" ဆောက်လုပ်ရေးလောကကနေ ထွက်ပြီး သူများဆီမှာ ဝန်ထမ်းသွားလုပ်ရသူတောင်ရှိလာတယ်" အစိုးရတင်ဒါ . . . ဘယ်သူသာ
စော (NP News) - ဇူလိုင်လ ၁၄
တင်ဒါလုပ်ငန်းကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အစိုးရတင်ဒါခေါ်ယူ သူများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများအကြား ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအပြင် တင်ဒါလုပ်ငန်းကို မည်သည့်ပုံစံမျိုးဖြင့် ဆောင်ရွက်ကြသည့်ပုံစံများနှင့်ပတ်သက်၍ တင်ဒါလုပ်ငန်းရှင်တစ်ဦးအား NP News က မေးမြန်းထားချက်များကို ဖော်ပြအပ်ပါသည်။
(ယခင်တစ်ပတ်မှအဆက်)
မေး။ အစ်ကိုလုပ်ခဲ့တဲ့တစ်လျှောက်လုံးမှာ ကြုံခဲ့တဲ့ တာတွေ တစ်ခုရှိလိမ့်မယ်ပေါ့။ ကျွန်တော်ခန့်မှန်းတာ ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကဆောက်လုပ်ရေး တင်ဒါလုပ်ရင် ကြုံရမယ့်ကိစ္စပါ။ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တင်ဒါတစ်ခုကို ဝင်ပြိုင်လိုက်တယ်။ ကိုယ်ကတော့တကယ်လုပ်နေ ပေမယ့် တင်ဒါရွေးချယ်ရေးအဖွဲ့နဲ့ဆက်စပ်တဲ့ သက် ဆိုင်ရာ ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေ သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူတွေရဲ့ကုမ္ပဏီတွေကပဲရသွားတာမျိုးတွေက အစိုးရတင်ဒါလောကမှာ အကြီးအကျယ်ရှိတယ်ဆိုတာကို ကျွန်တော်က အကြိမ်ကြိမ် ကြားခဲ့ရတာ။ တကယ်မှန်နေလား။
ဖြေ။ မှန်ပါတယ်။
မေး။ ဘယ်လောက်ထိမှန်နေလဲ။
ဖြေ။ အဲဒီလိုရတဲ့လူတွေက (၉၀% )လောက်ရတာ။
မေး။ အဲဒီအပေါ်မှာ ဘာပြောချင်လဲ။
ဖြေ။ ကျွန်တော် အဲဒါကြောင့်ပြောတာလေ။ ဒီတင်ဒါ ရွေးချယ်ရေးအဖွဲ့တွေက တကယ်လုပ်နိုင်တဲ့လူတွေ၊ မှန်မှန်ကန်ကန်လုပ်နိုင်တဲ့လူတွေကို ဦးစားပေးရွေး ချယ်ပေးပါ။ ကြာလာရင် ကုမ္ပဏီတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်း (A)၊ (B)၊ (C) ပေါ့။ သူ့နေရာနဲ့သူရွေးချယ်ပေးပါ။ ပွင့်လင်းမြင်သာစွာယှဉ်ပြိုင်ခိုင်းပါ။ ဘာလို့လဲဆိုတော့ ကျန်တဲ့ကုမ္ပဏီတွေက ကြာလာရင် အကုန်လုံးပျောက် ကွယ်ကုန်လိမ့်မယ်။ တနင်္သာရီတိုင်းမှာ ခုနက အစ်ကို ပြောတဲ့ဟာမျိုးပေါ့နော်။ ဒီ ပတ်သက်ရာပတ်သက် ကြောင်းတွေချည်းပဲ။ ရှင်းရှင်းပြောမယ်။ ဒီအစိုးရ လက်ထက်မှာ ဝန်ကြီးနဲ့ပတ်သက်တဲ့ကုမ္ပဏီ၊ ကုမ္ပဏီ ထောင်ပြီးတော့ဝင်ပြိုင်တယ်။ သူရတာပဲလေ။ ကျွန် တော်နဲ့ယှဉ်ပြိုင်တာ ကျွန်တော်ရှုံးလာတာ။ သူ့မှာ ကြည့်လိုက် စက်တစ်စီးတောင်မပါသလို၊ ကျွန်တော့် မှာ စက်အပြည့်ရှိတယ်၊ ယန္တရားအပြည့်ရှိတယ်။ ကျွန် တော်ကုမ္ပဏီအကြီးကြီးထောင်ပြီး တကယ် ရန်ကုန် ကုမ္ပဏီလို ကျွန်တော်ထားဝယ်မှာလုပ်တာ။ ဒါပေမဲ့ ကျွန်တော်ရှုံးတယ်။ ကျွန်တော် အဲဒါတွေချပြတယ်။ အစိုးရအဖွဲ့တွေလည်း ပတ်သက်ရာ ပတ်သက် ကြောင်းတွေပဲပေးနေတယ်ဆိုတော့ ရှုံးတာပေါ့။
မေး။ ။ သက်ဆိုင်ရာတွေကရနေတာလေ။ သူ့လူပဲသူ ပြန်ရနေတာ။ ဥပမာဆိုပါစို့ ဆောက်လုပ်ရေးဆိုလည်း ဆောက်လုပ်ရေးòန်မှူး၊ òန်ချုပ်တွေနဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေကပဲ အဲဒီတင်ဒါရတယ်။ ဒါပေမဲ့ ပြဿ နာက လူတွေလက်ခံအောင်လို့တော့ လုပ်ထားတယ်။ ဥပဒေနဲ့ညီအောင်လည်းလုပ်ထားတယ်။ မျိုးစုံလုပ် ထားတယ်။ ဒါပေမဲ့ သူတို့ပဲရတယ်။
ဖြေ။ ။ မှန်ပါတယ်။
မေး။ ။ ထားပါတော့ ဆောက်လုပ်ရေးညွှန်မှူးတစ်ယောက်မှာ သူရဲ့စပ်ဆိုင်ပတ်သက်တဲ့လူ လေး၊ ငါးဦး ရှိသလို ညွှန်ချုပ်မှာလည်း သူ့ကုမ္ပဏီရှိတယ်။ သူတို့ အချင်းချင်းတောင်ပတ်ပြိုင်နေရတာ အပြင်လူတောင် ဝင်လို့မရဘူးဆိုတဲ့အထိဖြစ်တယ်လို့ ကျွန်တော်ကြားဖူးတယ် ဟုတ်လား။
ဖြေ။ မှန်ပါတယ်။ ကျွန်တော် တိုင်းနဲ့ပဲပြောမယ်။ ပြည်ထောင်စုနဲ့တော့မပြောချင်ဘူး။ ပြည်ထောင်စုမှာ ကျွန်တော်သိပ်မလုပ်လို့။ အရင်လက်ထက်ကတည်းက ဝန်ကြီးတွေကလည်း ဆွေမျိုးတွေနဲ့ ကုမ္ပဏီထောင် ကြပါတယ်။ အဲဒီလို ကုမ္ပဏီထောင်လို့ သူတို့ ကုမ္ပဏီထောင်တဲ့ဟာမှာ ဥပမာ သူတို့ထက်ကြီးတဲ့လူကမရဘူး။ ကျွန်တော့်ကိုပေးမှရမယ်ဆိုရင် ကျွန်တော့်ကို ပြဿနာရှာတာ။ အောင်သွားပြီးပြီဆိုလည်း အဲဒီနယ်ပယ်မှာလုပ်ရင် ပြဿနာလာရှာတဲ့အထိရှိတယ်။ ကျွန်တော့်ကိုယ်တွေ့။ လမ်းကိုဖျက်ဆီးတာလည်းရှိ တယ်။ ရန်ရှာတာမျိုးစုံ သူ့မြို့နယ်မှာ ကျွန်တော်အောင် သွားလို့ဆိုပြီးတော့။ Profile ကလည်း ကျွန်တော် အားကောင်းတာလေ။ လူကြီးတွေကလည်း ကျွန်တော့် ကိုပေးချင်တော့ မင်းကွာ မင်းကုမ္ပဏီပေးရမှာ။ ကျွန် တော့်ကို ပြဿနာရှာတယ်။ ဒါမျိုးကျတော့ ခုနက ပြောတဲ့ဟာမျိုး အပြိုင်လုပ်ရတဲ့ဟာမျိုး ပြီးတော့ အဓိက လုရတာက ကုမ္ပဏီတွေနဲ့လုရတာပေါ့လေ။ Lot တစ်ရာရှိရင် Lot တစ်ရာလုံးတင်ဒါခေါ်ရအောင် လုရတာပိုခက်တယ်။ ခုနကမေးတဲ့ဟာမှာ တစ်ခုကျန် ခဲ့သေးတယ်။ ဖြည့်စွက်ပြီးတော့ တင်ဒါတကယ်ခေါ် သင့်တာက Lot တွေဟာရှိတယ်။ ဒါပေမဲ့ Lot (၁၀ဝ) မခေါ်ဘူး။ (၃၀)ပဲခေါ်တယ်။ (၃၀%)ပဲခေါ်တယ်။ (၇၀%)ကို ဌာနကိုလုပ်ပစ်လိုက်တာ။ ဌာနတွေကိုခွဲပစ်လိုက်တာ။ ဥပမာ ကျေးလက်ဦးစီးဌာ နကခေါ်တဲ့တင်ဒါဆိုပါစို့။ အရင်တုန်းက ကျေးလက်နဲ့ သမမခွဲသေးဘူး။ ဆောက်လုပ်ရေးဝန် ကြီးဌာနက အောက်မှာရှိတယ်။ ခေါ်တယ်ဆိုပါစို့။ အဲဒီ ကျေးလက်လုပ်တဲ့နေရာမှာ (၇၀%)သူတို့ယူလိုက် တယ်။ ယူတဲ့နေရာမှာလည်း ကောင်းပေ့ဆိုတဲ့၊ လုပ်ရ အလွယ်ကူဆုံးဆိုတဲ့နေရာတွေကိုယူလိုက်တာ။ ဥပမာ (၇၀)ဖြစ်ရင်ဖြစ်မယ်၊ (၆၀)ဖြစ်ရင်ဖြစ်မယ်။ ယူပြီး မှ ကျန်တဲ့ (၄၀%)သော်လည်းကောင်း (၃၀%)သော် လည်းကောင်း တင်ဒါခေါ်တယ်။ ကျွန်တော်တို့ တင် ဒါခေါ်တဲ့လုပ်ငန်းတွေ၊ နေရာတွေ နည်းနည်း လုပ် ကွက်များတာပေါ့။ လုပ်မယ်ဆိုရင် လက်လီစိပ်တာပေါ့။ သွားရေးလာရေးဝေးမယ်။ သူတို့လုပ်ရမယ့်နေရာ က သွားရလာရလွယ်ကူမယ်။ မြို့နဲ့နီးမယ်။ ကျောက်၊ သဲပေါမယ်။ အဲဒါ မြို့တော်ခန်းမမှာလည်းအဲဒီကိစ္စ ပြောတယ်။ အဲဒီတော့ ဆိုလိုတာက တင်ဒါခေါ်မှ ကုမ္ပဏီပေါင်း(၄၀ဝ)ကျော်ရှိတယ်။ တင်ဒါခေါ်မှ ဒီကုမ္ပ ဏီအလုပ်အကိုင်အခွင့်ရေးရမှာပေါ့။ ဌာနက ဒါကို ဥပမာ - တံတား Box Culvert တွေလုပ်မယ်ဆိုရင် အဆောက်အအုံတံတားကို ခွဲတမ်းပေးလိုက်တယ်။ လုပ်ငန်းကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်က ကျေးလက်ဦးစီးဌာနကလုပ်ငန်းပဲ။ Box Culvert တွေ အဆောက်အအုံမှာအလုပ်မရှိ အဆောက်အအုံကိုခွဲပေးလိုက်တယ်။ ကျန်တဲ့ဟာကို သူ တို့လုပ်တယ်။ ဌာနကလုပ်တော့ ဘာဖြစ်လဲ။ ဝန်ကြီးက လုပ်ငန်းပိုကောင်းတယ်လို့ပြောတယ်။ ကျွန်တော် ထပ်ပြောရင် ဌာနကလုပ်ရင် ဘာကြောင့်ကွာသွားတာလဲ။ မဟုတ်ဘူးတဲ့။ ဌာနကလုပ်ရင် စက်ယန္တရားတွေက ချက်ချင်းရောက်လာတယ်။ လုပ်ရင်းတန်းလန်းပေါ့။ ဆိုလိုတာက ဒါလေးလုပ်ပေးပါလို့ပြောလိုက်ရင် ချက် ချင်းစက်ရောက်လာတာပေါ့။ ကျွန်တော်ပြောလိုက် တာ ဌာနမှာစက်မရှိပါဘူး။ အဲဒီစက်တွေဆိုတာ ကျွန် တော်တို့ကုမ္ပဏီတွေရဲ့စက်တွေပါ။ ဥပမာအားဖြင့် သက်ဆိုင်ရာ AE သော်လည်း EEသော်လည်းကောင်း ကျွန်တော့်ကို ဒီနေရာမှာ သူတို့နေရာလေးနီးလို့ တစ် ချက်လောက်ကူပေးပါဦးဆိုရင် ကျွန်တော်တို့က ချက်ချင်းလုပ်ပေးရတာ။ အဲဒါကြောင့်မို့လို့ ဌာနကလုပ်ရင် မြန်တယ်လို့ပြောတာ။ ကျွန်တော်တို့ကုမ္ပဏီကတော့ ဌာနကို အဲဒါကို ပံ့ပိုးပေးရတာပေါ့။ ဌာနကလုပ်ငန်း တွေပိုကောင်းတယ်ပြောတာ ဝန်ကြီးလို့ ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ ဒီမှာရှိတဲ့လူတွေကလည်း Quality ဆိုတာနားလည်နေပါပြီလို့။ ဌာနကလုပ်မှကောင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကုမ္ပဏီကလုပ်တဲ့လုပ်ငန်း တွေလည်းကောင်းပါတယ်။ တကယ်လို့ ဝန်ကြီးအနေ နဲ့ ဌာနကလုပ်ငန်းပဲကောင်းတယ်လို့ ယူဆရတယ်ဆို ရင် ဝန်ကြီး တစ်မိုင်ကို (၁၀)ပေါက်ဖောက်လိုက်ပါ။ ကျွန်တော်တို့ကုမ္ပဏီအပါအဝင် တစ်မိုင်ကို (၁၀)ပေါက်ဖောက်လိုက်ပါလို့ ပြီးရင်စစ်လိုက်လို့၊ စစ်ပြီးရင် ကုမ္ပဏီကပိုကောင်းလား၊ ဌာနကပိုကောင်းလားဆို တာ သတင်းစာကနေကြေညာပေးလို့။ ကျွန်တော်သိ နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဌာနကလုပ်ရင် ခုနကပြောတဲ့ (၂%)မသွင်းရဘူး။ (၅%)မဆောင်ရ ဘူး။ အရှုံးမရှိဘူး။ ဘတ်ဂျက်ပြန်တောင်းလို့ရတယ်။ ပြီးတော့ စစ်မယ့်သူကလည်း သူတို့ပဲ။ အဲဒီတော့ ကျွန်တော်အမြဲပြောတယ်။ ဌာနက အဲဒီလိုချည်း အမြဲ မလုပ်ပါနဲ့။ တင်ဒါခေါ်ရင် များများစားစားခေါ်ပေးပါ။ တကယ်တော့ ဌာနမှာအခက်အခဲရှိလို့ မဖြစ်မနေလုပ် ရမှာဆိုတာ ကျွန်တော်သိတယ်။ လုပ်မယ်ဆိုလည်း (၃၀%)လောက်ပဲ ဌာနကလုပ်ပါ။ (၇၀%)လောက်ကို တင်ဒါခေါ်ပေးပါ။ ဝန်ကြီးဦးဟန်ဇော်ကပြောထားတာ ရှိတယ်။ ဌာနဆိုတာက Regulatory Body ပဲလုပ်ရ မယ်။ စီးပွားရေးမလုပ်ရဘူး။ ဒါအမှန်ပဲလေ။ အဲဒီတော့ Regulatory Body ပဲလုပ်ပေးပါ။ ပြီးတော့ လမ်းတွေ Quality ကောင်းအောင်ဆိုတာကလည်း ဌာနက ကျွန်တော်တို့ကုမ္ပဏီတွေကို ကြပ်ကြပ်မတ် မတ်ကြီးကြပ်ပေးပါ။ လက်မှတ်ထိုးတာလည်းလျှော့ပေးပါ။ လက်မှတ်ထိုးတာဟာ အရမ်းများပါတယ်။ လက်မှတ်တစ်ခါထိုးရင်(၂၄)လုံး၊ (၂၆)လုံးထိုးရ တယ်။ အဲဒီအစား သက်ဆိုင်ရာဌာန၊ မြို့နယ် AE ထိုးမယ်။ ခရိုင် EE ထိုးမယ်။ တိုင်း CE ထိုးမယ်။ ထိုးပြီးရင် အစိုးရအဖွဲ့ရုံးတင်ပါ။ တိုင်းအစိုးရအဖွဲ့က ထိုး၊ ထိုးပြီးရင် သက်ဆိုင်ရာက ပိုက်ဆံထုတ်ပေးပါ။ ဒါဆိုရင် ဒီလုပ်တဲ့ကုမ္ပဏီတွေနဲ့ပိုကောင်းသွားမှာ ပေါ့နော်။
မေး။ ဌာနကလုပ်တာက ပိုကောင်းတယ်လို့ပြောရင် ပြည်တွင်းမှာလုပ်နေတဲ့ တင်ဒါလုပ်တဲ့ပုဂ္ဂလိကကုမ္ပဏီ တွေတော်တော်များများက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ပေါ့။
ဖြေ။ မရှိပါဘူး။
မေး။ အဲဒီတော့ ဌာနက တကယ်ကောင်းတာလား။ ကုမ္ပဏီက တကယ်ကောင်းတာလား။ အာမခံနိုင်တာနဲ့ ပြောမယ်ဆိုရင်ပေါ့။
ဖြေ။ ကျွန်တော် မြို့တော်ခန်းမမှာ ပေါ်တင်ပြောခဲ့တာ ပဲလေ။ ဌာနက လုပ်ငန်းကောင်းတယ်ဆိုရင် ဝန်ကြီး ခင်ဗျာ။ ဌာနကလုပ်တဲ့ လမ်း(၁၀)ပေါက်ဖောက်လိုက် ပါ။ တစ်မိုင်ကို ကျွန်တော် လမ်း၊ ကုမ္ပဏီလမ်း၊ ကျွန်တော်လမ်းအပါအဝင် (၁၀)ပေါက်ဖောက်လိုက် ပါ။ ကွန်ကရစ်ဖောက်ပြီးတော့ မိုခွဲလို့ရတယ်လေ။ မို ခွဲချိတ်ကြည့်လိုက် ဃသညခနမနအ ှအမနညါအ့ ကိုစစ် လိုက်ပါ။ ဘယ်ဟာပိုကောင်းလဲဆိုတာ သိသလောက်၊ ပြီးရင် အောက်မှာ ကျွန်တော်တို့ကွန်ကရစ်လမ်းခင်းရင် ဒီအတိုင်းခင်းလို့မရဘူး။ မြေသားပြင်ရတယ်။ မြေသားပြင်ပြီးတော့ မြေသားရေဖျန်းကြိတ်ပြီးတော့ CPR (၃%) ရမှ ကျောက်တွေခင်းရတယ်။ (၂/၄)ခင်းမှ (၁/၂) ညှပ်ပြီးတော့ ကွန်ပတ်တာနဲ့ကြိတ်ရ တယ်။ အဲဒါကို (၃၀%) CPR ရမှ ကွန်ကရစ်ခင်းခွင့်ရှိ တယ်။ အဲဒီ ကွန်ကရစ်ခင်းတဲ့အချိန်မှာလည်း ရေဖျန်းကြိတ်ပြီးတော့ သဲဖျန်းပြီးတော့ ပလတ်စ တစ်ခင်းပြီးမှခင်းရတာ။ အဲဒီတော့ ကျွန်တော်တို့က အပေါက်ဖောက်ပြီးရင် ကွန်ကရစ်ခံနိုင်အားအရင်စစ်။ အောက်ကိုထပ်စစ် ကျွန်တော်ပြောတယ်။ ဆိုလိုတာ ကတော့ ကျွန်တော်တို့ကုမ္ပဏီပြောတဲ့လုပ်ငန်းတွေက မညံ့ပါဘူးဆိုတာ မြို့တော်ခန်းမမှာ တစ်ခါတည်းပြောတာ။ အဲဒီအပေါ်မှာလည်း ကုမ္ပဏီတွေကလုပ်တဲ့ ဟာတွေက တော်တော်စိတ်မကောင်းဖြစ်ပါတယ်။
မေး။ ကုမ္ပဏီကိုပေးတာနဲ့ အစိုးရကဝင်လုပ်တာက တကယ်လုပ်သင့်တာကဘာလို့ပြောချင်လဲ။ ဘာ ကြောင့်လို့ပြောချင်လဲ။
ဖြေ။ ကုမ္ပဏီပဲ လုပ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြတ်ပြတ်သားသားပြောချင်တယ်။ အစိုးရဌာနဆိုတာ စီးပွားရေးလုပ်ရမယ့်ဌာနမဟုတ်ဘူး။ QC, QS ပဲလုပ် ရမယ့်ဌာန။ နိုင်ငံတော်ဝန်ကြီးဌာနအားလုံးက QC, QS ပဲလုပ်ရမှာ စီးပွားရေးလုပ်ရမှာမဟုတ်ဘူး။ နိုင်ငံခြားမှာလည်း QC , QS လုပ်တာ ဆောက်လုပ်ရေးဌာန တို့က။ ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်အထက်တန်းကျောင်း ထဖွင့်လို့မှမရတာ။ အစိုးရအလုပ်ပဲလုပ်ရမှာ အဲဒီသဘောမျိုးပေါ့။ အဲဒီ တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း QC, QS ပဲလုပ်ရမှာ သူကိုယ်တိုင်စီးပွားရေးထလုပ်မှတော့ နိုင်ငံဝန်ထမ်းဌာနမဟုတ်တော့ဘူးပေါ့။ သူက QC, QS ပဲလုပ်မှာ အဓိကက။
မေး။ မြို့တစ်မြို့နဲ့တစ်မြို့ကြားမှာ ဆက်သွယ်ရေး လမ်းတစ်ခု ဖောက်တာပေါ့နော်။ ဥပမာပြောတာနော်။ (၁၀)မိုင်လောက်ရှည်တဲ့လမ်းတစ်ခုဖောက်တယ်ဆိုပါစို့။ (၁၀)မိုင်လောက်ရှည်တဲ့လမ်းဆိုရင် အရင်တုန်း က ကုမ္ပဏီတစ်ခုတည်းကို သေချာပေးတယ်။ နောက် ပိုင်းကျတော့ တဖြည်းဖြည်းပိုင်းပေးတယ်။ ဖြစ်လာ တာတွေ ကျွန်တော်ကြားဖူးတယ်။ အဲဒီတော့ ဘာကွာ သွားတာလဲ။ ပိုင်းပေးတာနဲ့ ကုမ္ပဏီတစ်ခုတည်းကို ပေးတာနဲ့ ကွာခြားချက်ကဘာလဲ။ ဘာကြောင့် ဒီလို ဖြစ်လာလို့ထင်လဲ။
ဖြေ။ အဲဒါပြောတာ။ ပေးတဲ့ဘက်ကပြောရင်တော့ ဘာပြောလဲဆိုရင်တော့ လူတွေအားလုံး တရားမျှတ စွာ အလုပ်ကိုင်ရရှိစေချင်လို့ပြောတယ်။ ကုမ္ပဏီ ဘက်ကပြောရင်တော်တော်ခက်တာ။ ကုမ္ပဏီဘက်က ပြောရင် တစ်ဆက်စပ်တည်းပေးတာ ဝဝလင်လင်စား ရတာပေါ့။ မစို့မပို့စားရတော့ ဒီလူတွေက ဘယ်တော့မှ ဗိုက်ပြည့်မှာမဟုတ်တော့ဘူး။ တစ်မိုင်လောက်နဲ့လုပ် ရတဲ့အလုပ်က ဘယ်သူမှ မကြီးပွားမချမ်းသာသွား နိုင်ဘူးပေါ့။ ဒီလူတစ်ယောက်က ဘယ်တော့မှ စက် ပိုင်မှာလည်းမဟုတ်တော့ဘူး။ ကိုယ်ပိုင်စက်ယန္တရား မဝယ်နိုင်တော့ဘူး။ သူက နည်းနည်းလေးပဲရနေတာ ကိုး။ သူ့ကိုမိုင်များများပေးလိုက်ရင်ဘာလုပ်မလဲ။ ကြိုးစားပြီးတော့ စက်ယန္တရား HP နဲ့ဝယ်မယ်။ လက်ငင်းဝယ်မယ်။ Investment လုပ်ပြီးတော့ သူက ဒီလမ်းကိုကောင်းအောင်လုပ်တော့မယ်။ မိုင်နည်း နည်းလေးလုပ်တဲ့လူကတော့ သူကောင်းအောင်လုပ် ခဲ့သည်ရှိသော်မှ အကျိုးအမြတ်အများကြီး သူမရ လိုက်တဲ့အတွက် သူအားထည့်တာအများကြီးလျော့လိမ့်မယ်။ နောက်တစ်ခု ကျွန်တော့်ကုမ္ပဏီဆိုပါစို့။ ကျွန်တော်ကုမ္ပဏီတစ်ခုက တစ်မိုင်တစ်မိုင် သုံးနေရာ လုပ်ရင် အုပ်ချုပ်မှုလုပ်ဖို့အတွက် ဆိုယ်ကယ်သုံးစီး အနည်းဆုံးလိုပြီ အဲဒီလမ်းပေါ်မှာသွားဖို့အတွက်။ တစ်လမ်းတည်း ငါးမိုင်လုပ်ရင် ဆိုင်ကယ်တစ်စီးပဲလို တယ်။ သုံးလမ်းခွဲလိုက်တဲ့အတွက် သုံးနေရာဖြစ်သွား ပြီဖြစ်လို့ အင်ဂျင်နီယာသုံးယောက်အနည်းဆုံးလိုပြီ။ သုံးဆိုင်း၊ သုံးဆိုင်း အနည်းဆုံးလိုသွားပြီဆိုတော့ ပိုင်းပိုင်းပေးတဲ့ဟာတွေက ကုမ္ပဏီတွေအတွက်က လုံးဝအကျိုးမရှိပါဘူး။ အကျိုးမရှိတဲ့အပြင်မှာ ဆုံးရှုံးမှုပိုများပါတယ်။ ထိန်းကျောင်းရခက်လို့။
မေး။ Quality ပိုင်းလည်းထိခိုက်တာပေါ့။
ဖြေ။ ။ Quality ပိုင်းလည်းထိခိုက်ပါတယ်။ တိကျ ချက်တိုင်းမှာလည်း အခက်အခဲရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကုမ္ပဏီကြီးတဲ့လူက တစ်မိုင်၊ တစ်မိုင် လေးတွေ သုံးလေးနေရာဆို ကြီးကြပ်ရတာခက်သွား ပြီ။ တစ်နေရာမှာတည်းမှာ ကြီးကြပ်ရတာဖြစ်တဲ့အ တွက် အင်ဂျင်နီယာလိုသလောက်ထည့်ပြီးတော့ ကျွန်တော်တို့က အပြတ်အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သလို နိုင်ငံတော်အတွက်လည်း Quality ကောင်းကောင်းရနိုင်တယ်။ ပြီးတော့ နောက်တစ်ခုက အဲဒီမှာလုပ်တဲ့ကုမ္ပဏီကလည်း သေးသေးလေးကနေ ကြီးသွားနိုင်တယ်။ ကိုယ်ပိုင်ယန္တရားတွေပိုင်သွားတဲ့အတွက် နိုင်ငံတော်အတွက် ကိုယ်ပိုင်ယန္တရားနဲ့လုပ်တဲ့ လူနဲ့ ငှားပြီးလုပ်တဲ့လူက ငှားပြီးလုပ်တဲ့လူရဲ့လမ်းနဲ့ ကိုယ်ပိုင်ယန္တရားနဲ့လုပ်တဲ့လူရဲ့လမ်း Quality က ကွာကိုကွာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင် ယန္တရားနဲ့လုပ်တဲ့လူက လမ်းပြီးမှဆက်ထွက်သွား တာဖြစ်တဲ့အတွက် အချိန်မရွေး သူက လမ်းကို ပြုပြင် ထိန်းကျောင်းနိုင်လို့ရတယ်။ ဟိုလူကစက်မရှိတော့ဘူး ငှားလုပ်တဲ့လူက အဲဒါကြောင့်မို့လို့။
မေး။ တင်ဒါတွေနဲ့ပတ်သက်ရင် နိုင်ငံတော်အကြီးအ ကဲတွေက တကယ်ဖြစ်စဉ်အမှန်ကိုသိရင် ပြန်လည် ဖြည့်ဆည်းပေးတတ်တယ်။ ဖြည်းစည်းပေးလေ့ရှိတာ ကို ဥပမာတစ်ခု ကျွန်တော်သွားတွေ့ရဖူးတယ်။ နစကအစိုးရတက်ခါစမှာ ကုန်သည်စက်မှုအသင်း ချုပ်မှာ ပွဲအကြီးကြီးတစ်ပွဲလုပ်တယ်။ လုပ်ငန်းရှင်အချင်းချင်းတွေ့ကြတဲ့အခါမှာ ဆောက်လုပ်ရေးလုပ်ငန်း ရှင်က သူရတဲ့တင်ဒါပရောဂျက်တွေကို သူမပြီးဘူး။ ခေတ်ကာလပေါက်ဈေးနဲ့မကိုက်လို့ပါ။ သူရှုံးလို့ပါဆို ပြီး အကြောင်းပြပြီးတော့ လူကြီးရှေ့မှာငိုပြတယ်ပေါ့။ အဲဒီအချိန်မှာ လူကြီးကနေပြီးတော့ ကဲ ခေတ်ကာလပေါက်ဈေးနဲ့ပေးလိုက်ကွာဆိုပြီး 1 sq ဘယ်လောက် ဆိုပြီးတိုးပြီးပေးလိုက်တယ်လို့ကြားတယ်။ တကယ် တမ်းကျတော့ တကယ်ဖြစ်သင့်တဲ့ဈေးမို့လို့ တိုးပေးလိုက်တယ်လို့မြင်တယ်။ အဲဒါဆိုရင် ကြားထဲမှာဟနေတာက သူတို့တင် ဒါစပြီးပေးတုန်းက ဈေးနှုန်းနဲ့ တကယ်နောက်ဆုံးပေးတဲ့ဈေးနှုန်းနဲ့ ကွာဟချက်တကယ်ဖြစ်ခဲ့တယ်ဆိုတာသွားတွေ့ရတယ်။ ဆိုတော့ တင်ဒါရေးဆွဲတဲ့အဖွဲ့တွေရော တကယ်လုပ် မယ့်လူတွေရော ကြားထဲမှာ တင်ဒါနဲ့ပတ်သက်တဲ့ ဈေးနှုန်းက Float လုပ်သင့်တယ်လို့ထင်လား။ ဒါမှမဟုတ် Fixed လုပ်သင့်တယ်လို့ထင်လား။
ဖြေ။ ။ ကျွန်တော်ပြောပြမယ်နော်။ စပေးတဲ့အချိန်မှာ နှစ်သောင်းကိုးထောင့်ငါးရာ စလုပ်ရတယ်။ လုပ်ရင်းနဲ့ အကြီးအကျယ်ရှုံးတာပေါ့။ ရှုံးတော့ ဦးရှိန်ဝင်းက တပ် ချုပ်ကြီးကိုပြောလိုက်တယ်ပြောတယ်။ ပြောလိုက် တော့ ငါးသောင်းလား၊ ငါးသောင်းခွဲလားမသိဘူး။ တိုး ပေးလိုက်တယ်။ တိုးပေးလိုက်တော့ ကျွန်တော်တို့ (၆၅%)ထိနောက်ကဟာ (၃၅%)က ငါးသောင်းခွဲလား မသိဘူးရတယ်။ (၆၅%)အထိကတော့ နှစ်သောင်း ကိုးထောင့်ငါးရာရတာပေါ့နော်။ အဲဒီနောက်ပိုင်းက တော့ နောက်တိုးပေးတဲ့နှုန်းနဲ့ရတာပေါ့။ အဲဒီလိုရ တော့ နောက်ပိုင်းလုပ်တဲ့လူတော့ ခုသာခံသာတော့ ရှိသွားတာပေါ့။ အစ်ကိုပြောချင်တဲ့ဟာက ဒါ ကျွန် တော်ကတော့ အခု အပြင်မှာဖြစ်ရိပ်ရှိတဲ့ဟာကိုပြောလိုက်တာပါ။
မေး။ တင်ဒါဈေးနှုန်းတွေက လာမဲ့နှစ်မှာခင်းမယ့် လမ်းအတွက်ကို ဒီနှစ်မှာ ဈေးတွေသတ်မှတ်ကြတယ်။ အဲဒါကို ဘတ်ဂျက်ဘယ်လောက်သုံးပါမယ်။ လာမယ့် နှစ်(၁၀)မိုင်အတွက် ဘတ်ဂျက်ဘယ်လောက်သုံး ပါမယ်။ အစိုးရသတ်မှတ်လိုက်တာရှိမယ်။ အဲဒီဈေး နှုန်းက ဆွဲတဲ့အချိန်ပဲသုံးလိုက်တာ။ တကယ်လည်း ဆောက်ရော ဈေးပြောင်းသွားတဲ့အချိန်မှာ ဟိုက ဆောက်မယ့်လူက ရှုံးလည်းရှုံးရော မဆောက်ဘူး ထွက်ပြေးရော။ ကိုးလိုးကန့်လန့်ဖြစ်ကုန်တော့ အကုန်နစ်နာတယ်။ အစိုးရလည်းနစ်နာတယ်။ လုပ် ငန်းရှင်လည်းနစ်နာတယ်။ ပြည်သူလူထုလည်းနစ်နာ တယ်။ အဲဒီတော့ ဈေးနှုန်းက ခေတ်ကာလနဲ့အညီ Float လုပ်သင့်တာလား။ Fixed လုပ်သင့်တာလား။ ဘယ်လိုလုပ်ပြီးတော့ ဒီဟာကိုသွားသင့်လဲ။
ဖြေ။ အမှန်တော့ အဲဒါဘာလုပ်သင့်လဲဆိုတော့ ကျွန်တော်ခုနကပြောတဲ့အထဲမှာပါတယ်။ ကြိုတင်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ အမြဲတမ်း အတက်ပဲရှိလို့ ကြို တင်ပြီးတော့ မတက်မချင်းဆွဲပေးဖို့ကောင်းတယ်။ ဒုတိယအချက်ကတော့ အရမ်းဟသွားပြီ။ အရမ်းဆိုး သွားပြီ။ လုပ်ငန်းရှင်ကလည်း မလုပ်နိုင်တော့ဘူး။ Blacklist ဖြစ်မယ့်အနေအထားဖြစ်နေပြီ ပြေးမယ့် အနေအထားဖြစ်နေပြီ။ အားလုံးဖြစ်နေပြီဆိုရင်တော့ ခုနကပြောသလိုမျိုး အစိုးရအဖွဲ့ကကျခံပေးသင့်ရင် တော့ ကျခံပေးရမှာပေါ့။ နိုင်ငံတကာမှာတော့ရှိတယ်။ အဲဒီလိုမျိုးဖြစ်လာပြီဆိုရင် အလဲမခံဖို့ စီးပွားရေးသ မားကိုအလဲမခံဘူး။ စီးပွားရေးသမားကိုမှီခိုရတဲ့လူအများကြီးရှိတဲ့အတွက် သူကနောက်ကနေကျားဝင်ကန် ပေးတာတွေရှိတယ်။ အဲဒီလိုမျိုး ကျားဝင်ကန်ပေးတာတွေ ရှိတဲ့အတွက် ခုနကလိုဘတ်ဂျက်မှာပါ နှစ်သောင်းကိုး ထောင့်ငါးရာနဲ့ပေးထားတယ်။ ဒါပေမဲ့ အရမ်းဟသွား တဲ့အတွက် ငါးသောင်းပေးမယ်ကွာ။ နောက် ဘယ်အ ပိုင်း ဘယ်အပိုင်းကတော့ ငါးသောင်းပေးမယ်ကွာ အဲဒီလိုဝင်ပေးတာတော့ရှိတယ်။ မရှိဘူးမဟုတ်ဘူး ရှိတယ်။
မေး။ ။ ဒါဆိုရင်တော့ Float လုပ်မယ့်အစား အခြေအနေအချိန်အခါမူတည်ပြီးတော့ လိုက်လျောညီထွေ လုပ်ပေးနိုင်ဖို့လိုတာလား။
ဖြေ။ ။ လုပ်ပေးနိုင်တဲ့အစိုးရရှိရင်တော့ ကောင်းတယ်။ လောလောဆယ်တော့ မရှိသေးဘူး။ ဗိုလ်ချုပ်မှူးကြီး တစ်ခါပဲ အဲဒီတစ်ခါပဲလုပ်ပေးသွားတာ။ လက်ရှိ အဲဒါ ကလည်း ရွာသာကြီးတစ်ခုပဲကျန်တာမပါဘူး။ တစ် ပြည်လုံးနဲ့ခြုံပြောရင်တော့မရှိသေးဘူး။
မေး။ ။ တင်ဒါလုပ်ငန်းတွေနဲ့ပတ်သက်ရင် ခြုံငုံပြီး တော့ အစိုးရရဲ့ Policy ကို ဖြစ်စေ၊ တကယ်လုပ်နေ ရတဲ့လူတွေဖြစ်စေ တင်ဒါလုပ်ငန်း ဆက်စပ်ပတ်သက်တဲ့ တာဝန်ရှိသူတွေဖြစ်စေ သူတို့အားလုံးလက်ခံနိုင် မယ့်ဘာသာစကားနဲ့ အဓိပ္ပာယ်ရှိတဲ့စကားပြောပါ ဆိုရင် ဘာပြောမလဲ။
ဖြေ။ ကျွန်တော်ပြောတာ မှားရင်မှားမယ်နော်။ ပွင့် လင်းမြင်သာစွာ တင်ဒါကိုဖွင့်စေချင်တယ်။ ခုလိုမျိုး Cabinet တင်ပြီးတော့ လုပ်တာမျိုးမဟုတ်ဘဲနဲ့ အပြင်မှာ တကယ် Profile တကယ်အောင်တယ်။ ပြီးတော့ ဈေးနှုန်းတကယ်ယှဉ်ပြိုင်တယ်။ ယှဉ်ပြိုင်တဲ့ အချိန်မှာ ကျွန်တော်ခုနကပြောသလို (၁%)၊ (၂%) ခွင့်ပြုမယ်ဆိုတဲ့အဲဒီထဲမှာ ယှဉ်ပြိုင်တဲ့ဟာမျိုးပေါ့။ ဈေးနှုန်းတူနေရင် Profile ပြန်စစ်မယ်။ ဈေးနှုန်းပါ တူနေရင် Profile တစ်ခါ ပြန်စစ်မယ်။ အဲဒီလိုမျိုးပွင့်လင်းမြင်သာစွာနဲ့ယဉ်ပြိုင်ပြီးလုပ်တဲ့ တင်ဒါစနစ် မျိုးသွားတာကတော့ ပိုကောင်းတာပေါ့။
မေး။ အခုလက်ရှိခေတ်ကာလအခြေအနေအရပေါ့။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေက တင်သွင်း တဲ့ကိစ္စကတော့ သို့မဟုတ် ဈေးကွက်ထဲမှာ ဝယ်ယူရ ရှိမှု၊ ဈေးကွက်ထဲမှာရရှိနေတဲအခြေအနေတွေအရ ဆောက်လုပ်ရေးလောကသားအကုန်လုံး ဘေးကျပ်နံ ကျပ်ဖြစ်နေတာကိုသွားတွေ့ရတယ်။ ပြိုလဲလုနီးပါး ဖြစ်နေတဲ့လုပ်ငန်းတွေများလာသလား။ ဘယ်လိုအ ခြေအနေရှိလဲ။ သေးသေးလေးတွေဆို ပြိုသွားနိုင်သလား။
ဖြေ။ ပြိုသွားတယ်။ မရှိတော့ဘူး။ တချို့ဆိုမလုပ်နိုင်တော့ဘူး။ ဆောက်လုပ်ရေးလောကကနေထွက် သွားတဲ့လူတွေအများကြီးပဲ။ တချို့ကတော့ အကြွေးတွေနဲ့ပိပြီးတော့ ဘဝပျက်သွားတဲ့လူ၊ သူများဆီမှာ ဝန်ထမ်းသွားလုပ်ရတဲ့လူတွေတောင်ရှိတယ်။
မေး။ ။ တနင်္သာရီတိုင်းတစ်ခုတည်းမှာဆိုရင်တော့ ကုမ္ပဏီတွေဘယ်လောက်ကျန်သေးလဲ။ တကယ်လုပ် နိုင်တဲ့လူတွေ။
ဖြေ။ တနင်္သာရီတိုင်းက တော်တော်လေးနည်းသွား တယ်။ အရင်လို(၄၀ဝ)ကျော်မရှိတော့ဘူး။ ဆောက် လုပ်ရေးအသင်းမှာတောင်မှ ဆက်သွယ်လို့ရတဲ့လူက အနည်းအကျင်းပဲရှိတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမအချက် မြိတ်ဆိုလည်းမြိတ်ထဲမှာပဲ အလုပ် ကောင်းကောင်းလုပ်လို့ရတယ်။ ထားဝယ်ဆိုလည်း ထားဝယ်ထဲမှာ အလုပ်ကောင်းကောင်းလုပ်လို့ရတယ်။ ကော့သောင်းဆိုလည်း ကော့သောင်းထဲမှာပဲ အလုပ် ကောင်းကောင်းလုပ်လို့ရတယ်ဆိုတော့ တင်ဒါလုပ် ငန်းတော်တော်များများဟာ မြို့တွင်းမှာ အဆောက် အအုံတွေပေါတယ်။ ကျန်းမာရေး၊ ပညာရေးအ ဆောက်အအုံတွေ မြို့ထဲမှာရှိမယ်။ လမ်းလုပ်ငန်းက မြို့ထဲမှာတော်တော်ရှားတယ်။ စည်ပင်ကလုပ်နေတာ ရှိတယ်။ စည်ပင်က ပြီးခဲ့တဲ့နှစ်ကမှ ကမ်းနားလမ်းကို တင်ဒါခေါ်တာ။ အကုန်လုံး စည်ပင်ပဲလုပ်တာ။ ကျေး လက်လမ်းတို့ဆိုတာ မြို့ပြင်မှာလုပ်ရတာဖြစ်တဲ့အ တွက် သွားရေးလာရေးက လက်ရှိဖြစ်ပေါ်နေတဲ့နယ် မြေမအေးချမ်းတဲ့အတွက် ကုမ္ပဏီတွေက အလုပ်မရှိ တော့ဘူး။ တင်ဒါမဆွဲရဲတော့ဘူး။ ရှိတောင်မှ တင်ဒါ သိပ်မဆွဲရဲဘူးပေါ့။ တင်ဒါနည်းနည်း တဖြည်းဖြည်း ကျူးကျော်လာတာဆို အခုဆို ထားဝယ်မြို့နယ်မှာဆို (၂) Lots (၃) Lots အဲဒီမြို့လေးတွေပဲရှိတော့တယ်။ အရင်လို Lots (၁၀)ချီ မရှိတော့ဘူးပေါ့။
မေး။ လုပ်ငန်းတိုင်း ပြိုလဲနေသလိုမျိုးဖြစ်နေတာပေါ့။
ဖြေ ။ မှန်ပါတယ်။ တချို့ဆို ရန်ကုန်ပြောင်းလာပြီးတော့ ထမင်းဆိုင်ဖွင့်တဲ့လူက ဖွင့်နဲ့။
မေး။ ဆောက်လုပ်ရေးအတွက် ပြန်ပြီးအင်ဂျင်နှိုးဖို့က ဘာလုပ်ဖို့လိုတယ်လို့ အစိုးရကိုပြောချင်လဲ။ ဆောက် လုပ်ရေးလုပ်ငန်း၊ တင်ဒါလုပ်ငန်း ပြန်ပြီးတော့ ပိုအား ကောင်းလာဖို့ ဘာပြန်စလုပ်ဖို့ပြောချင်လဲ။
ဖြေ ။ ဘာပြန်စလုပ်သင့်လဲဆိုတော့ အဓိကတော့ ဒီဘိလပ်မြေပြဿနာတွေ၊ သံချောင်းပြဿနာတွေ ဖြေ ရှင်းတဲ့ကုန်ဈေးနှုန်းပေါ့။ အဓိက ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ကုန်ဈေးနှုန်းကိုတည်ငြိမ်အောင် အစိုးရ ဘက်ကထိန်းချုပ်ပေးနိုင်ရမယ်။ Control လုပ်ခိုင်း တာမဟုတ်ဘူးနော်။ ထိန်းချုပ်ခိုင်းတယ်ဆိုတာ ပိုပြီး ပိတ်ခိုင်းတာမဟုတ်ဘူးနော်။ ဖွင့်ပေးရမယ်။ များများ သွင်းနိုင်အောင် ကျွန်တော်တို့ မည်သူမဆိုသွင်းနိုင် အောင်ဖွင့်ပေးရမယ်။ ဒါမှ ဈေးနှုန်းကငြိမ်မှာ။ ငြိမ်မှ ကျွန်တော် ဒီ Construction လုပ်ငန်းကလုပ်နိုင်မှာ။ ရန်ကုန်မှာရှိတဲ့ Developer လုပ်ငန်းတွေ ကျွန်တော် တို့လုပ်နိုင်မှာ။ နယ်တွေက တင်ဒါလုပ်ငန်းကိုအားကိုး ပြီးလုပ်တဲ့အတွက် နယ်မြေအေးချမ်းမှ ကျွန်တော်တို့ က ဒီ Construction လုပ်ငန်းကို အဓိကလုပ်နိုင်မှာ။ ဒါပေမဲ့လည်း မြို့တွင်းမှာရှိတဲ့လုပ်ငန်းတွေလုပ်နိုင် ဖို့ဆိုတာကလည်း ကျွန်တော် ပြီးခဲ့တဲ့ရက်ကဆိုရင် ကျွန်တော့်ကုမ္ပဏီထဲမှာ ကွန်ကရစ်လေးခင်းတာ တောင်မှ ဘိလပ်မြေမရှိလို့ရပ်ထားရတယ်။ အဓိက ကတော့ ဒီဘိလပ်မြေတို့သံချောင်းတို့ အခြေခံ Material တွေကို ပေါပေါသီသီသွင်းနိုင်အောင်လုပ်ပေးရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းက ပြန်ပြီးဦး မော့လာမယ်လို့ ကျွန်တော်ထင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးမိတ်ဖက် ဖြစ်လာနိုင်လား
RELATED POSTS
03 Feb 2026 | အင်တာဗျူး,ပြည်တွင်း
29 Jan 2026 | အင်တာဗျူး,ပြည်တွင်း
24 Jan 2026 | အင်တာဗျူး,ပြည်တွင်း
