ဗြိတိန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းပျက်ကျ
Pika (NSS) - ဇူလိုင် ၁၅
Beechcraft B200 ခရီးသည်တင်လေယာဉ်ဟာ London Southend လေဆိပ်ကနေပျံတက်ပြီးနောက် မကြာခင်မှာပဲ ဗြိတိန်နိုင်ငံ Essex ကောင်တီမှာပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဇူလိုင်လ(၁၃)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ လေယာဉ်ပျက်ကျမှုကိုရိုက်ကူးထားနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာတယ်လို့လည်း သိရပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ ပြေးလမ်းတစ်ခုအနီးက လယ်ကွင်းထဲကနေ ကြီးမားတဲ့မီးခိုးလုံးတွေ ကောင်းကင်ပေါ်ကို တက်လာနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေမှာ ကြီးမားတဲ့မီးခိုးလုံးတွေက ကောင်းကင်ကိုတက်လာပြီး ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုကို ပြသခဲ့တယ်လို့လည်းသိရပါတယ်။
ဒါပေမဲ့လည်း လေယာဉ်ပေါ်မှာ လူဘယ်နှစ်ဦးလိုက်ပါလာတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။ Southend လေဆိပ်နဲ့ Essex ရဲတပ်ဖွဲ့တို့က လေယာဉ်ပျက်ကျမှုကို အတည်ပြုခဲ့ပေမယ့် လူအသေအပျောက်စာရင်းကိုတော့ အတည်ပြုနိုင်တာမျိုး မရှိသေးဘူးလို့လည်းသိရပါတယ်။ ရဲတပ်ဖွဲ့က "အရှည်(၁၂)မီတာရှိတဲ့ လေယာဉ်တစ်စင်းပျက်ကျတဲ့ သတင်းပေးပို့ချက်တွေကို ကျွန်တော်တို့ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားရာနေရာမှာ အရေးပေါ်ဝန်ဆောင်မှုတွေအားလုံးနဲ့အတူ အလုပ်လုပ်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။



Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA ထိန်းချုပ်ရာ ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြည်သူများအခက်တွေ့
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
