ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲထဲက အရေးကြီးအချက်အလက်များ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၆
ထိုင်းနှင့်ကမ္ဘောဒီးယားအကြား အပြန် အလှန့်ပစ်ခတ်တိုက်ခိုက်မှုများ ဇူလိုင် (၂၄)ရက်တွင် စတင်ခဲ့သည်။
လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲက ဆယ်စုနှစ်အတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးကိုအဆိုး ရွားဆုံးရောက်ရှိခဲ့ပြီး နိုင်ငံတကာက စစ်ပွဲအဆုံးသတ်စေရန်တောင်းဆိုနေသော်လည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး လူပေါင်း (၁၆)ဦး သေဆုံး ထားကြောင်း ထိုင်းအစိုးရကသတင်းထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားစစ်တပ်သည် ရုရှားနိုင်ငံထုတ် BM-21 အတွဲ လိုက် ဒုံးစနစ်ကိုအသုံးပြုပြီး ဇူလိုင် (၂၅) ရက်နံနက်ပိုင်းတည်းက ပစ်ခတ်ခဲ့ပြီး ယူဘွန်ရက်ချာ တာနီဒေသနှင့် ဆူရင် ဒေသများတွင် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း ထိုင်းစစ်တပ်က ပြောသည်။
ထိုင်းစစ်တပ်သည် “Yuttha Bodin” အမည်ရှိ စစ်ဆင်ရေးကို ဇူလိုင် (၂၄) ရက်တွင် စတင်ခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံဘက်ရှိ စစ်အခြေစိုက်စခန်းများကို အက်ဖ် (၁၆) အမျိုးအစား တိုက်လေယာဉ် များဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။ ထိုင်းစစ်တပ်က ‘ကမ္ဘောဒီးယားစစ်တပ်ဟာ BM-21 အတွဲလိုက် ဒုံးစနစ်အပါအဝင် လက်နက်ကြီးတွေအသုံးပြုပြီး ပစ်ခတ်နေတယ်။ ထိုင်းစစ်တပ်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တယ်’ဟု သတင်းထုတ်ပြန်ထားသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အငြင်းပွားလျက်ရှိနေသည့်နေရာတွင် တိုက်ပွဲများဖြစ်လာ ခြင်းနှင့်ပတ်သက်ပြီး အပြန် အလှန် ဝေဖန်ပြစ်တင်ခဲ့ပြီး ဇူလိုင် (၂၄) ရက်က နယ်စပ်ဒေသရှိ မတူညီသောဒေသ (၆) ခုတွင်လက်နက်ကြီး၊ လက်နက် ငယ်ကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်ဒေသပိုင်နက်နယ်မြေအငြင်းပွားမှုများ ရာစုနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်တပ်က လက်ရှိအချိန်တွင် ဒါဇင်နှင့်ချီသောစစ်ကားများ၊ တင့်ကားများ၊ သံချပ် ကာကားများကို ရှေ့တန်း စစ်မျက်နှာပြင်သို့ စေလွှတ်ထားကြောင်းသိရသည်။ တိုက်ပွဲများဖြစ်လာခဲ့ပြီး နောက်ပိုင်း ထိုင်းအစိုးရက ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သလို ကမ္ဘောဒီးယားသံအမတ်ကြီးကိုလည်း နှင်ထုတ်လိုက် ကာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးအဆိုးရွား ဆုံးဖြစ်ခဲ့ကြောင်းသိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်မြေထိစပ်သည့် မိုင်ပေါင်း (၅၀ဝ)ကျော်အတွင်း (၂၀ဝ၈)ခုနှစ်မှ (၂၀၁၃) ခုနှစ်အထိ ပိုင်နက်နယ်မြေ အငြင်းပွားရာမှ အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ဖူးပြီး ထိုင်းနိုင်ငံအရှေ့ မြောက်ပိုင်း Sisaket ဆီဆာ ကက်ဒေသ၊ ကန်တာရာလက်ဒေသ၊ ကမ္ဘောဒီးယားနိုင်ငံ ပရက်ဗီ ဟီရားဒေသနှင့် ခါဆန့် ဒေသကြားရှိ ဒါန်ရက် တောင်ကြားရှိ ဘုရားကျောင်းများသည် နှစ်ပေါင်းများစွာကြာပိုင်နက်နယ်မြေ အငြင်းပွားလျက်ရှိ သည့် နေများဖြစ်သည်။ ထိုင်းနှင့် စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ဟွန်ဆန်က ငြင်းဆန်ပယ်ချထားသည်။ ဟွန်ဆန်က ၎င်းသည် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး၊ ကြယ်ငါးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးများနှင့်အတူ ကန်ဒယ်ဒေသရှိ Bodyguard Headq- uarters (BHQ) စခန်းမှနေပြီး ရှေ့တန်းတွင်တိုက်ပွဲ ဝင်နေသည့်စစ်သားများကို ကြီးကြပ်ကွပ် ကဲနေကြောင်းပြောသည်။
ဟွန်ဆန်က ‘ကျွန်တော်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်တွေ အပါ အဝင် စစ်တပ်တာဝန်ရှိသူတွေနဲ့အတူ ကျူးကျော်သူ ထိုင်းစစ်တပ်ကို တုံ့ပြန်တိုက်ခိုက်ဖို့ အမိန့်ပေးညွှန် ကြားနေတယ်။ ကျွန်တော့်အနေနဲ့ ဘယ်ကိုမှ ထွက်မပြေးဘူး’ဟုပြောသည်။ ထိုင်းစစ်တပ်နှင့်ကမ္ဘောဒီးယား စစ်တပ်တို့သည် စစ်အင် အားတောင့်တင်းမှုချင်း နှိုင်းယှဉ်လျှင် ထိုင်းစစ်တပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်အရေအတွက်၊ စစ်လက်နက်ပစ္စည်း၊ အရင်းအမြစ်နှင့် သယ်ယူပို့ဆောင်ရေးပိုင်း အပါအဝင် အစစအရာရာသာလွန်လျက်ရှိနေရာ စစ်ပွဲအချိန်ကြာ လာမည်ဆို လျှင် ထိုင်းစစ်တပ်က အသာရဖွယ်ရှိနေသည်။ ကမ္ဘောဒီးယားစစ်တပ်တွင် တိုက်လေယာဉ်စစ် စစ်မရှိသလို ခေတ်မီ ကောင်းမွန်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်မရှိသည့်အတွက် ထိုင်းစစ်တပ်၏ လေကြောင်းအားပြု တိုက်ခိုက်မှု များကို ကာကွယ်နိုင်ရန် အလားလာနည်းနေသည်ဟု နိုင်ငံတ ကာမီဒီယာများက သုံးသပ်ဖော်ပြထားသည်။

ထိုင်းလေတပ်တွင် ဆွီဒင်နိုင်ငံထုတ် ဂရီ ပင်အမျိုးအစား တိုက်လေယာဉ်၊ အမေရိကန်နိုင်ငံ ထုတ် အက်ဖ် (၁၆) အမျိုးအစား တိုက်လေယာဉ်များအပါအဝင် ခေတ်မီတိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပိုင်ဆိုင်ထား ကြောင်းသိရသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ ပိုင်နက်နယ်မြေ မြေပုံကိုဆွဲပေးခဲ့သည့် ပြင်သစ်နိုင်ငံက ကမ္ဘောဒီးယား နှင့်ထိုင်းနိုင်ငံတို့ကို ရန်လိုမှုများ အဆုံးသတ်ရန်နှင့် အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေများအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းရန် တောင်းဆိုထားသည်။
ထို့ပြင် ပြင်သစ်အစိုးရက ပြင်သစ်နိုင်ငံသားများကို ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို မသွားရန် တိုက်တွန်းထားသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ထောင်နှင့်ချီသော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသားများသည် နေရပ်စွန့်ခွာထွက် ပြေးနေရပြီး ထိုင်းဘက်က စစ်ဆေးရေး ဂိတ်ကို ပိတ်ထားကြောင်းသိရသည်။ ထိုင်းစစ်တပ်က ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာပိုင်နက်များကို ကာကွယ်ရန် ထိုင်းပြည်သူများကိုဝိုင်းဝန်းကူညီရန် တိုက်တွန်း တောင်းဆိုထားပြီး ကူညီပေးရမည့်အချက်များကို လည်း ဇူလိုင် (၂၅) ရက်တွင် ထုတ်ပြန်ထားသည်။
ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံကို တိုက်ခိုက်ရာတွင် အရပ်သားများကို တိုက်ခိုက်ခြင်းမျိုး မရှိဘဲ၊ စစ်ရေး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားစစ်တပ်က အရပ်သားများကို လူသား တံတိုင်းပုံစံမျိုးထားရှိကြောင်း ပြောသည်။ ကမ္ဘောဒီး ယားစစ်တပ်သည် အရပ်သားများနေထိုင်သည့်နေရာ များတွင် အမြောက်အမြား အတွဲလိုက်ဒုံး ကျည်များ ဖြန့်ကြက်ချထားပြီး ပစ်ခတ်နေရာ လူသားတံတိုင်းပုံစံမျိုး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ဝေဖန်ပြစ် တင်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူနက်စကိုအဖွဲ့မှ အမေရိကန်နုတ်ထွက်
