အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ဗြိတိန်အမျိုးသမီး
Pika (NSS) - ဇူလိုင်လ ၁၅
အသက်(၂၁)နှစ်အရွယ် ဗြိတိန်အမျိုးသမီး တစ်ဦးသည် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ မိုင်ပေါင်း(၄၃၆၆)မိုင်အထိ လှေလှော်သွားခဲ့ ပြီးနောက် ယင်းကဲ့သို့ပြုလုပ်နိုင်ခဲ့သည့် အသက် အငယ်ဆုံးလူတစ်ဦးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်(၃)ခု ကို ရရှိခဲ့ကြောင်းသိရသည်။ Zara Lachlan ဆိုသည့်အမျိုးသမီးသည် ၎င်း၏(၂၄)ပေရှည်သော လှေဖြင့် ပေါ်တူဂီနိုင်ငံ Lagos မြို့မှ French Guinea ဒေသရှိ Cayenne မြို့သို့ မိုင်ပေါင်း (၄၃၆၆)မိုင်ခရီးကို လှေလှော်ကာသွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
Zara Lachlan ၏ အဆိုပါခရီးစဉ်သည် (၉၇)ရက် (၁၀)နာရီနှင့်မိနစ်(၂၀) ကြာမြင့်ခဲ့ကြောင်း လည်းသိရသည်။ Zara Lachlan သည် အဆိုပါ ခရီးစဉ်အတွက် ဂင်းနစ်စံချိန်(၃)ခုကို ရရှိခဲ့ကြောင်း လည်းသိရသည်။ ၎င်းရရှိခဲ့သည့်စံချိန်များမှာ ဥရောပမှ တောင်အမေရိကအထိ အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ပထမဆုံး အမျိုးသမီး၊ ဥရောပမှတောင်အမေရိကအထိ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ တစ်ကိုယ်တော် လှေလှော်ခဲ့သည့် အသက်အငယ်ဆုံးလူနှင့် သမုဒ္ဒရာ အတွင်း တစ်ကိုယ်တော် (အမျိုးသမီး) လှေလှော် သည့် အသက်အငယ်ဆုံးသူ စံချိန်တို့ဖြစ်ကြောင်းသိရ သည်။ Zara Lachlan က " ဒီခရီးစဉ်တစ်ခုလုံးမှာ အတွေ့အကြုံတွေအများကြီးကို ကျွန်မရရှိခဲ့ပါတယ်။ ဒီလိုမျိုးစံချိန်တွေကို ရခဲ့တဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ် " ဟုပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းသည်တစ်ရက်လျှင် အနည်းဆုံး အချိန်(၁၇)နာရီခန့် လှေလှော်ခဲ့ပြီး တစ်ကြိမ်လျှင် မိနစ်(၉၀)ထက်ပိုကာ မအိပ်ခဲ့ကြောင်း Zara Lachlan က ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ(၁၅)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
12 Feb 2026 | အားကစား,နိုင်ငံတကာ
12 Feb 2026 | အားကစား,နိုင်ငံတကာ
08 Feb 2026 | အားကစား,ပြည်တွင်း
