ဇူလိုင်(၃၁) ကာ/လုံအတွင်းမှ ထွက်ပေါ်လာနိုင်သော ဆုံးဖြတ်ချက်များကို ခန့်မှန်းခြင်း
မျိူးမင်း (မကျည်းလဟာ) (NSS)
ဇူလိုင်(၃၁)ရက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးရှိ၏။ ထိုအစည်းအဝေးသည် ယခင် (၆) လတစ်ကြိမ် အ စည်းအဝေးများထက်ပို၍ ထူးခြားမည်။ (၂၀၂၅) ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်း ရွေးကောက်ပွဲ ကျင်းပ ပေးမည် ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကတိကဝတ်ပေးခဲ့ခြင်းကြောင့် ယခင် အစည်း အဝေးများထက်ပို၍ ထူးခြားမည်ဟု ပြောနိုင် ခြင်းပင်။ ထိုအစည်းအဝေးမှတစ်ဆင့် ပေါ်ပေါက်လာနိုင် ခြေရှိသော အလားအလာများကို ယခုကဲ့သို့ သုံးသပ်ကြည့်ချင်မိ၏။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းခြင်း
နစက ဟုခေါ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၂၀၂၁) ခုနှစ် နိုင်ငံရေး ပြဿနာ အတွင်း ကာ/လုံမှတစ်ဆင့် မွေးဖွားသန့်စင် ပေးလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်၏။ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ(၁)ရက်က ကျင်းပ ခဲ့သော ကာ/လုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာ ဏာသုံးရပ်လုံးကို အပ်နှင်းခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၁၇) ၊ ပုဒ်မ (၄၁၈) (က)အရ အာဏာ သုံးရပ်လုံး ကိုင်တွယ်ကျင့်သုံးခွင့်ရခဲ့သော တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က ပုဒ်မ (၄၁၉) ကို အသုံးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့ စည်းခဲ့၏။ ထိုကောင်စီတွင် ၎င်းက ဥက္ကဋ္ဌ ရာထူးကို ရယူထားသည်။ ရိုးရှင်းစွာ ဆိုရလျှင် ကာ/လုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ အပ် နှင်းခဲ့ခြင်းဖြစ်ပြီး ထိုတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုသော အဖွဲ့အစည်းဖြင့် အာဏာကို ခွဲဝေကျင့်သုံး၏။ တစ် နည်းအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြောင့်သာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ် ပေါက်လာရခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖျက်သိမ်းလိုလျှင် အဆုံးသတ်သွားမည် လည်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သူ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကတိကဝတ်ပြုလာခြင်းသည် နစကဆိုသောအဖွဲ့အစည်းကို မကြာမီ ပယ် ဖျက်သွားမည်ဟု သွယ်ဝိုက်၍ အသိပေးသကဲ့သို့ပင် မှတ်ယူနိုင်သည်။ ထို့အတွက်ကြောင့် ဇူလိုင်(၃၁)ရက် ကာ/လုံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ အာဏာသုံးရပ်လုံးကို ကာ/လုံထံ ပြန်လည် အပ်နှံပါသည်ဟု ထည့်သွင်းပြောကြားနိုင်ခြေများနေပြီး ကာ/လုံကလည်း တစ်ထိုင်တည်း လက်ခံနိုင်ခြေ ရှိသည်။ ထူးခြားသည်မှာ ကာ/လုံ၏ ခေါင်းဆောင်သည် ယာယီသမ္မတ ဦးမြင့်ဆွေ ဖြစ်သော်လည်း တရားဝင်လွှဲအပ်ညွှန်ကြားချက်အရ ဦးမြင့်ဆွေ၏တာဝန်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာ လျှင် ယာယီထမ်းဆောင်ပေးနေရပြန်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ယာယီသမ္မတ၏ တာဝန်များကို ယာယီထမ်းဆောင်ပေးနေရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာ/လုံအဖွဲ့ဝင် များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်၏အခြေအနေ များအကြောင်း အစီအရင်ခံ တင်ပြသကဲ့သို့ ဖြစ် နေ၏။ မည်သို့ပင်ဖြစ်စေ သတ်မှတ်ကြေညာထားသည့် အတိုင်း ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည် ဆိုပါက ပုဒ်မ (၄၂၆) ကို အသုံးပြုရမည်ဖြစ်သည်။ အဆိုပါ ပုဒ်မကို ကျင့်သုံးပါက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် နိုင်ငံတော်၏ အာဏာသုံးရပ်လုံးကို ကျင့်သုံးခွင့် မရှိတော့ပေ။ တပ်မတော်ကာကွယ် ရေဦးစီးချုပ်က ၎င်းအားပေးအပ်ထားသော အာဏာသုံးရပ်ကို ကာ/လုံထံ ပြန်လည်အပ်နှံလိုက်သည်နှင့် ၎င်း ဦးဆောင်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံချုပ်ရေးကောင်စီသည်လည်း အလိုအလျောက် ပျက်ပြယ်ပြီ ဟု မှတ်ယူနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖျက်သိမ်းခြင်း ဆို သည်ကို ဇူလိုင်လ (၃၁)ရက် ညပိုင်း သို့မဟုတ် ဩဂုတ်လ(၁)ရက် နံနက်ခင်းပိုင်း နိုင်ငံတော်ပြန်တမ်းများ တွင် မြင်တွေ့ကြားသိရနိုင်၏။ သို့သော် ဥပဒေအတွင်းမှ ယိုပေါက်များကိုလည်း မေ့မထားသင့်ပေ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မဖျက်သိမ်းဘဲ ထားရှိခြင်း
ထူးခြားသည့်အချက်ဟု ဆိုနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းခဲ့သော အဆိုပါကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသုံးရပ်လုံး ပြန်လည်အပ်နှံလိုက် သည့် တိုင် ကာ/လုံ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်တည်ရှိ နိုင်ခြင်းပင်။ ကာ/လုံသည် ပုဒ်မ (၄၂၆) အရ အာဏာပြန်လည်အပ်နှံခံရပြီးနောက် ပုဒ်မ (၄၂၉) အရ (၆) လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရ မည်ဖြစ်သည်။ အာဏာကိုင်တွယ်ကျင့်သုံးမှု၌ ပုဒ်မ (၄၂၇) ကလည်း ရှိနေပြန်၏။ ရွေးကောက်ပွဲမှ တစ် ဆင့် လွှတ်တော်များပေါ်ပေါက်လာလျှင်ပင် ပုဒ်မ (၄၂၇) (ခ)အရ နိုင်ငံတော်သမ္မတအသစ် ရွေးကောက် တင်မြှောက်ပြီးသည်အထိ နိုင်ငံတော်အာဏာကို ကာ/လုံက ကိုင်တွယ်ကျင့်သုံးခွင့်ရှိနေပြီး အာဏာ သုံး ရပ်ထဲမှ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာကို သင့် လျော်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းများထံ ပေးအပ် ခွင့် ရှိနေသေးသည်။ သို့သော်လည်း နစကကို မဖျက်သိမ်းဘဲ ထားခြင်းသည် မလိုလားအပ်သော ရှုပ်ထွေး မှုများ ဖြစ်လာနိုင်သည့်အတွက် စဉ်းစားနိုင်ခြေ နည်းပါး၏။
ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အစိုးရလား၊ အိမ်စောင့်အစိုးရလား
ဇူလိုင်လ(၃၁)ရက် ကာ/လုံအတွင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသုံးရပ်ကို ပြန်လည် အပ်နှံလိုက်ပြီဆိုသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုသော ကတိကဝတ်သည်လည်း ရာနှုန်း ပြည့်ခိုင်မာသွားပြီဟု ဆိုနိုင်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အာဏာပြန်အပ်မှသာလျှင် ရွေး ကောက်ပွဲကျင်းပမည့်ကိစ္စက စိတ်ချရမည်လည်း ဖြစ် သည်။ ၎င်းက အာဏာပြန်မအပ်သေးလျှင် ပုဒ်မ (၄၂၅) အရ သက်တမ်း(၆)လ ထပ်တိုးပေးလိုက်ရခြင်းသာ ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲက အလှမ်းဝေး နေဦးမည်ဖြစ်၏။ သို့သော်လည်း ကတိကဝတ်အရဆိုလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကာ/လုံ ထံ မဖြစ်မနေ အာဏာပြန်အပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ အာဏာအပ်ပါက ပုဒ်မ (၄၂၉) အရ (၆) လ အတွင်း ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပေးရမည်ဟု (၂၀ဝ၈) ဥပဒေက ပြဋ္ဌာန်းပေးထားသည်။ ကာ/ လုံ အနေဖြင့် (၂၀၂၅) ခုနှစ် ဩဂုတ်လ(၁)ရက်မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလ(၃၁)ရက်ဆိုသည့် (၆)လတာ အတွင်း ရွေးကောက်ပွဲကျင်းပပေးရတော့မည်ဖြစ်၏။ ကာ/လုံထဲမှ အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ဇွန်လ (၂၅-၂၆-၂၇) ငြိမ်းချမ်းရေးဖိုရမ်အတွင်း၌ ရွေးကောက်ပွဲ ကတိကဝတ်ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေရ ရွေးကောက်ပွဲကျင်းပပေးရမည့် (၆)လတာကာလနှင့် အစိုးအရ အသစ် မပေါ်ပေါက်မီ စပ်ကြားကာလများကို မည်သည့်အုပ်ချုပ်မှုအဖွဲ့အစည်းဖြင့် အုပ်ချုပ်မည်နည်း ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ပင်။ ဥပဒေအရ ကာ/လုံက ဦးဆောင်အုပ်ချုပ်၍ရသည်ဆိုသော် လည်း ဝန်ကြီးဌာနများ၊ အစိုးရလုပ်ငန်းများကိုမူ ဆင့်ကဲအုပ်ချုပ်မှုစနစ် လိုအပ်နေမည်မှာ သေချာသည်။ ထို့ အတွက် (၂၀ဝ၈) က လမ်းပြထားသည်မှာ ဤသို့ပင်။ ပုဒ်မ (၄၂၇) (က)နှင့်(ခ) ပင် ဖြစ်၏။ ကာ/လုံက ဥပဒေပြုရေး အာဏာကို ကိုယ်တိုင်ကျင့်သုံးရမည်ဖြစ်ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို သင့်လျော် သည့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းများဖွဲ့စည်း၍ လွှဲအပ်ကျင့်သုံးနိုင်သည်။ ပုဒ်မ (၄၂၈) ၊ (၄၃၀) နှင့် (၄၃၁) တို့သည်လည်း လာမည့် တစ်နှစ်နီးပါးအတွက် အုပ်ချုပ်မှု လမ်းပြမြေပုံဖြစ်လာ၏။ သို့ ဆိုလျှင် ရွေးကောက်ပွဲကျင်းပရေးနှင့်ကြား ကာလအုပ်ချုပ်ရေးအတွက် အစိုးရတစ်ရပ် အသစ်ဖွဲ့စည်းရ မည်လောဟု တွေးစရာရှိနေပြန်သည်။ ဤနေရာ၌ သတိထားမိမည်ဟု မထင်ရသော အုပ်ချုပ်မှု အဖွဲ့ အစည်းတစ်ခု ရှိနေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၂၀၂၁) ခုနှစ် ဩဂုတ်လ(၁)ရက် ပြန်တမ်းတွင် ထုတ်ပြန်ခဲ့ သော အိမ်စောင့်အစိုးရဆိုသော အဖွဲ့အစည်းပင် ဖြစ်၏။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်း ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အောက်တွင် စီမံခန့်ခွဲမှုကော်မတီဆိုသော အဖွဲ့ တစ်ခု ရှိခဲ့ဖူးပြီး အဆိုပါကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ဩဂုတ်လ(၁)ရက် မိန့် ခွန်း၌ ကောင်စီဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာခဲ့သည်။
လက်ရှိ အုပ်ချုပ်မှုသည် အိမ်စောင့်အစိုးရ၏ အုပ်ချုပ်မှုသာဖြစ်ပြီး ၎င်း၏အထက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ရှိသည်။ နစက၏ အထက်တွင် ၎င်းအားဖွဲ့စည်းပေးခဲ့သော တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရှိသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အထက်တွင် (၂၀ဝ၈) ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ကာ/လုံ ရှိသည်။ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည် သူရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ အစစ် မရှိသေးသည့် ရှုပ်ထွေးလှသည့် နိုင်ငံ ရေးအကျပ်အတည်းကာလမျိုးတွင် ကာ/လုံသည်သာ အထွတ်အထိပ်ဖြစ်သည်။ သို့အတွက် ကာ/လုံ သည်သာ အဆုံးအဖြတ်ဖြစ်၏။ ကာ/လုံကသာ အိမ်စောင့် အစိုးရအား ဆက်လက်တည်ရှိစေဟု အတည် ပြုမည်ဆိုပါက လက်ရှိ ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်အားလုံး နေမြဲအတိုင်းပင်။ သို့ဆိုလျှင် သီးခြားအစိုးရတစ်ရပ် သို့မဟုတ် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ် လိုအပ်မည်ဟု မှတ်ယူရန်ခက်မည်ဖြစ်သည်။ သို့သော် အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်က ၎င်း၏ အစိုးရ အဖွဲဝင်များကို လိုအပ်သလို ပြောင်းလဲပစ်နိုင်ခြေလည်းရှိသည်။
ရွေးကောက်ပွဲကျင်းပရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြုလက်ခံရေးအတွက် ကြားကာလ အစိုးရ တစ်ရပ် ဖွဲ့စည်းသင့်သည်ဆိုသော အယူအဆများမှာ မျက်တောင်မွေး တစ်ဆုံးသာ တွေးနိုင်သော နိုင်ငံ ရေး အယူအဆမျိုးဟု ကင်ပွန်းတပ်ချင်၏။ လက်ရှိ အစုအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပစ်ရုံ၊ နိုင်ငံတကာ တန်းဝင် လူပုဂ္ဂိုလ်အချို့ကို အစိုးရအဖွဲ့၌ ထည့်သွင်းဖွဲ့စည်းရုံဖြင့် နိုင်ငံတကာက အသိအမှတ်ပြုသွား မည်ဟု တွေးဆနေခြင်းများသည် နိုင်ငံရေးအတွေး အခေါ်ပိုင်း နိမ့်ပါးလွန်း၏ဟု မယိုးစွပ်လိုပေ။ သို့သော် ယိုးစွပ်ရမည်ပင်။ တည်ငြိမ်လက်စ အုပ်ချုပ်ရေး ယန္တရားများကို မလိုလားအပ်သော အပြောင်းအလဲ များ လုပ်ခြင်းဖြင့် လူထုနှင့်နိုင်ငံတကာကို မျက်လှည့် ပြရန် ရည်ရွယ်ခြင်းသည်သာ မရိုးမသားလုပ်ရပ်ဟု ဆိုရ မည်ပင်။ ဆိုရလျှင် ကြားကာလတည်ငြိမ်ရေး အစိုးရဖြစ်စေ၊ ရွေးကောက်ပွဲ သမာသမတ်ကျရေး အစိုးရ ဖြစ်စေ မည်သို့သောခေါင်းစဉ်ဖြင့် အစိုးရဖြစ်စေ လိုအပ်မည်ဟုမထင်။ ထိုအစိုးရသည်လည်း တစ်နှစ်ခန့် သာ အုပ်ချုပ်ခွင့်ရမည်ဖြစ်သည်အတွက် လိုအပ်မည်ဟု ထင်ပါသလော။
အနှစ်ချုပ်ရသော်
ဖြစ်နိုင်ခြေများကို တွက်ချက်ခန့်မှန်းပြီးသည့် နောက်တွင် နိုင်ငံရေးဗေဒင်ဟောသကဲ့သို့ တိတိပပ ခန့်မှန်းရတော့မည်လည်းဖြစ်၏။ နိုင်ငံရေးသည် ဗေဒင်ဟောခြင်းထက် ပို၍ရှုပ်ထွေးသည်၊ အလှည့် အ ပြောင်းများသည် မိုးလေဝသထက် နက်ရှိုင်းသည်။ သို့သော် ပြတ်ပြတ်သားသား ခန့်မှန်းရမည်ဆိုပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကာ/လုံ ထံ အာဏာပြန်အပ်၍ ကာ/လုံဖြင့် ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မည်။ အာဏာပြန်အပ်လိုက်ခြင်းသည် ၎င်း၏လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားခြင်းမျိုး မဟုတ် သည့်အတွက် ကာ/လုံ ပြန်အပ်ရေးကို တွန့်ဆုတ်နေမည်ဟု မထင်။ ကာ/လုံအတွင်း ဝင်ထိုင်ခွင့်ရကြသူ များသည်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လုပ်ပိုင်ခွင့်များကို ကန့်သတ်ရဲမည်ဟု ယူဆ၍ မရပေ။
ရွေးကောက်ပွဲအတွက် မဖြစ်မနေ အစိုးရသစ် တစ်ရပ် ဖွဲ့စည်းပေးရမည်ဟု (၂၀ဝ၈) က လမ်း ညွှန် မထားသည့်အတွက် ကာ/လုံအနေဖြင့်လည်း တည်ရှိပြီးသား အိမ်စောင့်အစိုးရကိုသာ အာဏာ နှစ် ရပ်ကို ဆက်လက်ကျင့်သုံးခိုင်းနိုင်ခြေရှိသည်။ အိမ်စောင့်အစိုးရ၏ဝန်ကြီးချုပ်ရာထူးကို တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆက်လက်တာဝန်ယူခွင့် ရနိုင်ခြေရှိနေပြီး အ ခြားသူတစ်ဦးဦးဖြင့် အစားထိုးမည်ဆိုလျှင် ၎င်းကိုယ်တိုင်သကဲ့သို့ ယုံကြည်စိတ်ချရသူကိုသာ ပေးအပ် ဖွယ်ရှိသည်။
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များထဲမှ အချို့မှာ အနားပေး ခံရနိုင်ခြေရှိနေပြီး အများစု တည်ငြိမ်နေမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပျက်ပြယ်သွား မည်ဖြစ်ပြီး ကောင်စီဝင်များမှာ သက်ဆိုင်ရာ နိုင်ငံရေးနယ်ပယ်အသီးသီး၌ ပြန်လည်ပါဝင်လာနိုင်ခြေ ရှိသည်။ လာမည့်တစ်နှစ်အတွင်း၌ ဗိုလ်ချုပ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီးများထဲမှ အချို့ သည် အနားယူသွားခြင်း၊ အစိုးရတာဝန်ကြီးများကို ထမ်းဆောင်ခြင်းနှင့် တပ်မတော် ထိပ်ပိုင်းရာထူးများ ကို ဆက်ခံခြင်းများ ဖြစ်လာနိုင်သည်။ နစက ကောင်စီ ဝင်ဖြစ်ခဲ့သူများထဲမှ အချို့သည်လည်း နိုင်ငံတော် ၏ထိပ်တန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ရနိုင်ခြေရှိသည်။ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီး ချုပ်များထဲမှ အချို့သည် အနားယူသွားရနိုင်ခြေရှိပြီး အချို့မှာ ပြည်ထောင်စုဝန်ကြီး တာဝန်များကို ပြန် လည်ရရှိနိုင်ခြေရှိသည်။ လက်ရှိနိုင်ငံရေးသမားများထဲမှ အချို့သည်လည်း အစိုးရတာဝန်များကို ဝင် ရောက်ထမ်းဆောင်ရမည်မှာ သေချာနေပြီး ပညာရှင် အချို့အတွက်လည်း နေရာလွတ်များ ရှိနေသည်။ သို့သော်လည်း ရွေးချယ်ရေးအခန်းတွင်း၌ ခေါင်းပြူ၍ မကြည့်ရဲအောင်ပင် အစိုးရတာဝန်ကြီးများ ထမ်း ဆောင်လိုသည့်၊ ထမ်းဆောင်ရနိုင်ခြေရှိသည့်ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသည်။ မဖြစ်မနေ သိထားရ မည်မှာ ထိုရွေးချယ်ရေးအခန်း၏ ထိပ်ဆုံး၌ ထိုင်၍ဆုံးဖြတ်နေသူကား အခြားသူ မဟုတ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာကို ဗြိတိန်စားဖိုမှူးနှစ်ဦးချက်ပြုတ်
