ထိုင်းထက်စာလျှင် တောင်ကိုရီးယားက အိမ်လိုမျိုးခံစားရကြောင်း BLACKPINK အဖွဲ့ဝင် လီဆာ ထုတ်ဖော်ပြောဆို
Pika (NSS)- July 15
မိခင်နိုင်ငံထိုင်းထက်စာလျှင် တောင်ကိုရီးယားနိုင်ငံက အိမ်ကဲ့သို့ ပိုမိုခံစားရကြောင်း တောင်ကို ရီးယားနာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာက ထုတ် ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် လီဆာ၏ ထုတ်ပြန်ပြောဆိုချက်များနှင့်ပတ်သက်ပြီး ၎င်း၏ပရိသတ်များ ကြားတွင် တုံ့ပြန်မှုအများအပြားရှိနေကြောင်းလည်းသိရသည်။
အွန်လိုင်းဖိုရမ်တစ်ခုတွင် လီဆာ၏ နေအိမ်လိုမျိုးခံစားရသည့်နေရာနှင့်ပတ်သက်သော မှတ်ချက် ကို အခြားအသုံးပြုသူများက တုံ့ပြန်ခဲ့ကြကြောင်းလည်းသိရသည်။ လီဆာက “ကျွန်မရဲ့နေအိမ်လိုမျိုး ခံစားရတဲ့နေရာက တောင်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးကို သွားရောက်နေရသည့် အနုပညာရှင်တစ်ဦးအနေဖြင့် ထိုင်း နှင့်တောင်ကိုရီး ယားနိုင်ငံတွင် ဘယ်နိုင်ငံက နေအိမ်ကဲ့သို့ ပိုမိုခံစားရသနည်းဆိုသည့် မေးခွန်းများကို လီဆာက တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ လီဆာက “အဲဒါက တောင်ကိုရီးယားနိုင်ငံပဲဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်” ဟုပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လီဆာသည် တောင်ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်လျက်ရှိသူ တစ်ဦး ဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ဗြိတိန်အမျိုးသမီး
RELATED POSTS
12 Feb 2026 | အနုပညာ,နိုင်ငံတကာ
12 Feb 2026 | အနုပညာ,နိုင်ငံတကာ
