Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပါက ယူနက်စကိုစာရင်းမှ ပယ်ဖျက်ခံရနိုင်ဟုဆို


သက်ပိုင် (NSS) - ဇူလိုင်လ ၁၅ 


ကမ္ဘာ့အမွေအနှစ် (UNESCO) စာရင်းဝင် နေရာတစ်ခုဖြစ်သည့် ပုဂံရှေးဟောင်းယဉ် ကျေး မှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပြီး ပျက်စီးမှုများရှိလာပါက ကမ္ဘာ့အမွေအနှစ်စာရင်းမှ ပယ်ဖျက်ခြင်းခံရနိုင် ကြောင်း အရှေ့တောင်အာရှဒေသဆိုင်ရာ ရှေး ဟောင်းသုတေသနနှင့် အနုပညာစင်တာမှ အကြီး တန်းသုတေသန အရာရှိ ဒေါ်ဥမ္မာမျိုးက NSS သို့ ပြောသည်။ 

ပုဂံဒေသအား ကမ္ဘာစစ်ဖြစ်ပွားခဲ့လျှင်ပင် ဖျက်ဆီးခွင့်မရှိစေရေးအတွက် ကမ္ဘာ့အမွေအနှစ် စာ ရင်း ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ပြီဖြစ်သော်လည်း ယင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမည်ကို များစွာ စိုးရိမ် မိကြောင်း ၎င်းကဆိုသည်။ “ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ဖို့အတွက် အရေးကြီးဆုံးအချက်က အမွေအနှစ်ကို ပိုင်ဆိုင်တဲ့ နိုင်ငံသားတွေရဲ့ commitment ပဲ။ ဘယ်လောက်နားလည်မြတ်နိုးပြီး ထိန်းသိမ်းလိုစိတ်နဲ့ ထိန်းသိမ်းနေတဲ့လုပ်ငန်းစဉ်တွေကို ကြည့်ပြီးပေးတာပဲလေ။ တိုက်ပွဲဖြစ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်လာရင်တော့ ပထမအဆင့်အနေနဲ့ world heritage in danger အဆင့်ရောက်ပါမယ်။ အဲဒီ ကာလမှာမှ စနစ်တကျ ပြန်မထိန်းသိမ်းနိုင်ရင်တော့ ကမ္ဘာ့အမွေအနှစ်စာရင်းက ပယ်ဖျက်ခံရနိုင်ပါ တယ်” ဟု ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင်လည်း တိုက်ပွဲဖော်ဆောင်မည်ဖြစ် ကြောင်း ပုဂံပြည် ဘီလူးအဖွဲ့ (PDF) က ပြီးခဲ့သည့် ဇွန်လအတွင်းက ခြိမ်းခြောက်ထုတ်ပြန်ထားသည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် ပုဂံဒေသနှင့် ထိစပ်နေသည့် ချောင်းရှည်ရွာ ၊ ဇီးစာမြင်မြောက်ရွာ ၊ ပွဲတိုင်းရွာ၊ ကျောက်ပြင်ကန်ရွာတို့တွင် PDF များက တိုက်ပွဲဖော် ဆောင်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။

လက်ရှိတွင် ညောင်ဦးမြို့နယ်အတွင်း   တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်အတွက် ပြည်သူ အချို့မှာ ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့ပေါ်သို့ စစ်ဘေးရှောင်နေရမှုများရှိနေကြောင်းနှင့် ညောင် ဦးနှင့် ကျောက်ပန်းတောင်းမြို့တို့ကြားတွင် သွားလာ သူမရှိသလောက်နည်းပါးနေကြောင်း ဒေသခံများ ထံမှသိရသည်။

ရှေးဟောင်းစေတီပုထိုး မြောက်မြားစွာ တည်ရှိနေသော ပုဂံဒေသကို (၂၀၁၉) ခုနှစ် ဇူလိုင် လ (၆) ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုအဖြစ် ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့က အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းထက်စာလျှင် တောင်ကိုရီးယားက အိမ်လိုမျိုးခံစားရကြောင်း BLACKPINK အဖွဲ့ဝင် လီဆာ ထုတ်ဖော်ပြောဆို

RELATED POSTS
RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved