ယခုသီတင်းပတ်အတွင်း ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်ပြော
Pika (NSS) - ဇူလိုင် ၁၅
အစ္စရေးနဲ့ဟားမတ်လက်နက်ကိုင်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေဟာ ယခုသီတင်းပတ်အတွင်း တည့်တိုးဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဓားစာခံလွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့တွေ ရုပ်သိမ်းရေးနဲ့ ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးမှုတွေပါဝင်တဲ့ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်က ထောက်ခံထားတယ်လို့လည်းသိရပါတယ်။ ဒေါ်နယ်ထရမ့်က "အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေက ယခုသီတင်းပတ်အတွင်း တည့်တိုးဖြစ်လာနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုတွေအပေါ် မျှော်လင့်ချက်ရှိတယ်လို့လည်း ဒေါ်နယ်ထရမ့်ရဲ့အရှေ့အလယ်ပိုင်းသံတမန် စတိဗ်ဝစ်အော့ဖ်ကပြောကြားခဲ့ပါတယ်။
(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ ဟားမတ်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမတ်စစ်ပွဲပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးနဲ့ဟားမတ်လက်နက်ကိုင်အဖွဲ့တို့ဟာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း (၂၀၂၃)ခုနှစ် နိုဝင်ဘာလနဲ့ (၂၀၂၅)ခုနှစ်ဇန်နဝါရီလတို့မှာ အပစ်အခတ်ရပ်စဲရေးနှစ်ကြိမ် ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA ၏ ရွှေလုပ်ကွက်များတွင် အသုံးပြုသောသံပိုက်များကို သိန်းထောင်ချီအကုန်အကျခံကာ မန္တလေးမှ လစဉ်တင်ပို့နေ
RELATED POSTS
14 Aug 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Aug 2026 | နိုင်ငံရေး,ပြည်တွင်း
