးများကြောင့်လည်း ကျော်ကြားသောမြို့ ဖြစ်သည်။ မြန်မာ့သမိုင်းတို့သည် စစ်ကိုင်းနှင့် ဆက် နွှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း သာသနာ၏ခံတပ်မြို့များအနက် တစ်မြို့လည်းဖြစ်သည်။ 

စစ်ကိုင်းချောင်သည် အေးချမ်းသာယာ သည်ဆိုသောဂုဏ်နှင့်ကျော်ကြားသည့်အပြင် ဒုတိယ ကမ္ဘာစစ်အတွင်း က စစ်ဘေးရှောင်ပြည်သူတို့မှာ စစ်ကိုင်းသို့သွားရောက်၍ မှီတင်းနေကြရသည်အထိ စစ်ကိုင်းသည် စစ်အပူသည်တို့အား ကိုးရာ အရပ် ဒေသဖြစ်ခဲ့သည်။ 

စစ်ကိုင်းနှင့် မင်းကွန်းကို ဆက်သွယ်ထားသည်ကား အကွာအဝေးအားဖြင့် (၁၃) မိုင် ကျော် ကျော်ခန့်သာရှိသည့် လမ်းကလေးတစ်ခုသာပင်။ ယင်းလမ်းသည် ဧရာဝတီမြစ်ကြောင်းဘေးအတိုင်း ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ပြီး ကားဖြင့်သွား မည်ဆိုလျှင် နာရီဝက်ခန့်ခရီးဖြင့်ရောက်နိုင်၏။ 

ယင်းလမ်းကိုဖြတ်သန်းကာ သမိုင်းတစ် လျှောက်တွင် အလှူရှင်တို့၊ ဘုရားဖူးတို့သွားလာခဲ့ကြသည်။ တစ်ဖန် ခေတ်ပြောင်းလာသောအခါ သုတေသနသမားများပါထပ်တိုးပြီး ယင်းလမ်းက အသုံးတော်ခံခဲ့သည်။ ရွာအချို့ကို ဖြတ် သန်းသွားသော လမ်းသည် လှည်းလမ်းအဖြစ်မှ ကတ္တရာလမ်းအဖြစ် အဆင့်ဆင့်တိုးတက်ကာ ပြည်သူတို့ကို လိုရာခရီး ပို့ဆောင်ပေးသည့်အပြင် လူမှု၊ စီးပွားဘဝသာမက ထူးထူးခြားခြားအဖြစ် သာသနာတော်နှင့် သမိုင်းအ မွေအနှစ်တို့ကို စောင့်ရှောက်ရန် တာဝန်ယူသောလမ်း ပိုင်းဖြစ်လာခဲ့သည်။ 

ယင်းသို့ အကျိုးပြုနေသော လမ်းပေါ်သို့ ငြိမ်းချမ်းမှုနှင့်သွေဖည်ကာ စစ်၏အရိပ်ထိုးလာခဲ့ သည်။ လမ်းပိုင်းသို့ လက်နက်ကိုင်များရောက်လာ သောအခါ လမ်းသည် တစ်စတစ်စ အကျည်းတန်လာ သည်။ ထိုမျှနှင့်မပြီးသေးပါ။ ယင်း လမ်းပေါ်သို့ ရောက်လာသော PDF တို့က လုံခြုံရေးအရဟု ဆိုကာ မောင်ပိုင်စီးလေသောအခါ ပြည်သူတို့မှာ စစ်ကိုင်းနှင့် မင်းကွန်းကိုပင်လမ်းမှ ဖြောင့်ဖြောင့် တန်းတန်း မသွားရဲနိုင်ကြရှာလေတော့။ 

တပ်မတော်က စစ်ကြောင်းထိုးလျှင် ယင်း နေရာမှ PDF တို့ ထွက်ပြေးသည်။ ထို့နောက် မရှိလျှင် ပြန်လာသည်။ ယင်းသို့ဖြင့် စစ်ကိုင်းနှင့် အဆက်ဖြတ်ကာ မင်းကွန်းကို ဝိုင်းရံထားရန် ကြံစည်လာကြသည်။ အချက်အချာ ကျသော မင်းကွန်းသည် PDF တို့အတွက် လိုချင်သော နေရာတစ်ခု ဖြစ်လာ နေသည်။ 

“ငါးလပိုင်း အထိကတော့ အေးချမ်းတယ်။ ခြောက်လပိုင်းစတဲ့ နောက်ပိုင်းမှာတော့ သွားလာ လှုပ်ရှားလို့မရဘူး ပြန်ဖြစ်သွားတာ။ မင်းကွန်းက သူတစ်ခုတည်း ကွက်ဖြတ်သလိုဖြစ်နေတာ။ မင်းကွန်းကို PDF ရသွားရင် မန္တလေးကို တောက်လျှောက် သွားလို့ရတယ်။ ရေလမ်းကနေဆိုရင် (၁၅) မိနစ်ပဲ။ အဲဒီနေရာရရင် မန္တလေးကို ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်လိမ့်မည်” ဟု ဒေသခံတစ်ဦး က ဆိုသည်။ ယင်းနေရာတွင် ရှိသော PDF များကား ပူးပေါင်းအဖွဲ့ ဟု ပြောရမည်ထင်သည်။ အဘယ့်ကြောင့်ဆိုသော MDY-PDF ၊ ဝက်လက် PDF၊ ရှိမ်းမကား PDF နှင့် ယူနီကွန်း ပြောက်ကျား အဖွဲ့တို့ ပူးပေါင်းရှိနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က အတိအကျဆိုသည်။ “သာမန်လူတွေကိုလည်း PDF တွေက စစ်ဆေးတာပဲ။ သွားလို့ရတယ်။ ဒါပေမဲ့ အာမခံ နိုင်တာမျိုးမရှိဘူး။ တပ်မတော် စစ်ကြောင်း လာရင် ဖြတ်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မင်း ကွန်းကိုသွားလို့ မရအောင်လုပ်ထားတာ” ဟု ယင်း ဒေသခံကပြောသည်။ 

အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြသော ပြည်သူတို့အနေဖြင့် သေနတ်ကိုင်ထားသော အာမခံချက်မရှိ သည့် လူအုပ်စုကို ယုံကြည်နိုင်ခြင်း မရှိပါ။ အစဉ်ဆက်ကပင် လက်နက်တို့နှင့် ခပ်ဝေးဝေးနေပြီး ဘာသာရေး အရိပ် အောက်တွင် မေတ္တာအဆုံးအမဖြင့် ကြီးပြင်းလာသော ဒေသခံတို့မှာ စိုးရိမ် စိတ်ကြီးမားကြသည်ဖြစ်သောကြောင့် ယင်းလမ်းကို မဖြစ်မနေမှသာ အသုံးပြုရန် ရွေးချယ်လာကြသည်။ 

“(၆) လပိုင်း (၂၇)ရက်မှာ သူတို့ ပြန်နေရာဝင်ယူထားတာ။ တပ်က စစ်ကြောင်းထိုး တုန်းက (၂) လပိုင်းနဲ့ (၃) လ ပိုင်းမှာ ခွာသွားတာ။ လက်ပံရွာမှာက ရွာသူ၊ ရွာသား မရှိတော့ဘူး အဲဒီမှာ သူတို့ အခြေပြုနေတယ်။ သူတို့ ဂိတ်ဖွင့်ပြီး လာတဲ့ ပြည်သူတွေကို စစ်ဆေးတယ်။ သူတို့လိုချင်တဲ့ ပစ္စည်းတွေဆို ယူတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ခိုတောင် ရွာက ပြည်သူတွေ နေအိမ်က ဆိုင်ကယ်တို့၊ ပိုက်ဆံတို့၊ ဖုန်းတို့၊ အိမ်ဆောက်ပစ္စည်းတို့ ယူကြတယ်” ဟု အခြား ဒေသခံတစ်ဦး က ဆိုသည်။ 

ဂိတ်တစ်ခုတည်းသာ ဖွင့်ထားသော်လည်း ယင်း PDF တို့ အနေဖြင့် အဖွဲ့ဝင်များကို ဖြန့်ကြက်သည်။ ထို့ပြင် ငါနှင့်မတူ၊ ငါ့ရန်သူဟု သဘောထားကာ သတ်ဖြတ်ခြင်းအချို့လည်း ရှိလာနေသည်။ ထို့ဘေးကလည်း ပြည်သူတို့ အတွက် ရင်တထိတ် ထိတ်အနေအထားကိုရောက်စေ၏။ 

လမ်းပိုင်းကို အသုံးပြုရခက်လာပြီးသည့်နောက် ပြည်သူတို့အနေဖြင့် စိုးရိမ်စိတ်ဖြင့် ပြင်ဆင် နေထိုင်လာကြ သည်။ အခန့်မသင့်လျှင် အိုးအိမ်တို့ကို စွန့်ခွာရနိုင်သည် မဟုတ်ပါလား။ အမှန်တကယ်လည်း ယင်းဒေသတွင် နေရပ် စွန့်ခွာရသူများ ရှိလာနေသည်။ 

လယ်ယာစိုက်ပျိုးသူများအတွက်လည်း အဆင်မပြေ သည့်အပြင် စိုးရိမ်ကြောင့်ကြစိတ်များ ဝင်နေကြရ၏။ ထို့ပြင် လမ်းပိုင်းမကောင်းခြင်း၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့၏ လူမှုစီးပွားဘဝကို ပြင်းပြင်း ထန်ထန် ရိုက်ခတ် သည်။ ကုန်ရောင်းရန် ခက်လာ၏။ အလုပ်အတွက် သွားလာရန်လုံခြုံမှုမရှိဟုခံစားလာ ကြရသည်။ 

PDF တို့ စစ်ဆေးလျှင် အမှားအယွင်း ဖြစ် မည်ကို စိုးရိမ်သူ ပမာဏ တိုးလာသည်။ စစ်ဆေးစဉ် တစ်စုံတစ်ရာ မှားယွင်းပြောကြားမိပါက အစိုးရ ဆိုလျှင် နားလည်သည်အထိ ရှင်းပြနိုင်သော်လည်း သူပုန် တို့တွင်ကား သေနတ် ပြောင်းဝတွင်သာ ဆုံးဖြတ်ချက်ကို တင်ထားသည်ဖြစ်ရာ အမှားအယွင်း မခံရဲကြ။ “လမ်းမှာစစ်ဆေးတယ်။ ဌာနဆိုင်ရာနဲ့ ပတ်သက်ထားတယ်ဆို PDF က ဖြောင် (သတ်) မှာပဲ” ဟု ယင်းဒေသခံကဆိုသည်။ 

ဒေသခံတို့အနေဖြင့် လမ်းမကြီးကို အသုံးပြုခြင်းထက် ရွာချင်းဆက်လမ်းများကို ပိုမိုအားထားလာသည်။ ယင်းလမ်းများကလည်း မိုးရာသီတွင် အကန့်အသတ်ရှိ၏။ သို့သော်ဒေသခံများ အတွက် ရွေးစရာ များများစားစား ရှိမနေပါ။ 

ယင်းလမ်းပိုင်းနှင့်အတူ ခရီးအဆုံးမြို့ ဖြစ်သော မင်းကွန်းမြို့မှ ဒေသခံတို့မှာ အကျပ်အတည်းကို ပိုမို ကြုံတွေ့ နေကြရသည်။ စစ်ကိုင်းမြို့သည်ကား အခြားထွက်ပေါက်များရှိသည့်အပြင် မန္တလေးမြို့နှင့်လည်း အဆက်အသွယ်များ သော ကြောင့် မခက်ခဲလှပါ။ 

“မင်းကွန်းက လူတွေကတော့ လက်ရှိလုပ်ကိုင်စားသောက်လို့ မရတော့ စစ်ဘေးရှောင်၊ ဟိုကလာလှူ၊ ဒီကလာလှူ၊ ဘုန်းကြီးတွေဆီကနေ မျှတပြီးစားနေရတာပဲ” ဟု အထက်ပါဒေသခံက ဆိုသည်။ 

ယခုကဲ့သို့ သွားလာမရခြင်းသည် သမိုင်း သုတေသနအတွက် ဆုံးရှုံးမှုများစွာရှိနေပြီး စစ် ကြောင့် ရှေးဟောင်း အဆောက်အအုံများထိခိုက်ပြီး ပျက်စီးပါက ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးသွား နိုင်ဖွယ်ရှိသည့်အပြင် ဧည့်သည် မလာသည့်အတွက် ဒေသခံများအကြား အခက်အခဲရှိနေကြောင်း သမိုင်း သုတေသီတစ်ဦးက ဆိုသည်။ 

“နယ်မြေ မငြိမ်းချမ်းတော့ ဧည့်သည် မသွားဘူး။ ဧည့်သည် မသွားတော့ မှီခိုနေရတဲ့ ဆိုင်တွေ၊ လက်ဆောင် ပစ္စည်း ဆိုင်တွေလည်း မရောင်း ရတဲ့ အခက်အခဲတွေလည်း အများကြီး ဖြစ်ပေါ်တာပေါ့” ဟု ၎င်းက ဆိုသည်။ 

ယင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် စစ်ဘေးက ဒေသခံတို့၏ စီးပွားရေးအတွက် သာမက သမိုင်းဝင် နေရာများကိုပါ ခြိမ်းခြောက်လာနေသည်။ ပြီးခဲ့သည့် မန္တလေးငလျင်ကြီးတွင် မင်းကွန်း၌လည်း အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ရ၏။ ငလျင်အပြီး ကာလ အချို့အထိ အကူအညီပေးခွင့် ရခဲ့သော်လည်း လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ က ယင်းအပျက်အစီးများကို ပြန်လည် ပြုပြင်ရေးမှာ လည်း နှောင့်နှေးနေရသည်။ 

ငလျင်ကြောင့် ထိခိုက်ထားသည့် မင်းကွန်းမှ နာမည်ကျော် မြသိန်းတန်စေတီကို အမြန်ဆုံး          ပြုပြင်ထိန်း သိမ်းမှုမလုပ်နိုင်ပါက မိုးများလျှင် မိုးရေများ စေတီ၏ အက်ကွဲကြောင်းများ အတွင်းသို့ ဝင်ရောက်ကာ ထပ်မံပျက်စီး နိုင်မည့် ဘေးလည်း ရှိနေသည့်အပြင် ယင်းစေတီကဲ့သို့ ငလျင်ဒဏ်သင့် ရှေးဟောင်း အဆောက်အအုံများစွာအတွက် စိန် ခေါ်မှု ကြီးမားနေသည်။ 

“ဘုရားဖူးတွေသွားတာတို့၊ သုတေသီတွေ သွားတယ်ဆိုရင်လည်း အနှောင့်အယှက်မပေးဘဲ ခွင့်ပြုပေးစေ ချင်တယ်။ သမိုင်းသုတေသီတွေသွား တာတို့၊ ဘုရားဖူး မပြတ်တာတို့ကတော့ ထိန်းသိမ်းပြီး သားဖြစ်တာပေါ့” ဟု အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ်တင်စည်သူဟိန်းက အကြံပြုသည်။ 

မင်းကွန်းမြို့သည် စစ်ပွဲကြောင့် မီးတောက် မထွက်ကောင်းသော မြန်မာတို့၏ သမိုင်းဝင် နေရာတစ်ခုဖြစ် ကြောင်းကား အထူးပြောရန်လိုမည်မထင်ပါ။ ငြိမ်းချမ်းမှုကို မြတ်နိုးသူတို့ မှီတင်းနေထိုင်ရာ အရပ်နှင့် သေနတ်သံ တို့ကား လားလားမျှမဆိုင်ဟု ဆိုရမည်ဖြစ်သည်။ 

သို့သော် စစ်ပွဲကား မင်းကွန်းကိုခြိမ်း ခြောက်နေလေပြီ။ ဆည်းလဲသံပျောက်ပြီး သေနတ် သံ ဖုံးလွှမ်းမည့် အရေးအား ဒေသကိုချစ်သူ မည်သူ မဆိုလိုလားမည်ဟု မထင်ပါ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားအတွက် ဆုံးဖြတ်ချက်ချဖို့ နောက်ဆုံးရက်ကို ဒေါ်နယ်ထရမ့် သတ်မှတ်

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved