" ကျွန်တော်နှင့် ငြိမ်းချမ်းရေးဖိုရမ်"
မင်းနိုင်(အတွင်းရေးမှူး - NSPNC) -(NP News) - ဇူလိုင်လ ၁၅
ငြိမ်းချမ်းရေးဖိုရမ် Peace Forum - 2025 မစတင်မီ ရက်သတ္တပတ်ခန့်အလိုတွင် မိမိထံ မီဒီယာတစ်ခုမှ မေးခွန်းလေးတွေ ရောက်လာပါ တယ်။ မေးခွန်းတော်တော်များများကို ပြန်ဖြေ နိုင်ခဲ့ပေမယ့် အဲဒီအချိန်တုန်းကမဖြေနိုင်တဲ့ မေးခွန်း လေးတစ်ခု ကျန်ခဲ့ပါတယ်။ ဒီမေးခွန်းလေးကတော့ Peace Forum - 2025 အပြီး သက်ဆိုင်သူတွေအကြား နားလည်မှုရာခိုင်နှုန်း ဘယ်လောက်တက်လာမယ်လို့ မှန်းထားပါသလဲဆိုတဲ့ မေးခွန်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဖိုရမ်ပွဲကြီးပြီးစီးခဲ့တာ (၇)ရက် ပြည့်ခဲ့ ပေမယ့် လူမှုကွန်ရက် (Social Media) ပေါ်မှာတော့ ဖိုရမ်နဲ့ပတ်သက်တဲ့အသံတွေ ဆူညံစွာတက်လာနေ ဆဲပါပဲ။
Peace Forum ကြီးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ စတင်စဉ်းစား၊ ပြင်ဆင်၊ စီမံ၊ တင်ပြ အားလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းမှုတွေနဲ့အတူ ထွက်ပေါ်လာတဲ့အကြံပြုချက်တွေ၊ အနှစ်ချုပ်လိုက် တဲ့ ရလဒ်စုစည်းချက်တွေဟာ မျှော်လင့်ထားတာထက် ပိုမိုအောင်မြင်ခဲ့တယ်လို့ပြောရင် ပိုပြောတယ်လို့ တော့ မသတ်မှတ်စေချင်ပါဘူး။ အဓိကကတော့ ဒီရလဒ်တွေအပေါ် ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နိုင်မှုတွေဟာအပေါ် ကမဖြေနိုင်ခဲ့တဲ့မေးခွန်းအတွက် ထိရောက်တဲ့အဖြေ ဖြစ်လာပါလိမ့်မယ်။
ဖွင့်ပွဲနေ့ (၂၅-၆-၂၀၂၅) မှာ နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်ပသံရုံးတွေထဲက သံရုံး (၁၇) ရုံးက သံအမတ်ကြီး (၁၄) ဦး ၊ Chargé d’affaires (၃) ဦးနဲ့ သံရုံးအကြီးအကဲဝန်ထမ်း (၁၅) ဦး၊ စုစုပေါင်း (၃၂)ဦး ပါဝင်တက်ရောက်ခဲ့တာဟာ Peace Forum ရဲ့ ဖွင့်ပွဲနေ့အခင်းအကျင်းကို အလှ အပဆုံးပုံရိပ်ဖြစ်စေခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ အဖွင့်မိန့်ခွန်း ထဲမှာပါတဲ့ " နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အ ကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေ ကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်း လှမ်းထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စား ပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာ နိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ထားကြောင်း ဒီဖိုရမ်ကနေ ထပ်မံအသိပေးပြောကြားလိုပါတယ် " ဆိုတဲ့ PDF တွေအတွက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုစကားရပ် လေးဟာလည်း တက်ရောက်လာသူသံတမန်တွေရဲ့ စိတ်ဝင်စားမှု၊ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူ တွေရဲ့ အမြင့်ဆုံးစိတ်ဝင်စားမှုတစ်ခုဖြစ်တယ်လို့ ပြန်လည်သိရှိခဲ့ရပါတယ်။
ပြည်ပ(၆)နိုင်ငံက ဖိတ်ကြားထားတဲ့ အသိ ပညာရှင်၊ အတတ်ပညာရှင် (၁၂)ဦး (Virtual ၂ ဦး) ထဲမှ (၃) ဦးရဲ့ Key Note Speech တွေ ၊ (၉) ဦးရဲ့ Session (၂) ခု သတ်မှတ်ခေါင်းစဉ်တွေအပေါ် ထိထိရောက်ရောက် ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့တာ ဟာလည်း နိုင်ငံရဲ့ပုံရိပ်အတွက် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ပြည့်ဝဝရရှိခဲ့တယ်လို့ ခံစားမိပါ တယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးခြင်းသည် တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းတွင် အဓိကအရေးပါမှု၊ အရေးကြီးမှုတစ်ခု ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းသည်International community ရဲ့ Peace Process နှင့် ပံ့ပိုးကူညီနိုင်မှုယူတဲ့ အခါမှာ ၎င်းတို့၏ လွှမ်းမိုးမှုမဖြစ်ပေါ်စေရေးအတွက် သတိပြုဖို့လိုအပ်ပါတယ်။ ပဋိပက္ခအလွန်လက်နက် ကိုင်အစုအဖွဲ့တွေရဲ့ ပြောင်းလဲရေးဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သင့်ကြောင်း၊ မီဒီ ယာကဏ္ဍက သတင်းတွေကို ကျင့်ဝတ်နဲ့အညီတင်ပြ ဖို့လိုအပ်ပြီး ပွင့်လင်းမြင်သာပြီးရပ်တည်ချက် ကောင်းဖို့လိုပါတယ်။
မြန်မာ့နည်း၊ မြန်မာ့ဟန် (Myanmar-Owned, Myanmar-Led) ဆိုတဲ့ ဆွေးနွေးချက် စကားစုလေးဟာ တက်ရောက်လာသူရဲ့ရင်ထဲကို ထိထိမိမိ ရောက်ရှိခဲ့ပါတယ်။ Peace Process ကို ဆောင်ရွက်တဲ့အခါမှာ မိမိတို့နိုင်ငံနဲ့လိုက် လျောညီထွေရှိဖို့ လိုအပ်ပါတယ်။
ဒုတိယနေ့နဲ့ တတိယနေ့ဆွေးနွေးပွဲတွေ မှာတော့ Session နှစ်ခုခွဲပြီး ပြည်တွင်းအလွှာ အသီးသီးက တက်ရောက်သူ (၂၄၀)ကျော်နဲ့ ခေါင်း စဉ် (၅)ခုကို ဆွေးနွေးကြရာမှာ တက်ရောက်လာ ကြသူအားလုံး မျှော်လင့်မထားတဲ့ လွတ်လပ်ပွင့်လင်း မြင်သာစွာ ဆွေးနွေးမေးမြန်းမှုတွေဟာလည်း Peace Forum 2025 ရဲ့ထင်ရှားတဲ့ ပုံရိပ်တစ်ခုဖြစ်စေပါတယ်။
Moderator ၊ Speaker နဲ့ Participant တွေရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ မီဒီယာတွေရဲ့ အင်တာဗျူးတွေဟာလည်း Peace Forum 2025 ရဲ့ ပွင့်လင်းမြင်သာမှုကို ပုံဖော်နိုင်ခဲ့ ပါတယ်။ Peace Forum 2025 ရဲ့ ထူးခြားတဲ့ အခင်းအကျင်းတစ်ခုကတော့ ပြည်တွင်း နိုင်ငံပိုင်မီဒီယာ (၂)ခု၊ ပုဂ္ဂလိက ပိုင်(၈)ခုနှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာ (၃) ခုဖြစ်တဲ့ Xinhua ၊ Asahi Shimbun၊ BBCတို့ကို ဖိတ်ကြားတက်ရောက်စေခဲ့ပြီး လွတ်လပ်စွာသတင်းရယူခွင့်၊ မေးမြန်းမှုတွေ ပြုခဲ့ခြင်းဟာလည်း ထူးခြားတဲ့ Peace Forum 2025 ရဲ့ အခင်းအကျင်းတစ်ရပ်လို့ ပြည်တွင်းပြည်ပ လေ့လာသူတွေက ထောက်ပြကြပါတယ်။
အများစုမထင်မှတ်တဲ့ လူပုဂ္ဂိုလ်တချို့ ဖိုရမ်မှာ တက်ရောက်ဆွေးနွေးမှုတွေဟာလည်း နိုင်ငံ တကာရဲ့ စိတ်ဝင်စားမှုနဲ့ ပြည်တွင်းမှာ ဂယက်ရိုက် ခတ်မှုတွေရှိပြီး ဒီနေ့ထိ လူမှုကွန်ရက်မှာ တွေ့မြင် နေရဆဲဖြစ်ပါတယ်။ မန္တလေးငလျင်ကြောင့် ရုံးအ ဆောက်အအုံနဲ့ဟိုတယ်ကြီးတွေပျက်စီးပြီး လတ်တလောပြုပြင်နေဆဲ အခြေအနေတွေ၊ အခန်းနေရာရ ရှိမှု အကျယ်အဝန်းကန့်သတ်ချက်တွေကြောင့် တက် ရောက်လာသူတွေအတွက် လိုအပ်ချက်၊ အားနည်း ချက်တွေ ဖြစ်စေနိုင်ခဲ့တာကိုလည်း နားလည်ခံစားမိ ပါတယ်။ နောက်တစ်ပွဲကတော့ ဒီထက်ပို လူတွေ များပြားလာနိုင်တာမို့ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အုပ်ချုပ်ရေးအားနည်းချက်တွေကို ကုစားနိုင်ဖို့ ကြို တင်စဉ်းစားနေမိပါတယ်။ Peace Forum 2025 ပွဲကြီးလည်း ပြီးသွားပြီဆိုတော့ အဓိကအရေးပါဆုံး ဖြစ်တဲ့ အကြံပြုတင်ပြချက်တွေကို စုစည်း၊ ကဏ္ဍတွေခွဲပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ အကြီးအကဲကို တင်ပြ နိုင်ဖို့က ဦးစားပေးပထမ၊ အဲဒီတင်ပြချက်တွေကတစ် ဆင့် အကြီးအကဲဆီကနေ Implementation အပိုင်းအတွက် ဆက်လက်ဆောင်ရွက်ခွင့်၊ ဆက်လက် ဆောင်ရွက်သွားဖို့က Peace Forum 2025 ရဲ့ အနှစ်သာရပဲဖြစ်မယ်လို့ နားလည်ယုံကြည်မိပါတယ်။
အဲဒီတော့ ပြန်ပြီးချုပ်ကြည့်လိုက်ရင် စတင်မေးမြန်းစဉ်က မဖြေဖြစ်ခဲ့တဲ့ မေးခွန်းလေး ဖြစ်တဲ့ သက်ဆိုင်သူများအကြား နားလည်မှုရာခိုင်နှုန်း ဘယ်လောက်ထိ မြင့်တက်လာမလဲဆိုတဲ့အပေါ် ကျွန် တော့်စိတ်အထင်တော့ နောက်တစ်ပွဲမတိုင်မီ Peace Forum 2025 ရဲ့ ရလဒ်တွေအပေါ် Implementation လုပ်တဲ့အပိုင်းက အဓိကအကျဆုံးပဲလို့ သုံးသပ်မိပါတယ်။ လတ်တလောအနေအထား အရတော့ အောင်မှတ်ရမယ်လို့ထင်တာပါပဲ။ (၅၁)ရာခိုင်နှုန်းလောက်တော့ ကိုယ့်ဘာသာပဲပေး လိုက်မိပါတော့တယ်။
နောက်တစ်ကြိမ်ပွဲကြီးတစ်ပွဲအတွက် စတင် စဉ်းစား၊ တွေးတော၊ ပြင်ဆင်နေရင်း တစ်ဖက် ကလည်း Peace Forum 2025 ရဲ့ Implementation အတွက် အချက်အလက်တွေ စုဆောင်း၊ စီမံချက်တွေ၊ ရေးဆွဲမှုတွေ လုပ်ဆောင်နေပါပြီ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
" ဆောက်လုပ်ရေးလောကကနေ ထွက်ပြီး သူများဆီမှာ ဝန်ထမ်းသွားလုပ်ရသူတောင်ရှိလာတယ်" အစိုးရတင်ဒါ . . . ဘယ်သူသာ
