Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်ပေါင်း (၄၀) ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်တဲ့ တူကီယဲ P.K.K အဖွဲ့ အကြောင်း တစေ့တစောင်း


ဂျန်ဇက် (NSS)

တူကီယဲနိုင်ငံဟာ ဥရောပတိုက်ရှိနိုင်ငံတွေထဲမှာ အင်အားတောင့်တင်းတဲ့နိုင်ငံဖြစ်ပေမယ့် ပြည် တွင်းစစ်ပွဲတွေကိုရင်ဆိုင်ခဲ့ရတဲ့နိုင်ငံတွေထဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ တူကီယဲနိုင်ငံဟာ ပြည်တွင်းစစ်အဆုံးသတ်မယ့် အလားအလာကောင်းတွေရှိနေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တူကီ ယဲအစိုးရကို နှစ်ပေါင်း (၄၀)ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ P.K.K လက်နက်ကိုင်အဖွဲ့က လက် နက်စွန့်လွှတ်မှုတွေစတင်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ ဆန်ပိုင်းမှာ P.K.K တပ်ဖွဲ့ဝင်တချို့ဟာ လက်နက် တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ တူကီယဲလက်နက်ကိုင်အဖွဲ့ (P.K.K) ခေါင်းဆောင် အက်ဘ်ဒူလာအိုကာလန်ဟာ နှစ်ပေါင်း (၂၅)နှစ်အတွင်း ပထမဆုံးအကြိမ် ရုပ်သံထုတ် လွင့်ခဲ့ပြီး အဲဒီရုပ်သံထဲမှာ တူကီယဲအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ၎င်းတို့ P.K.K အဖွဲ့ဝင်တွေ ဟာ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးလုပ်ငန်းလုပ်ကိုင်သွားမယ်လို့ အတည်ပြုပြောဆိုခဲ့ ပါတယ်။ 

P.K.K အဖွဲ့ခေါင်းဆောင် အိုကာလန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လက်နက်စွန့်လွှတ်မယ့် အကြောင်းကို လူသိရှင်ကြားကြေညာခဲ့ပြီးနောက် ဇူလိုင်လအတွင်းမှာပဲ P.K.K အဖွဲ့ဝင်တွေဟာ လက် နက်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ P.K.K အဖွဲ့ခေါင်းဆောင်က “ကျွန်တော်တို့ဟာ လက်နက် ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးနဲ့ တရားဥပဒေဘောင်အတွင်းဝင်ရောက်လုပ်ကိုင်မယ်။ ဒီလိုမျိုး လုပ်ကိုင်တာဟာ ရှုံးနိမ့်မှုတွေကြောင့်မဟုတ်ဘဲ သမိုင်းသစ်ရေးထိုးဖို့ဖြစ်တယ်” လို့ပြောပါတယ်။ တူကီ ယဲ ကာဒစ်စတန်ပြည်နယ်ရှိ ကာ့ဒ်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ (၁၉၈၀) ပြည့်နှစ်မှာ လက်နက်ကိုင်လမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့ပြီး တူကီယဲအစိုးရကို လက်နက် ကိုင်တိုက်ခိုက်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ P.K.K အဖွဲ့ရဲ့ နှစ်ပေါင်း(၄၀)ကျော်ကြာ ကိုယ်ပိုင်လွတ်လပ် ရေး ရယူနိုင်အောင်လှုပ်ရှားမှုအတွင်း လူပေါင်း(၄၀ဝဝဝ)ကျော်သေဆုံးခဲ့ပါတယ်။ P.K.K အဖွဲ့ကို တူကီယဲ အစိုးရအပြင် ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့က အကြမ်းဖက်အဖွဲ့စည်းအဖြစ်သတ်မှတ်ထားပါတယ်။

P.K.K အဖွဲ့ဟာ တူကီယဲနိုင်ငံမှာ အခြေ ပြုလှုပ်ရှားရုံသာမက ဆီးရီးယားနယ်စပ်၊ အီရတ်နယ် စပ် ဒေသတွေမှာအခြေပြုလှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ရာ လက်နက်စွန့်လွှတ်လိုက်တာက ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့အတွက်လည်း ဝမ်းသာစရာသတင်းဖြစ်စေခဲ့ပါတယ်။ ဇူလိုင်လဆန်းမှာ P.K.K အဖွဲ့ဝင်တွေ လက်နက်စွန့်လွှတ်ခြင်း အခမ်း အနားတွေကို အီရတ်နိုင်ငံမှာပြုလုပ်ခဲ့ပြီး လာမယ့် လပိုင်း တွေအတွင်းမှာလည်း လက်နက်စွန့်လွှတ်တဲ့ အခမ်းအနားတွေ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေပါ တယ်။ တူကီယဲ သမ္မတ အာဒိုဂမ်က P.K.K အဖွဲ့ရဲ့ လက်နက်စွန့်လွှတ်မှုဟာ နိုင်ငံ့အနာဂတ်အတွက် အကျိုး ကျေးဇူးများစွာ ဖြစ်လာဖွယ်ရှိတယ်လို့ဆိုပါတယ်။ 

P.K.K လက်နက်ကိုင်အဖွဲ့ဟာ (၁၉၇၈) ခုနှစ်မှာ တူကီယဲနိုင်ငံအခြေစိုက် ကာဒစ်စတန်အလုပ် သမား ပါတီရဲ့ လက်နက်ကိုင်အဖွဲ့စည်းဖြစ်ပြီး တူကီယဲနိုင်ငံအရှေ့တောင်ပိုင်းရှိ ကာဒစ်စတန်ပြည်နယ် က တောတောင်တွေမှာအခြေစိုက်ပါတယ်။  P.K.K အဖွဲ့ဟာ ကာဒစ်စတန်အလုပ်သမားပါတီရဲ့ လက် နက်ကိုင်အဖွဲ့အဖြစ်စတင်ဖွဲ့စည်းချိန်တုန်းက ကာဒစ် လူမျိုးတွေအတွက် ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ရည်ရွယ်ခဲ့ပေမယ့် (၁၉၉၀)ပြည့်နှစ်မှာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဖို့၊ ကာဒစ်လူမျိုးတွေရဲ့ နိုင်ငံရေး၊ ယဉ် ကျေးမှုတွေရယူနိုင်ဖို့ပြောင်းလဲခဲ့ပါတယ်။ အဲဒီ လက်နက် ကိုင်အဖွဲ့ကို စတင်ဖွဲ့စည်းချိန်တုန်းက မက်စ် အတွေး အခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေကိုအခြေခံပြီးဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ P.K.K အဖွဲ့ဟာ အဖွဲ့ဝင်အင်အား (၅၀ဝဝ)ကျော်ရှိတဲ့ လက် နက်ကိုင်အဖွဲ့အစည်းဖြစ်ရာ အင်အားတောင့် တင်းတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင်တွေ လည်းရှိနေပါတယ်။ P.K.K အဖွဲ့ဟာ တူကီ ယဲ အစိုးရနဲ့ အရင်ကတည်းက အပစ်အခတ်ရပ်စဲရေးရယူ ဖို့ကြိုးပမ်းခဲ့ပေမယ့် သဘောတူညီချက် ချိုး ဖောက်မှုတွေကြောင့် အလုံးစုံလက်နက်ချတဲ့လမ်းကြောင်း ပေါ်အထိရောက်ရှိလာခြင်းမရှိဘဲ အပြန် အလှန် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာမျိုးဖြစ်ပါတယ်။ တူကီယဲလုံခြုံရေးအဖွဲ့တွေဟာ (၁၉၉၉) ခုနှစ်မှာ P.K.K အဖွဲ့ခေါင်းဆောင်ဖြစ်သူ အက်ဘ်ဒူလာအိုကာလန်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး နောက် တူကီယဲအစိုးရနဲ့ P.K.K အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးရယူနိုင်မယ့်အခြေအနေတွေဖြစ်လာခဲ့ တယ်လို့ သိရပါတယ်။ 

တူကီယဲအစိုးရဟာ P.K.K အဖွဲ့ခေါင်းဆောင်ဖြစ်သူ အက်ဘ်ဒူလာအိုကာလန်ကိုဖမ်းဆီးနိုင်ခဲ့ပြီး နောက် သေဒဏ်အပြစ်ပေးခဲ့ပေမယ့် တူရကီအ စိုးရရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် သေဒဏ်အစား တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ပြောင်းလဲခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်မှာ P.K.K အဖွဲ့ဟာ တူကီယဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲ ရေးရယူမယ်လို့ကြေညာခဲ့ဖူးပြီး တူရကီနိုင်ငံရဲ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အစိတ်အပိုင်းတွေထဲမှာ ကာဒစ် စတန်ပြည်နယ် ပူးပေါင်းပါဝင်ဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ P.K.K အဖွဲ့ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေ လျှော့ချ ရုပ်သိမ်းမှုပိုင်းလုပ်ကိုင်ရာမှာနှေးကွေးခဲ့ပြီး အစိုးရ နဲ့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီး (၂၀၁၅)ခုနှစ်မှာ တူကီယဲအစိုးရနဲ့ P.K.K အဖွဲ့ကြားရရှိထားတဲ့ အပစ်အ ခတ် ရပ်စဲရေးက ကျိုးပျက်သွားကာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ နှစ်ပေါင်း (၄၀)ကျော်အ တွင်း တူကီယဲအစိုးရနဲ့ P.K.K အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးရယူနိုင်မှုတွေရှိခဲ့ဖူးပေမယ့် ချိုးဖောက်မှု တွေကြောင့် ပျက်စီးခဲ့ရပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တူရကီအစိုးရနဲ့ P.K.K အဖွဲ့ဟာ (၁၉၉၉) ခုနှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ အပစ်အ ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပေမယ့် အလုံးစုံငြိမ်းချမ်းရေး အခြေအနေမျိုးကိုရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ တူကီယဲလက်နက်ကိုင် P.K.K ဟာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ချိန်အတွင်း မြို့ တွေမှာ ဗုံးခွဲတိုက်ခိုက်တာ၊ အသက်မပြည့်သေးသူ တွေကို လူသစ်စုဆောင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတို့ လုပ်ကိုင်ခဲ့ပါတယ်။ 

(၂၀၂၅) ခုနှစ်မတ်လမှာတော့ P.K.K အဖွဲ့ဟာ တူကီယဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပြီး ၎င်းတို့အဖွဲ့ကို အလုံးစုံဖျက်သိမ်းမယ် လို့လည်း သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ P.K.K အ ဖွဲ့ဟာ  နှစ်ပေါင်း (၄၀)ကျော်ကြာ ကျင်လည်လှုပ်ရှားချိန်အတွင်း အမျိုးသမီးလက်နက်ကိုင်အဖွဲ့၊ လူငယ် လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးကိုယ်စားပြုအဖွဲ့၊ လေ့ကျင့်ရေးအဖွဲ့တွေ စတဲ့အဖွဲ့စည်းအသီးသီးကို ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ပြီး အစိုးရကို ဖိအားပေးတိုက်ခိုက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ P.K.K အဖွဲ့ဟာ လက်ရှိအချိန် မှာ တူကီယဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရယူကာ ငြိမ်းချမ်းရေးလမ်းကြောင်းကိုလျှောက်လှမ်းမှုနဲ့အတူ အီရတ်၊ တူကီယဲတို့ရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးလုပ်ငန်းတွေမှာလည်း ပူးပေါင်းပါဝင်ဖွယ်ရှိနေပါတယ်။ P.K.K လက်နက်ကိုင်အဖွဲ့နဲ့ တူကီယဲအစိုးရကြား ရရှိထားတဲ့သဘောတူညီမှုတွေအရ P.K.K အဖွဲ့ဝင် တွေဟာ အဖွဲ့လိုက် လက်နက်စွန့်လွှတ်တာတွေကို လုပ်ဆောင်သွားရမှာဖြစ်တဲ့အတွက် လာမယ့်လတွေ မှာလည်း P.K.K အဖွဲ့ဝင်တွေရဲ့လက်နက် ဖျက် သိမ်းခြင်းအခမ်းအနားတွေကို ထပ်မံလုပ်ဆောင်ဖွယ် ရှိ နေပါတယ်။ ဇူလိုင်လဆန်းကကျင်းပခဲ့တဲ့ P.K.K အဖွဲ့ဝင်တချို့ရဲ့ လက်နက်ဖျက်သိမ်းခြင်းကို တူကီယဲ အခြေစိုက် Dem ပါတီအပါအဝင် နိုင်ငံရေးသမား တွေနဲ့ပြည်သူတွေ တက်ရောက်အားပေးခဲ့တယ်လို့ သိ ရပါတယ်။ 

ဇူလိုင်လ(၁၀)ရက်ကကျင်းပခဲ့တဲ့ လက် နက်ဖျက်သိမ်းခြင်းအခမ်းနားကိုတက်ရောက်ခဲ့တဲ့ P.K.K အဖွဲ့ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ဆန္ဒနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ် ငန်းတွေမလုပ်ခင် လက်နက်တွေကို ဖျက်သိမ်းမီး ရှို့ခဲ့တယ်”လို့ပြောပါတယ်။ တူကီယဲအစိုးရဟာ P.K.K အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရယူနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် သဘောထားအမြင် ကွဲလွဲမှု တွေကြောင့် ရရှိခဲ့တဲ့ သဘောတူညီမှုတွေ ပျက်စီးခဲ့ပြီး တိုက်ပွဲတွေဖြစ်ခဲ့ရပါတယ်။ တူကီယဲ သမ္မတ အာဒိုဂမ်ဟာ P.K.K အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးရယူနိုင်ရေးကြိုးပမ်းမှုတွေကို လက်မလျှော့ဘဲ (၂၀၂၄) ခုနှစ်မှာ P.K.K အဖွဲ့ကို အကြမ်းဖက်ကင်းစင်တဲ့တူကီယဲနိုင်ငံဖြစ်အောင်လုပ်ဆောင်မယ့်လုပ် ငန်းစဉ်ကို စတင်ခဲ့ပြီး P.K.K အဖွဲ့ကိုဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ တူကီယဲအစိုးရဟာ ကာဒစ်စတန် နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ Dem ပါတီကတစ်ဆင့် P.K.K အဖွဲ့ခေါင်းဆောင်နဲ့ဆွေးနွေးခဲ့ပြီး (၂၀၂၅)ခုနှစ် မတ်လ အတွင်းမှာ P.K.K အဖွဲ့ခေါင်းဆောင်က လက်နက်ဖျက်သိမ်းမယ့်အစီအစဉ်ကို လူ သိရှင်ကြားကြေညာခဲ့ ပါတယ်။ P.K.K အဖွဲ့ခေါင်းဆောင်အိုကာလန်က “P.K.K အဖွဲ့နဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းအားလုံး လက် နက်ချရမယ်။ အဖွဲ့ကို ဖျက်သိမ်းမယ်}လို့ထုတ်ပြန်ခဲ့ပါတယ်။ တူကီယဲ သမ္မတကလည်း “ကြောက်မက် ဖွယ်ရာ တံတိုင်းကို ဖြို ချဖို့ သမိုင်းဝင်ခြေလှမ်းတစ်လှမ်းလှမ်းဖို့အခွင့်အလမ်းကိုယူခဲ့တာဖြစ်ပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။  P.K.K အဖွဲ့ရဲ့လက်ရှိလုပ်ရပ်တွေဟာ အရင်တုန်းက အခြေအနေမျိုးနဲ့မတူညီဘဲ ငြိမ်း ချမ်းရေးရယူနိုင်ဖို့   စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုနိုင်ပါတယ်။ အရင်တုန်းက P.K.K အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကိုသာ ဦးတည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်ကို အပြီးတိုင် စွန့်လွှတ် တဲ့အထိလုပ်ဆောင်လာခဲ့ရာ တူကီယဲနိုင်ငံရဲ့အနာဂတ်က ငြိမ်းချမ်းရေး အသီးပွင့်တွေကို ခံစားရဖွယ်ရှိ နေပါတယ်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇူလိုင်(၃၁) ကာ/လုံအတွင်းမှ ထွက်ပေါ်လာနိုင်သော ဆုံးဖြတ်ချက်များကို ခန့်မှန်းခြင်း

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved