MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို
ချယ်ရီ (NP News) - ဇူလိုင် ၁၅
MSME လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန‒ ၃၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်)က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်‒၃ ၌ ကျင်းပသည့် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ‒ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ငလျင်ကြီးကြောင့် ရုံးများ၊ လူနေအိမ်အဆောက်အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီး အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ (MSME) ၊ စက်ရုံ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိခဲ့ရပြီးနောက် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကာ (MSME) လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သဘာဝဘေးကြုံတွေ့ရမှုများ
ကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်၍ ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုသီတင်းပတ်အတွင်း ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်ပြော
RELATED POSTS
20 Apr 2026 | စီးပွားရေး,ပြည်တွင်း
19 Apr 2026 | စီးပွားရေး,နိုင်ငံတကာ
18 Apr 2026 | စီးပွားရေး,ပြည်တွင်း
13 Apr 2026 | စီးပွားရေး,နိုင်ငံတကာ
